
စစ်တိုင်းမှူး ၅ဦးနဲ့ တပ်သား ၂၇၀ကျော် အသင်းအစနမရ ပျောက်ဆုံးနေတယ်လို့ဆိုထားတဲ့ ဗွီဒီယို ပို့စ်တစ်ခု ကိုမျှဝေထားရာမှာ ဒီဗွီဒီယိုကို ပြန်လည်မျှဝေမှုပေါင်း ၂၇၀၀ ကျော်ရှိခဲ့ပြီး ဖေ့စ်ဘွတ်အသုံးပြုသူတွေကို နားလည်မှု လွဲစေနိုင်တာတွေ့ရပါတယ်။ တကယ်တော့ ခေါင်းစဉ်အတုပေးပြီး လူတွေစိတ်ဝင်စားအောင်လုပ်ထားတဲ့ ဗွီဒီယိုတစ်ခုသာဖြစ်ပါတယ်။
“မန္တလေးအိမ်ခြံမြေ ရောင်းဝယ်ငှား” အမည်နဲ့ ဖေ့စ်ဘွတ်စာမျက်နှာက အောက်တိုဘာ ၇ ရက်က အောက်ပါအတိုင်းရေးသား မျှဝေထားတာတွေ့ရပါတယ်။ “စစ်တိုင်းမှူး ၅ဦးနှင့်တပ်သား ၂၇၀ကျော် သတင်းအစနမရပျောက်ဆုံးနေ နေပြည်တော် တပ်တွင်းကယက်ထကုန်ပြီ”လို့ ပို့စ်စာသားနေရာမှာရော ဗွီဒီယိုထဲမှာပါရေးသားထားတာတွေ့ရပါတယ်။

မူရင်းလင်ခ့် – FB link | Archive link
တူညီတဲ့ရေးသားမျှဝေမှုတွေကို ဒီနေရာနဲ့ ဒီနေရာမှာ လည်းတွေ့ရပါတယ်။
အချက်အလက်စိစစ်ချက်
ပို့စ်စာသားနေရာမှာရော ဗွီဒီယိုထဲမှာပါ စစ်တိုင်းမှူး ၅ဦးနဲ့ တပ်သား ၂၇၀ကျော် သတင်းအစနမရပျောက်ဆုံးနေလို့ နေပြည်တော်မှာ ဂယက်ထကုန်တယ်ဆိုပေမဲ့ ဒီသတင်းကို အတည်ပြုနိုင်မယ့်အချက်အလက်မျိုး Fact Crescendo Myanmar နေနဲ့ ရှာမတွေ့ပါဘူး။ ၁၅ မိနစ်ကျော်ရှည်လျားတဲ့ ဗွီဒီယိုပါအသံဖိုင်မှာလည်း စစ်တိုင်းမှူးတွေ၊ စစ်သားတွေ ထွက်ပြေးတာ၊ပျောက်ဆုံးတာနဲ့ပတ်သက်တဲ့ အချက်အလက်မျိုးမပါဝင်ပါဘူး။
ဗွီဒီယိုထဲကအသံဖိုင်တစ်ခုလုံးဟာ အသစ်ရောက်လာတဲ့ လူက လာဘ်မစားဘူး၊ ရိုးသားတယ်ဆိုရင် စစ်သားနဲ့ ရဲတွေဟာ ဒီလို လာဘ်မစားတဲ့သူကို ချောက်တွန်းနေတဲ့အနေနဲ့ PDF တွေကို သတင်းပေးပြီး သတ်ခိုင်းလေ့ရှိတဲ့ အကြောင်း၊ နောက်တစ်ခုကတော့ လွိုင်ကော်လေဆိပ်အဆင်းမှာ PDF တွေကလေယာဉ်ကို ပစ်တယ်ဆိုတဲ့ စွပ်စွဲချက်၊ အထက်အရာရှိတွေကို လာဘ်မစားရင် စစ်တပ်နဲ့ ရဲတပ်ဖွဲ့အတွင်းက ပိုက်ဆံယူ သတင်းပေးနေ တဲ့အကြောင်း၊ ဖရဲသီးတွေကို ပြင်းပြင်ထန်ထန်ရေးယူတဲ့အနေနဲ့ သေဒဏ်ပေးဖို့လိုကြောင်းစသည်ဖြင့် အမျိုးသမီး တစ်ယောက်ရဲ့ ဖေ့စ်ဘွတ်မှာ live လွှင့် ပြောဆိုချက်သာပါဝင်ပါတယ်။
သုံးသပ်ချက်
လူမှုကွန်ယက်မှာပျံ့နှံ့ခဲ့ပြီးအကြောင်းအရာတွေကို ကူးယူပြီး လူတွေစိတ်ဝင်စားဖွယ်ဖြစ်အောင် ခေါင်းစဉ်တု ခေါင်းစဉ်မှားတွေပေးပြီး လူကြည့်မှုနှုန်းများအောင်လုယူပြီး ဖေ့စ်ဘွတ်နဲ့ ယူကျူ့မှာ ဝင်ငွေရှာနေတဲ့အဖွဲ့တွေက ထင်ယောင်ထင်မှားဖြစ်ဖွယ်ဖြန့်ဝေနေခြင်းဖြစ်ပါတယ်။ ခေါင်းစဉ်နဲ့ ဗွီဒီယိုပါအကြောင်းအရာဟာ မသက်ဆိုင် သလို စစ်တိုင်းမှူး ၅ဦးနှင့်တပ်သား ၂၇၀ကျော်ပျောက်ဆုံးနေတယ်ဆိုတဲ့ အထောက်အထားမျိုးလည်း မတွေ့ရပါဘူး။

Title:Fact Check: စစ်တိုင်းမှူး ၅ဦးနဲ့ တပ်သား ၂၇၀ကျော်ပျောက်ဆုံးနေဆိုတဲ့ သတင်း ခေါင်းစဉ်အတု
Fact Check By: နေရာမောင်Result: False