
အဏာသိမ်းစစ်ခေါင်းဆောင် မိသားစုဝင် ၃ ဦးပစ်သတ်ခံရတယ်လို့ဆိုပြီး ယူကျု့အသုံးပြုသူတွေအကြား ဖြန့်ဝေလျက်ရှိရာမှာ ပျံ့နှံ့မှုအားကောင်းလျက်ရှိတယ်။ သတင်းမှားတခုသာဖြစ်တယ်။
ပျံ့နှံ့မှုအားကောင်းနေတဲ့ ယူကျူ့ဗွီဒီယိုပါစာသားကောက်နုတ်ချက်ဖြစ်ပါတယ်။ အလားတူရေးသားမျှဝေမှုကို ဒီနေရာမှာလည်းတွေ့ရပါတယ်။
“မင်းအောင်လှိုင် မိသားစု(၃)ဦးပစ်သတ်ခံရ အခုပဲ ရန်ကုန်ခေတ်သစ်အတည်ပြုကြေညာပြီ”

မူရင်းလင်ခ့် – Fb link | Archive link
အချက်အလက်စိစစ်ချက်
“Share Local Media” ယူကျု့ချန်နယ်တွေကို ကြည့်မယ်ဆိုရင် သတင်းမီဒီယာအချို့က ဖော်ပြခဲ့တဲ့ သတင်းတွေ ကို ပြန်လည်ကူးယူဖြန့်ချိလေ့ရှိတာတွေ့ရပါတယ်။ ဒီလို ဖြန့်ချိရာမှာ လူစိတ်ဝင်စားမှုရအောင် ခေါင်းစဉ်တု သို့မဟုတ် နားလည်မှုလွဲစေနိုင်တဲ့ ချဲ့ကားရေးသားချက် တွေ အသုံးပြုပြီး ဖြန့်ချိနေတဲ့ နေရာတွေဖြစ်တာ တွေ့ရပါတယ်။
အခုလည်း ဗွီဒီယိုပါအကြောင်းအရာဟာ “နိုဝင်ဘာ ၂၇ ရက်နေ့မှာ တစ်နိုင်ငံလုံး စစ်ဆင်ရေး စမယ်လို့ မြောက်ပိုင်းသုံးဖွဲ့ ကြေညာ”၊ “အင်ဒိုနီးရှားတွင် NUG အနေဖြင့် စစ်ကောင်စီ၏ ကိုယ်စားလှယ်နှင့် တွေ့ဆုံညှိနှိုင်းခဲ့ခြင်း မရှိကြောင်း NUG သမ္မတရုံးပြောကြားချက်”၊ “မူဆယ်မှာ ကုန်တင်ယာဉ်တန်း မီးလောင်ခဲ့အပြီး နယ်စပ်မှာ စစ်ရေးလေ့ကျင့်ဖို့ တရုတ်စီစဉ်”၊ “မြန်မာနိုင်ငံမြောက်ပိုင်းရှိ သူ့နိုင်ငံသားတွေ ချက်ချင်း ထွက်ခွာဖို့ တရုတ်သံရုံး သတိပေး”နဲ့ “ငါန်းဇွန်မြို့နယ်မှာ လူ ရှစ်ဦး သတ်ဖြတ်ခံရ”ဆိုတဲ့ သတင်းတွေကို ပြန်လည်မျှဝေနေခြင်းဖြစ်တယ်။

မူရင်းလင်ခ့် – RFA Burmese | Archive link
သုံးသပ်ချက်
ရန်ကုန်ခေတ်သစ်၊ လူထုနွေဦးနဲ့ ဧရာဝတီတိုင်မ်း၊ လွတ်လပ်တဲ့အာရှအသံစတဲ့ သတင်းမီဒီယာအချို့မှာဖော်ပြခဲ့တဲ့ နိုင်ငံရေး၊စစ်ရေးသတင်းတွေကို ကူးယူပြီး ခေါင်းစဉ်တုတပ်ကာပြန်လည်မျှဝေနေခြင်းဖြစ်ပါတယ်။ ငါန်းဇွန်မြို့နယ် မှာ လူ ရှစ်ဦး သတ်ဖြတ်ခံရမှုသတင်းကို ပုံမှားရိုက်ပြီး စစ်ခေါင်းဆောင် မိသားစု အသတ်ခံရတယ်လို့ ဖြန့်ချိထားခြင်းဖြစ်တယ်။
ပြောဆိုချက်- စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် မိသားစုဝင် ၃ ဦးအသတ်ခံရ

Title:Fact Check: အာဏာသိမ်းစစ်ခေါင်းဆောင် မိသားစုပစ်သတ်ခံရမှုသတင်းတု
Written By: Zun ZeeResult: False