Fact Check: အင်းစိန်ထောင်ပေါက်ကွဲမှု ဒေါ်အောင်ဆန်းစုကြည်သေဆုံးတဲ့ သတင်းတု

နိုင်ငံရေး | Politics

အင်းစိန်ထောင်ပေါက်ကွဲမှုဖြစ်ပွားပြီး ဒေါ်အောင်ဆန်းစုကြည်သေဆုံးကြောင်း ထောင်မှူးအတည်ပြုတယ်လို့ ရေးသားထားတဲ့ ဗွီဒီယိုပို့စ်တစ်ခု အွန်လိုင်းအသုံးပြုသူတွေအကြား ပျံ့နှံ့မှုအားကောင်းလျှက်ရှိပါတယ်။ သတင်းတုသာဖြစ်တယ်။

အောက်ပါစာသားတွေကတော့ ပျံ့နှံ့မှုအားကောင်းနေတဲ့ ယူကျူ့ဗွီဒီယိုပို့စ်ပါစာသားကောက်နုတ်ချက်ဖြစ်ပါတယ်။ “အင်းစိန်ထောင်ပေါက်ကွဲမှုဖြစ်ပွား အမေစုသေဆုံးကြောင်းထောင်မှူးအတည်ပြု”စသည်ဖြင့် ဗွီဒီယို အဖွင့် ရုပ်ကတ်မှာ ရေးသားထားတာတွေ့ရပါတယ်။ 

မူရင်းလင်ခ့် – Youtube link  | Archive link

အချက်အလက်စိစစ်ချက်

သတင်းလုပ်ငန်းအဓိကလုပ်ကိုင်နေတဲ့ ပြည်တွင်းနဲ့ နိုင်ငံတကာ မီဒီယာတွေမှာ ဒီသတင်းဖော်ပြချက်မျိုးမရှိပါဘူး။ အခုဗွီဒီယိုကို ဖြန့်ဝေနေတဲ့ ယူကျူ့ချန်နယ်ဟာ သတင်းမီဒီယာတွေက ဖော်ပြခဲ့တဲ့ သတင်းတွေကို ပြန်လည်ကူး ယူပြီး နားလည်မှုလွဲစေနိုင်တဲ့ ခေါင်းစဉ်တု ခေါင်းစဉ်မှားတွေ တပ်ကာ ဖြန့်ဝေနေတဲ့ ချန်နယ်တခုဖြစ်တာတွေ့ ရပါတယ်။ 

အခုလို အင်းစိန်‌ထောင် ဗုံးပေါက်မှု ဒေါ်အောင်ဆန်းစုကြည် သေဆုံးတဲ့ သတင်းခေါင်းစဉ်တုတပ် ဗွီဒီယိုပါ အကြောင်းအရာဟာ မြိုင်မြို့နယ်က ပျူစောထီးအားကောင်းတဲ့ ဝက်ပုတ်ရွာ၊ တွင်းမရွာနဲ့ ကန်နီကျေးရွာကို မြိုင်(ပကဖ)နှင့် မဟာမိတ်အဖွဲ့များက တိုက်ခိုက်မှု၊ စစ်ကောင်စီကို ပြင်းပြင်းထန်ထန်ရှုတ်ချဖို့ အာဆီယံကို မလေးရှား တိုက်တွန်းမှု၊  မြင်းခြံမြို့နယ် ဂွေးပင်ရိုးကျေးရွာ စိတ္တသုခကျောင်းတိုက်မှ  ကျောင်းထိုင်ဆရာတော် သေနတ်ဖြင့်ပစ်ခတ်ခံရမှု၊ မြဝတီ လက်ခတ်တောင်တိုက်ပွဲ စတဲ့ သတင်းတွေကို ပြန်လည်မျှဝေနေခြင်းဖြစ်တယ်။

ထို့အပြင် ဒေါ်အောင်ဆန်းစုကြည်ဟာ နေပြည်တော် အချုပ်ထောင်မှာ အကျဉ်းကျခံနေရတာဖြစ်တယ်။

သုံးသပ်ချက်

သတင်းမီဒီယာတွေမှာဖော်ပြခဲ့တဲ့ တိုက်ပွဲ သတင်းအချို့ကို အင်းစိန်‌ထောင် ဗုံးပေါက်မှုမှာ ဒေါ်အောင်ဆန်း စုကြည် သေဆုံးဆိုပြီး သတင်းခေါင်းစဉ်တုတပ်ထားခြင်း ဖြစ်တယ်။ အင်းစိန်‌ထောင် ဗုံးပေါက်မှုမှာ ဒေါ်အောင်ဆန်းစုကြည် သေဆုံးတယ်ဆိုတာ လုပ်ကြံရေးသားထားတဲ့ သတင်းအမှားသာဖြစ်တယ်။

Avatar

Title:Fact Check: အင်းစိန်ထောင်ပေါက်ကွဲမှု ဒေါ်အောင်ဆန်းစုကြည်သေဆုံးတဲ့ သတင်းတု

Written By: Zun Zee 

Result: False


Leave a Reply

Your email address will not be published. Required fields are marked *