Fact Check: ဒေါ်အောင်ဆန်းစုကြည်နဲ့ သမ္မတဦးဝင်းမြင့် ပြန်လည်လွှတ်မြောက်လာတဲ့ သတင်းမှား

False နိုင်ငံရေး | Politics

ဒေါ်အောင်ဆန်းစုကြည်နဲ့ သမ္မတဦးဝင်းမြင့် ပြန်လည်လွှတ်မြောက်လာတဲ့ သတင်းမှားပို့စ်တွေ အခုရက်ပိုင်း ဖေ့စ်ဘွတ်နဲ့ ယူကျူ့ချန်နယ်တွေမှာ ပျံ့နှံ့မှုအားကောင်းလျှက်ရှိပါတယ်။ ‌

အောက်ပါစာသားတွေကတော့ ပျံ့နှံ့မှုအားကောင်းနေတဲ့ ပို့စ်ပါစာသားကောက်နုတ်ချက်ဖြစ်ပါတယ်။ 

“August 1, 2023 ဒေါ်စုနဲ့သမ္မတလွတ်ပြီးငြိမ်းချမ်းရေးယူပြီ”

မူရင်းလင်ခ့် – Youtube link | Archive link

အလားတူ ရေးသားမျှဝေမှုကို ဒီနေရာဒီနေရာနဲ့ဒီနေရာမှာလည်း တွေ့ပါတယ်။

အချက်အလက်စိစစ်ချက်

တကယ်တော့ သမ္မတဦးဝင်းမြင့်နဲ့ ဒေါ်အောင်ဆန်းစုကြည် ပြန်လည်လွတ်မြောက်ပြီဆိုတဲ့အကြောင်းအရာအဟာ မကြာခဏဖြန့်ဝေနေတဲ့ သတင်းမှားအကြောင်းအရာ သာဖြစ်တယ်။ Fact Crescendo Myanmar အနေနဲ့ အချက်အလက်စိစစ်ထားတာတွေကို ဒီလင့်ခ်၊ ဒီလင့်ခ်နဲ့ ဒီလင့်ခ်တွေမှာ ကြည့်ပါ။

အခုတကြိမ်မှာတော့ အာဏာသိမ်းအပြီး စစ်တပ်က ဒေါ်အောင်ဆန်းစုကြည်နဲ့ သမ္မတဦးဝင်းမြင့်တို့အပေါ်  စွပ်စွဲ ချမှတ်ထားတဲ့ ပြစ်ဒဏ်အချို့ကို လျော့ပေးခဲ့တဲ့ သတင်းနဲ့အတူအခုလို သမ္မတဦးဝင်းမြင့်နဲ့ ဒေါ်အောင်ဆန်း စုကြည် လွတ်လာပြီဆိုပြီးတော့ သတင်းခေါင်းစဉ်တုနဲ့ ဖြန့်ချိလာခြင်းဖြစ်တယ်။ 

တကယ်တော့ အခုပြစ်ဒဏ်တွေဟာ ဒေါ်အောင်ဆန်းစုကြည်နဲ့ သမ္မတဦးဝင်းမြင့်တို့ ထောင်ထဲမှာ ကျခံပြီးစီးခါနီး ဖြစ်တဲ့ ပြစ်ဒဏ်တွေကို လျော့ပေးခဲ့တာဖြစ်တယ်။ အောက်ပါလင့်ခ်ကတော့ မြန်မာနောင်းသတင်းဌာနက ဖော်ပြခဲ့ တဲ့ ဒေါ်အောင်ဆန်းစုကြည်နဲ့ သမ္မတဦးဝင်းမြင့်တို့အပေါ် စစ်ကောင်စီက ချမှတ်ထားတဲ့ ပြစ်မှုနဲ့ ထောင်ဒဏ်အရေ အတွက်ဖြစ်တယ်။ ဒေါ်အောင်ဆန်းစုကြည်ဟာ စုစုပေါင်း ထောင်ဒဏ် ၃၅ နှစ် ချမှတ်ခံထားရပြီး သမ္မတ ဦးဝင်းမြင့်ကတော့ ထောင်ဒဏ် ၁၄ နှစ်ချမှတ်ခံထားရပါတယ်။  လက်ရှိအချိန်အထိ ဒေါ်အောင်ဆန်းစုကြည် အတွက် ထောင်ဒဏ် ၈ နှစ်နဲ့ သမ္မတဦးဝင်းမြင့်အတွက် ထောင်ဒဏ် ၄နှစ်သာ လျော့ပေါ့ပေးခဲ့တာဖြစ်တယ်။ 

https://www.facebook.com/myanmarnownews/posts/661623392667076

သုံးသပ်ချက်

သြဂုတ် ၁ ရက်က‌တော့  ဒေါ်အောင်ဆန်းစုကြည်နဲ့ သမ္မတဦးဝင်းမြင့်တို့အပေါ်ချမှတ်ထားတဲ့ ပြစ်ဒဏ်အချို့ကို စစ်ကောင်စီက လျော့ပေါ့ပေးခဲ့တာရှိသလို အကျဉ်းသား အချို့ကို ပြစ်ဒဏ်က လွှတ်ပေးခဲ့တာရှိပါတယ်။ ဒေါ်အောင်ဆန်းစုကြည်နဲ့ သမ္မတဦးဝင်းမြင့် ပြန်လည်လွတ်မြောက်လာပြီဆိုတာမဟုတ်ပါဘူး။

ပြောဆိုချက်- ဒေါ်အောင်ဆန်းစုကြည်နဲ့ သမ္မတဦးဝင်းမြင့် ပြန်လည်လွတ်မြောက်လာပြီ

Avatar

Title:Fact Check: ဒေါ်အောင်ဆန်းစုကြည်နဲ့ သမ္မတဦးဝင်းမြင့် ပြန်လည်လွှတ်မြောက်လာတဲ့ သတင်းမှား

Written By: နေရာမောင် 

Result: False


Leave a Reply

Your email address will not be published. Required fields are marked *