ဒေါ်အောင်ဆန်းစုကြည်နဲ့ သမ္မတဦးဝင်းမြင့်ကို စစ်တပ်က ပြန်လွှတ်ပေမယ်လို့ စစ်တပ်ဘက်က ဝါဒဖြန့် သတင်းထွက် ပေါ်နေလို့ ပြည်သူတွေ နေပြည်တော် အကျဉ်ထောင်မှာ သွာရောက်စောင့်ဆိုင်းခဲ့ကြတယ်လို့ ဆိုထားတဲ့ ဗွီဒီယိုဟာ ယူကျူ့မှာ ပျံ့နှံ့မှုအားကောင်းနေတာတွေ့ရတယ်။ သတင်းတု ဖြစ်တာတွေ့ရတယ်။
ပျံ့နှံ့မှုအားကောင်းနေတဲ့ ပို့စ်က ရယူထားတဲ့ စခရင်ရှော့ဓာတ်ပုံနဲ့ စာသားကောက်နုတ်ချက်ကို အောက်မှာကြည့်ပါ။ အလားတူတဲ့ မျှဝေမှုကို ဒီနေရာမှာလည်း တွေ့ရတယ်။
“လွတ်လပ်ရေးနေ့ ထူးပြီ
ဒေါ်အောင်ဆန်းစုကြည်နဲ့ သမ္မတ ဦးဝင်းမြင့် ကို
ညနေ ၅ နာရီ လွှတ်ပေးမယ့်သတင်းကြောင့် သွားကြိုကြပြီ”

အချက်အလက်စိစစ်ချက်
“The Daily Lens”ယူကျူ့ချန်နယ်ဟာ သတင်းမီဒီယာတချို့မှာဖော်ပြခဲ့တဲ့အကြောင်းအရာတွေကိုလိုအပ်သလို တည်းဖြတ်ပြောဆိုတာ၊ လုပ်ကြံပြောဆိုတာနဲ့ သတင်းခေါင်းစဉ်တုတပ် ဗွီဒီယိုတွေ ဖြန့်ချိတာတွေ ပြုလုပ်ပါတယ်။ ဒီချန်နယ်နဲ့ ပတ်သက်ပြီး အချက်အလက် စိစစ်ချက်ထားတာတွေကို ဒီလင့်ခ်မှာ ကြည့်ပါ။
အခုလည်း ဗွီဒီယိုအစ ရုပ်ကတ်၊ အသံဖိုင်နဲ့ဖတ်ကြားမှုမှာ ဒေါ်အောင်ဆန်းစုကြည်နဲ့ ဦးဝင်းမြင့်ကို စစ်တပ်က လွတ်လပ်ရေးနေ့မှာ ပြန်လွှတ်ပေးမယ်လို့ သတင်းလွှင့်ထားခဲ့ပြီး ပြည်သူတွေက နေပြည်တော် အကျဉ်းထောင်မှာ သွားရောက်စောင့်ဆိုင်ခဲ့ကြတယ်လို့ ဆိုပေမဲ့ ယုံကြည်ရလောက်တဲ့ သတင်းအရင်းအမြစ်တွေမှာ ဒီလိုဖော်ပြချက်မျိုး မတွေ့ရပါဘူး။ ဇန်နဝါရီ ၄ ရက်မှာတော့ စစ်တပ်က ဖမ်းဆီးထိန်းသိမ်းထားတဲ့ အကျဉ်းသားတွေထဲက ၆၀၀၀ ကျော်ကို လွတ်ငြိမ်းသက်သာခွင့်ပြုခဲ့ပါတယ်။
တနင်္ဂနွေ မနက်ပိုင်းက လွတ်လပ် မီဒီယာတွေနဲ့ စစ်တပ်ထိန်းချုပ်ထားတဲ့ မီဒီယာတွေမှာ သတင်းဖော်ပြရာမှာ လည်း ဒေါ်အောင်ဆန်းစုကြည်နဲ့ သမ္မတဦးဝင်းမြင့်တို့ လွတ်လာတဲ့အကြောင်းမပါဝင်ပါဘူး။ ဒီအစား သတင်းလုပ်ငန်းလုပ်ကိုင်နေတဲ့ မီဒီယာတခု နိုင်ကျဉ်းတွေချန်ထားပြီး အကျဉ်းသား ၆၀၀၀ ကျော်ကို စစ်တပ် လွှတ်ပေး ထုံးစံအတိုင်း ခိုးဆိုးလုနှိုက်တွေသာ အဓိကထားလွှတ်ပေတယ်လို့ ဝေဖန်ရေးသားပါတယ်။ ဒီလိုပဲ တခြားသော သတင်းဌာနကတွေကလည်း လွတ်လာတဲ့အထဲမှာ နိုင်ငံရေးအကျဉ်းသားတွေ မပါဝင်တဲ့အကြောင်း ရေးသားပါတယ်။(ဒီလင့်ခ်နဲ့ ဒီလင့်ခ်တွေမှာကြည့်ပါ။)
သုံးသပ်ချက်
ဗွီဒီယိုကို လုပ်ကြံရေးသားပြောဆိုမှုတွေနဲ့ သတင်းခေါင်းစဉ်တုတပ် ဗွီဒီယိုတွေ ဖြန့်ချိတဲ့ “The Daily Lens” ယူကျူ့ချန်နယ်က ဖြန့်ဝေထားခြင်းဖြစ်တယ်။ ဒေါ်အောင်ဆန်းစုကြည်နဲ့ သမ္မတဦးဝင်းမြင့်ကို စစ်တပ်က ရွေးကောက်ပွဲ ထောက်ခံကြောင်း စကားပြောခိုင်းတယ် ဆိုတဲ့ အထောက်အထား ယုံကြည်ရတဲ့ သတင်းအရင်းအမြစ်တွေမှာ ဖော်ပြချက် မတွေ့ရပါဘူး။ “
ပြောဆိုချက်- ဒေါ်အောင်ဆန်းစုကြည်နဲ့ သမ္မတဦးဝင်းမြင့် လွတ်လပ်ရေနေ့မှာ လွတ်မြောက်လာ
Title:Fact Check: ဒေါ်အောင်ဆန်းစုကြည်နဲ့ သမ္မတဦးဝင်းမြင့်တို့ လွတ်လပ်ရေးနေ့မှာ ပြန်လွတ်လာတဲ့ သတင်းတု
Fact Check By: နေရာမောင်Result: False

