Fact Check: ဒေါ်အောင်ဆန်းစုကြည်နဲ့ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် တွေ့ဆုံဆွေး နွေးမှုသတင်းတု

False နိုင်ငံရေး | Politics

C:\Users\User\Downloads\screenshot-archive.ph-2023.08.17-12_02_18.png

ဒေါ်အောင်ဆန်းစုကြည်နဲ့ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်တို့ တွေ့ဆုံပြီး ဆွေးနွေးမှုလုပ်နေတယ်ဆိုတဲ့ သတင်းတု ပို့စ်တစ်ခု ယူကျူ့ချန်နယ်တခုက ဖြန့်ဝေထားရာမှာ ပျံ့နှံ့မှုအားကောင်းလျှက်ရှိပါတယ်။

အောက်ပါစခရင်ရှော့ကတော့ ပျံ့နှံ့မှုအားကောင်းနေတဲ့ ယူကျူ့ ဗွီဒီယိုရဲ့ စာသားကောက်နုတ်ချက်ဖြစ်ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်နဲ့ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်တို့ တွေ့ဆုံမှု ဓာတ်ပုံနဲ့အတူ  ၁၃ ရက်နေ့မှာ  ဆွေနွေးမှု စတင်ပြီလို့ ရေးသားထားသလို တပ်မတော်ကို နိုင်ငံရေးစွန့်ဖို့ ဒေါ်စုတည့်ပြောလို့လည်း ရေးသားထားပါတယ်။ ဒီဗွီဒီယိုကို ကြည့်ရှု့မှု နှစ်သောင်းဝန်းကျင်ရှိပါတယ်။ အလားတူရေးသားမျှဝေမှုကို ဒီနေရာမှာလည်း တွေ့ရပါတယ်။

မူရင်းလင်ခ့် – Youtube link | Archive link

အချက်အလက်စိစစ်ချက်

သတင်းလုပ်ငန်းအဓိကလုပ်ကိုင်နေတဲ့ ပြည်တွင်း မီဒီယာတွေမှာ ဒီသတင်းဖော်ပြချက်မျိုးမရှိပါဘူး။ အခု ဒေါ်အောင်ဆန်းစုကြည်နဲ့ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်တို့ တွေ့ဆုံဆွေးနွေးတယ်လို့ဆိုထားတဲ့ ဒီ‌ဗွီဒီယိုထဲ မှာလည်း သူတို့ ၂ ယောက်တွေ့ဆုံဆွေးနွေးမှုအကြောင်းမပါပါဘူး။ တကယ်တမ်းမှာ ဧရာဝတီတိုင်းမ်သတင်းဌာန က ဖော်ပြခဲ့တဲ့ ဘာသာပြန်အတွေးအမြင်ဆောင်းပါးတပုဒ်ဖြစ်တဲ့ “စစ်ကောင်စီက ဘာကြောင့် ဒေါ်အောင်ဆန်း စုကြည်ကို အနိုင်မယူနိုင်သလဲ”ဆိုတဲ့ ဆောင်းပါးကို ဖတ်ကြားနေခြင်းသာဖြစ်တယ်။

South China Morning Post မှာ ဖော်ပြထားတဲ့ ဆောင်းပါးရှင် Nicholas Farrelly နဲ့ Adam Simpson တို့ရဲ့ Why Myanmar’s brutal military junta can never defeat Aung San Suu Kyi ကို ဆီလျော်အောင် ဘာသာပြန်ဆိုထားတာတဲ့ ဒီမူရင်း ဧရာဝတီတိုင်းမ်သတင်းဌာနက ဖော်ပြချက်မှာ ၂၀၂၁ ခုနှစ် စစ်အာဏာသိမ်း မှုကြောင့် ဖြစ်ပေါ်လာတဲ့ လက်နက်ကိုင်တော်လှန်ရေးဟာ ဒေါ်အောင်ဆန်း စုကြည်နဲ့ သမ္မတ ဦးဝင်းမြင့်တို့ကို ပြစ်ဒဏ်လျော့ပေါ့ပေးရုံမျှနဲ့ ပြီးဆုံးသွားမှာမဟုတ်ကြောင်း၊ အကျဉ်းသားအချို့လွှတ်ပေးတာဟာလည်း အာဏာသိမ်း စစ်တပ်က သဘောထားပြောင်းသွားပြီလို့လည်း ယူဆလို့ရတဲ့အရာမဟုတ်ကြောင်း ရေးသား ထားတာဖြစ်တယ်။ စစ်အာဏာသိမ်းလို့ မငြိမ်မသက်မှုတွေဖြစ်ရတာကို အကြောင်းပြုပြီး မြန်မာ စစ်ခေါင်း ဆောင်က စတုတ္ထအကြိမ် အရေးပေါ်ကာသ သက်တမ်းတိုးမြှင့်ခဲ့ကြောင်းနဲ့ ဒီလိုမငြိမ်မသက်မှုကြောင့် သက်တမ်းတိုးရတယ်၊ ရွေးကောက်ပွဲ မကျင်းပနိုင်ဘူး လို့ အကြောင်းပြပေမဲ့ စစ်ကောင်စီထိန်းချုပ်နယ်မြေက တစတစလျော့နည်းလာနေတဲ့အကြောင်းနဲ့ လူထုက ဒီလိုမျိုး ကတိမတည်တာကြောင့် စစ်ကောင်စ ီအပေါ်ယုံကြည်မှု ပိုမိုလျော့ကျ လာနေကြောင်းနဲ့ တော်လှန်ရေးလူငယ်တွေဟာ အဆုံးသတ်တိုက်ပွဲအဖြစ် နားလည်ထားတာကြောင့် နောက်ပြန်ဆုတ်စရာအကြောင်းမရှိကြောင်း စသည်ဖြင့် ရေးသားထားတာဖြစ်တယ်။ 

သုံးသပ်ချက်

ဒေါ်အောင်ဆန်းစုကြည်နဲ့ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်တို့ တွေ့ဆုံပြီး ဆွေးနွေးမှုလုပ်နေတယ်ဆိုတဲ့ အထောက်အထားမရှိသလို စစ်တပ်က ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ အစိုးရကို အာဏာပြန်လွှဲတာမျိုး လုပ်မယ့် အခြေအနေမျိုးလည်းမရှိပါဘူး။ နားလည်မှုလွဲစေနိုင်တဲ့ သတင်းခေါင်းစဉ်တုတပ်ထားခြင်းသာဖြစ်တယ်။ 

ပြောဆိုချက်- ဩဂုတ် ၁၃ ရက်က ဒေါ်အောင်ဆန်းစုကြည်နဲ့ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်တို့ တွေ့ဆုံ ဆွေးနွေးမှုပြုလုပ်

Avatar

Title:Fact Check: ဒေါ်အောင်ဆန်းစုကြည်နဲ့ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် တွေ့ဆုံဆွေး နွေးမှုသတင်းတု

Written By: နေရာမောင် 

Result: False


Leave a Reply

Your email address will not be published. Required fields are marked *