
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ(နစက) အစိုးရကို ဖျက်သိမ်းလိုက်ကြောင်း စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကြေညာဆိုတဲ့ ပို့စ်တစ်ခု အွန်လိုင်းအသုံးပြုသူတွေအကြား ပျံ့နှံ့မှုအားကောင်းလျှက်ရှိပါတယ်။ သတင်းမှားဖြစ်ပါတယ်။
အောက်ပါစာသားတွေကတော့ ပျံ့နှံ့မှုအားကောင်းနေတဲ့ ပို့စ်ပါစာသားကောက်နုတ်ချက်ဖြစ်ပါတယ်။ “(၂၂)ရက်နေ့ အထူးသတင်း နကစအစိုးရ ဖျက်သိမ်းလိုက်ကြောင်း မင်းအောင်လှိုင် ရှုံးမဲမဲနဲ့ ကြေညာပြီ” လို့ဆိုပြီး “Share Local Media” အမည်နဲ့ယူကျု့ချန်နယ်ကနေ ရေးသားဖြန့်ဝေခဲ့တာတွေ့ရပါတယ်။ အလားတူ တူညီတဲ့ ဗွီဒီယိုပို့စ်ကို ဒီနေရာမှာလည်းတွေ့ရပါတယ်။

မူရင်းလင်ခ့် – Youtube link | Archive link
သတင်းခေါင်းစဉ်မှာ တပ်ထားသလို နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ (နကစ) အစိုးရကို ဖျက်သိမ်းလိုက် ကြောင်း မင်းအောင်လှိုင်ကြေညာဆိုတဲ့ အကြောင်းကို သတင်းလုပ်ငန်းလုပ်ကိုင်နေတဲ့ သတင်းဌာနတွေက ဖော်ပြချက်ကို မတွေ့ရှိရပါဘူး။ ဗွီဒီယိုထဲမှာလည်း ဒီအကြောင်းအရာမပါဝင်ပါဘူး။
ဗွီဒီယိုထဲမှာပါဝင်တဲ့ သတင်းအကြောင်းအရာတွေက မဇ္စျိမသတင်းဌာနက ဖော်ပြထားတဲ့ မြန်မာစစ်အုပ်စုနဲ့ ရုရှားတို့ ဦးဆောင်ကျင်းပမယ့် အကြမ်းဖက်မှု တိုက်ဖျက်ရေးဆိုင်ရာ စစ်ရေးလေ့ကျင့်မှုကို ချက်ချင်းဖျက်သိမ်းဖို့ Justice For Myanmar တောင်းဆိုဆိုတဲ့သတင်း၊ လူထုနွေဦးသတင်းကဖော်ပြထားတဲ့ဆောနယ်တွင် PDF ပူးပေါင်းတပ်၏ တိုက်ခိုက်မှုကြောင့် စစ်ကောင်စီတပ် ၁၅ဦးထက်မနည်းသေဟု ဒေသခံပြော စတဲ့သတင်းတွေကို ပြန်လည်ဖတ်ကြားနေတာဖြစ်ပါတယ်။

၂၀၂၀ အထွေထွေရွေးကောက်ပွဲမှာ သောင်ပြိုကမ်းပြိုအနိုင်ရ NLD အရပ်သားအစိုးရဆီက ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်မှာ အာဏာသိမ်းပြီးနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ(နကစ)အမည်နဲ့ အုပ်ချုပ်ရေးအဖွဲ့ကို ဖေဖော်ဝါရီ ၂ မှာအသစ်ဖွဲ့စည်းခဲ့ရာပြီး တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ဦးဆောင်ပါတယ်။ ဒီအဖွဲ့ကို လွတ်လပ်တဲ့ မီဒီယာတွေနဲ့ အာဏာသိမ်းဆန့်ကျင်ရေးအင်အားစုတွေကတော့ စစ်ကောင်စီ သို့မဟုတ် စကစ လို့သာသုံးနှုန်းပါတယ်။
သုံးသပ်ချက်
ဒီဗွီဒီယိုပါ အကြောင်းအရာတွေဟာ သတင်းမီဒီယာတွေကဖော်ပြခဲ့တဲ့ သတင်းတွေကို ပြန်လည်ကူးယူပြီး ခေါင်းစဉ်တု ခေါင်းစဉ်မှားတပ်ပြီး ပြန်လည်ဖြန့်ချိနေတာဖြစ်ပါတယ်။ နကစ အစိုးရကို ဖျက်သိမ်းလိုက်တယ် ဆိုတာ မဟုတ်ပါဘူး။
ပြောဆိုချက်- နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ(န.စ.က)အစိုးရကို ဖျက်သိမ်းလိုက်တယ်

Title:Fact Check: နစကအစိုးရဖျက်သိမ်းလိုက်ကြောင်း မင်းအောင်လှိုင်ကြေညာတဲ့ သတင်းတု
Written By: Zun ZeeResult: False