
မြန်မာ့နှစ်ကူးသကြန်အကြိုနေ့(၁၃)ရက်နေ့က ရန်ကုန် ဗဟိုမဏ္ဍပ်မှာ ဗုံးပေါက်လို့ ပြည်သူ (၂၀၀ ) သေဆုံးခဲ့ရတယ်လို့ဆိုတဲ သတင်းတု ဗွီဒီယိုပို့စ်တစ်ခုဟာ ယူကျု့ချန်နယ်မှာ ပျံ့နှံ့မှု့အားကောင်း ခဲ့ပါတယ်။
ပျံ့နှံ့နေတဲ့ ဗွီဒီယိုပို့စ်မှာ “ရန်ကုန် ဗဟိုမဏ္ဍပ်ဗုံးပေါက်လို့ ပြည်သူ (၂၀၀ )သေကုန်ပြီ NUG အရေးပေါ်ကြေညာ” ဆိုပြီး ရေးသားထားပြီး “Real News Myanmwr” အမည်နဲ့ ယူကျု့စာမျက်မှာ မျှဝေထားပါတယ်။ အဆိုပါ ယူကျု့စာမျက်နှာကို ဝင်ရောက်ကြည့်ရှု့မှုပေါင်း တစ်ထောင်ကျော် ရှိပါတယ်။

မူရင်းလင်ခ့် – Youtube link | Archive link
အလားတူ တူညီတဲ့ရေးသားဖြန့်ဝေမှုကို ဒီနေရာမှာလည်း တွေ့ရပါတယ်။
အချက်အလက်စိစစ်ချက်
၅ မိနစ်ကျော် ရှည်လျားတဲ့ ဒီဗွီဒီယိုဖိုင်ကို စိစစ်ကြည့်ရာမှာ ဗွီဒီယိုဖိုင်ပါအကြောင်းအရာဟာ ရန်ကုန်ခေတ်သစ်သတင်းဌာနမှဖော်ပြခဲ့တဲ့ “ရန်ကုန်သင်္ကြန်အကြိုနေ့ နံနက်ပိုင်း ရေပက်ခံနှင့် ရေကစား သူမရှိဘဲ ပြည်သူအများစု တိတ်ဆိတ် စွာ နေထိုင်ကြ”၊“သုံးဆယ်မြို့ရှိ ပျူစောထီးများ ဦးဆောင်သည့် လောင်းကစားဝိုင်းကို ဖောက်ခွဲ တိုက်ခိုက်”စသည်ဖြင့် မီဒီယာအချို့မှာဖော်ပြထားတဲ့ သတင်းတွေကို ပြန်လည်ဖတ်ကြား မျှဝေနေခြင်းဖြစ် ပါတယ်။
ရန်ကုန်မှာ အကြိုနေ့က သင်္ကြန်မဏ္ဍပ်မှာ ဗုံးပေါက်ကွဲလို့ ထိခိုက်သေဆုံးမှုရှိတယ်ဆိုတဲ့ သတင်းမျိုးလည်း တစ်စုံတစ်ရာမတွေ့ရပါဘူ။
သုံးသပ်ချက်
အထက်ပါအချက်အလက်အရ “ရန်ကုန် ဗဟိုမဏ္ဍပ်ဗုံးပေါက်လို့ ပြည်သူ (၂၀၀ )သေကုန်ပြီ NUG အရေးပေါ် ကြေညာ”ဆိုတာ သတင်းတုဖြန့်ချိနေခြင်းဖြစ်ပါတယ်။ ဗွီဒီယိုထဲမှာပါတဲ့ သတင်းတွေဟာ ခေတ်သစ်သတင်းဌာန ကဖော်ပြထားတဲ့ သတင်းတွေကို သတင်းခေါင်း စဉ်လွဲနဲ့ ပြန်လည် ဖြန့်ဝေနေခြင်းဖြစ်ပါတယ်။
ပြောဆိုချက်- ရန်ကုန် ဗဟိုမဏ္ဍပ်ဗုံးပေါက် ပြည်သူ (၂၀၀ )သေဆုံး

Title:Fact Check: ရန်ကုန် ဗဟိုမဏ္ဍပ်မှာဗုံးပေါက်လို့ ပြည်သူ ၂၀၀ သေတဲ့ သတင်းတု
Fact Check By: Zun ZeeResult: False