
ဒေါ်အောင်ဆန်းစုကြည်ကို နေပြည်တော် အကျဉ်းထောင်ကနေ အထူးတပ်ဖွဲ့တွေ ကယ်ထုတ်ပြီး ထောင်တခု လုံးကိုဖောက်ခွဲဖျက်ဆီးပစ်လိုက်ပြီလို့ဆိုထားတဲ့ ဗွီဒီယိုတခု ယူကျူ့မှာ ဖြန့်ဝေထားတာဟာ သတင်းတု တခုသာဖြစ်တယ်။
အောက်ပါစခရင်ရှော့ဓာတ်ပုံနဲ့ စာသားကောက်နုတ်ချက်ကတော့ ယူကျူ့ဗွီဒီယိုတခုက ရယူထားခြင်းဖြစ်တယ်။
“အမေစုကို ကယ်ထုတ်လာကြပြီ
နေပြည်တော်အကျဉ်းထောင်ဗုံးခွဲဖျက်ဆီး
အမေစုတို့ကု အထူးတပ်များကကယ်ထုတ်”
မူရင်းလင်ခ့် – Youtube link | Archive link
အချက်အလက်စိစစ်ချက်
သတင်းလုပ်ငန်း အဓိကလုပ်ကိုင်နေတဲ့ မီဒီယာတွေမှာ ဒီသတင်းဖော်ပြချက်မရှိပါဘူး။ ဗွီဒီယိုကို ဖြန့်ဝေထားတဲ့ “Khit Thit Television”အမည်နဲ့ ယူကျူ့ချန်နယ်ဟာ သတင်းမီဒီယာတချို့မှာဖော်ပြခဲ့ပြီးဖြစ်တဲ သတင်းတွေကို ပြန်လည်ကူးယူဖော်ပြရာမှာ လုပ်ကြံသတင်းခေါင်းစဉ် ဒါမှမဟုတ် ချဲ့ကားရေးသားထားတဲ့ သတင်းခေါင်း စဉ်တပ်ပြီးဖော်ပြပါတယ်။ ဒီယူကျူ့ချန်နဲ့ပတ်သက်ပြီး Fact Crescendo Myanmar က အချက်အလက်စိစစ် ဖော်ပြခဲ့ပြီးဖြစ်ပါတယ်။ ဒီလင့်ခ်မှာကြည့်ပါ။
အခုလည်း ဗွီဒီယိုထဲမှာ အသံနဲ့ ဖော်ပြနေတဲ့အကြောင်းအရာဟာ ရန်ကုန်ခေတ်သစ်သတင်းဌာနမှာ ဇွန် ၂၇ ရက်ကဖော်ပြခဲ့တဲ့ “ကျပ်ပြင်ရဲစခန်းကို တော်လှန်ရေးတပ်များက သိမ်းပိုက်လိုက်ပြီး ရဲစခန်း မီးလောင်နေ”၊ စျေးဝယ်ထွက်လာတဲ့ စစ်သားတွေကို တိုက်ခိုက်မှုသတင်း၊ မုံရွာသံဃာတော်များကလည်း ကံဆောင်သပိတ်တွင် ပါဝင်လာ၊ ပဲခူး ဝင်းနိမ္မိတာရုံ စျာပနဆရာတော် ဈာပန ရဟန်ရှင်လူထောင်သောင်းချီလိုက်ပါ ပို့ဆောင်စတဲ့ သတင်းတွေကို ဖော်ပြထားတယ်။
ဒီအပြင် သေနတ်သမား ၂ ဦးက ဒေါ်အောင်ဆန်းစုကြည်ကို ကယ်ထုတ်လာတယ်ဆိုတဲ့ ဓာတ်ပုံဟာလည်း ပြုပြင်ပြောင်းလဲထားတဲ့ ဓာတ်ပုံတပုံဖြစ်တာတွေ့ရပါတယ်။ Google မှာ ပုံရှာနည်းအသုံးပြုရှာဖွေရာမှာ မူလ ဓာတ်ပုံဟာ ၂၀၂၀ ခုနှစ် ဖေဖော်ဝါရီ ၉ ရက်က ထိုင်းနိုင်ငံက Terminal ကုန်တိုက်အတွင်း ပစ်ခတ်မှုဖြစ်စဉ်မှာ ပိတ်မိနေတဲ့ ကျောင်းသားတွေကို လုံခြုံရေးတပ်ဖွဲ့ဝင်တွေက ကယ်ထုတ်လာစဉ်က ဓာတ်ပုံဖြစ်တယ်။
သုံးသပ်ချက်
ဒေါ်အောင်ဆန်းစုကြည်ကို နေပြည်တော် အကျဉ်းထောင်ကနေ အထူးတပ်ဖွဲ့တွေ ကယ်ထုတ်ပြီး ထောင်တခုလုံးကိုဖောက်ခွဲဖျက်ဆီးပစ်လိုက်တယ်ဆိုတာ အထောက်အထားမရှိပါဘူး။ “Khit Thit Television”အမည်နဲ့ ယူကျူ့ချန်နယ်ဟာ သတင်းမီဒီယာတချို့မှာဖော်ပြခဲ့ပြီးဖြစ်တဲ သတင်းတွေကို ပြန်လည်ကူးယူဖော်ပြရာမှာ လုပ်ကြံသတင်းခေါင်းစဉ်တပ်ဖြန့်ချိလေ့ရှိတယ်။
ပြောဆိုချက်- ဒေါ်အောင်ဆန်းစုကြည်ကို နေပြည်တော် အကျဉ်းထောင်ကနေ အထူးတပ်ဖွဲ့တွေ ကယ်ထုတ်ပြီး ထောင်တခုလုံးကိုဖောက်ခွဲဖျက်ဆီးပစ်

Title:Fact Check: ဒေါ်အောင်ဆန်းစုကြည်ကို နေပြည်တော်အကျဉ်းထောင်က ကယ်ထုတ် ဆိုတဲ့ သတင်းတု
Fact Check By: Zun ZeeResult: False