Fact Check: ဗဟိုဘဏ်ဗုံးဖောက်ခံရပြီး ပိုက်ဆံ သန်း ၁၀၀ မီးလောင်သွားတဲ့ သတင်းခေါင်းစဉ်တုတပ်ဗွီဒီယို

False နိုင်ငံရေး | Politics

စစ်ကောင်စီလက်အောက်က မြန်မာနိုင်ငံဗဟိုဘဏ် ဗုံးဖောက်ခံရမှုနဲ့ အတူ လက်ကျန် သန်း(၁၀၀) မီးထဲပါသွား တယ်လို့ဆိုထားတဲ့ ဗွီဒီယိုပို့စ်တခု ဖေ့စ်ဘွတ်အသုံးပြုသူတွေကြား ဖြန့်ဝေထားတာ သတင်းမှား တခုသာ ဖြစ်တယ်။

အောက်ပါစာသားတွေကတော့ ဖြန့်ဝေထားတဲ့ ဖေ့စ်ဘွတ် ဗွီဒီယိုပါစာသားကောက်နုတ်ချက်ဖြစ်ပါတယ်။ 

“ညက ဗဟိုဘဏ် ဗုံးဖောက်ခံရမှုနဲ့ အတူ လက်ကျန် သန်း(၁၀၀) မီးထဲပါသွား”

မူရင်းလင်ခ့် – Fb link | Archive link

အချက်အလက်စိစစ်ချက်

သတင်းလုပ်ငန်းအဓိကလုပ်ကိုင်နေတဲ့  မီဒီယာတွေမှာ ဒီသတင်းဖော်ပြချက်မရှိပါဘူး။  အခုလို ဖြန့်ဝေထားတဲ့ ဖေ့စ်ဘွတ်စာမျက်နှာကို ကြည့်မယ်ဆိုရင် မီဒီယာအချို့မှာဖော်ပြခဲ့တဲ့ သတင်းတွေကို ပြန်လည်ကူးယူဖော်ပြပြီး သတင်းခေါင်းစဉ်လွဲ သို့မဟုတ် လုပ်ကြံရေးသားထားတဲ့ သတင်းခေါင်းစဉ်တွေတပ်ပြီ ပြန်လည်ဖြန့်ဝေ နေတာတွေ့ရပါတယ်။ 

အခု ဗွီဒီယိုထဲမှာ ရန်ကုန်ခေတ်သစ်သတင်းဌာနက ယူကျူ့မှာယနေ့ ဖြန့်ဝေခဲ့တဲ့ “Khit Thit သတင်းဌာန၏ နိုဝင်ဘာ ၂၉ ရက် မနက်ပိုင်း ရုပ်သံသတင်းအစီအစဉ်”ဆိုတဲ့ ဗွီဒီယိုကိုအသုံးပြုပြီး ဗွီဒီယိုကို အသုံးပြုပြီး ဗဟိုဘဏ် ဗုံးဖောက်ခံရပြီး မီးလောင်လို့ ပိုက်ဆံတွေ မီးလောင်သွားတယ်ဆိုတဲ့ စာသားကို ဗွီဒီယိုအစမှာပြသတဲ့ ရုပ်သေဓာတ်ပုံ(thumbnail)ဓာတ်ပုံမှာ အသုံးပြုပြီး ခေါင်းစဉ်တုတပ်ထားခြင်းဖြစ်တယ်။ Khit Thit Media အမည်နဲ့ ယူကျူ့ချန်နယ်က မူလဖော်ပြချက် သတင်းဗွီဒီယိုကို အောက်ပါလင့်ခ်မှာကြည့်ပါ။ 

အခု ၃၇ မိနစ်ကျော်ရှည်လျားတဲ့သတင်းတု ဗွီဒီယိုဟာ မူလ ရန်ကုန်ခေတ်သစ်သတင်းဌာနက ဖော်ပြခဲ့တဲ့ ၇ မိနစ်ကျော်ရှည်လျားတဲ့ ဗွီဒီယိုကိုပဲ ကြိမ်ဖန်များစွာ ပြန်လည်အသုံးပြု ဖြန့်ဝေထားခြင်းဖြစ်တယ်။ မူလဗွီဒီယိုထဲ မှာ ရှမ်းယူနိုက်တက်အသင်းကို ဩစတေးလျက ပြည်ဝင်ခွင့်ပိတ်၊ ကရင်ပြည်နယ်မှာ KNLA နဲ့ PDF တွေရဲ့ ဖုန်းကပြောဆိုချက်တွေကို ကြားဖြတ်ဖမ်းယူအစီရင်ခံ၊ မွန်ပြည်နယ် ချောင်းနှစ်ခွ စခန်းကို စစ်ကူလာတဲ့ BGF နဲ့ စစ်ကောင်စီစစ်ကြောင်း ကြားဖြတ်တိုက်ခိုက်ခံရ၊ ကျောက်မဲမှာ စစ်တပ်က လေယာဉ်နဲ့ ဗုံးကြဲလို့ စက်သုံဆီ အရောင်းနဲ့ ကုန်ကား ၂ စီးမီးလောင်၊ ဟုမ္မလင်း ရွှေပြည်အေးမြို့ကို တော်လှန်ရေးတပ်တွေ တိုက်ခိုက်သိမ်းပိုက်မှု၊ ကလေးမြို့ ရန်ကြီးအောင်စခန်းကို တော်လှန်ရေးတပ်ဖွဲ့တွေ  တိုက်ခိုက်သိမ်းပိုက်မှုမှာ လက်နက်ခဲယမ်းနဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ ဖမ်းဆီးရရှိမှုစတဲ့ သတင်းတွေသာပါဝင်တယ်။

သုံးသပ်ချက်

နိုဝင်ဘာ ၂၉ ရက်နေ့မှာ ရန်ကုန်ခေတ်သစ်သတင်းဌာနက‌ ၎င်းတို့ ယူကျူ့ချန်နယ်မှာဖော်ပြခဲ့တဲ့ မြန်မာနိုင်ငံ တဝှမ်းက တိုက်ပွဲသတင်း၊ ရှမ်းယူနိုက်တက်အသင်း ပြည်ဝင်ခွင့်သတင်းနဲ့ အခြားသော သတင်းတွေပါတဲ့ ဗွီဒီယိုတခုကို အသုံးပြုပြီး ဗဟိုဘဏ်ကို ဗုံးခွဲတိုက်ခိုက်မှုနဲ့ ပိုက်ဆံတွေ မီးလောင်မှုအဖြစ် သတင်း‌ခေါင်းစဉ် တုတပ်ကာ ပြန်ဖော်ပြနေခြင်းဖြစ်တယ်။

ပြောဆိုချက်- မြန်မာနိုင်ငံဗဟိုဘဏ် ဗုံးဖောက်ခံရပြီး ပိုက်ဆံ သန်း ၁၀၀ မီးထဲပါသွား

Avatar

Title:Fact Check: ဗဟိုဘဏ်ဗုံးဖောက်ခံရပြီး ပိုက်ဆံ သန်း ၁၀၀ မီးလောင်သွားတဲ့ သတင်းခေါင်းစဉ်တုတပ်ဗွီဒီယို

Written By: Zun Zee 

Result: False


Leave a Reply

Your email address will not be published. Required fields are marked *