Fact Check: စစ်ခေါင်းဆောင် တရုတ်ရောက်နေချိန် စစ်အာဏာရှင်ဟောင်း ဦးသန်းရွှေ ဒေါ်အောင်ဆန်းစုကြည်နဲ့တွေ့ဆုံတဲ့ သတင်းတု

False နိုင်ငံရေး | Politics

စစ်ခေါင်းဆောင် တရုတ်ရောက်နေချိန် စစ်အာဏာရှင်ဟောင်း ဦးသန်းရွှေ ဒေါ်အောင်ဆန်းစုကြည်နဲ့တွေ့ဆုံမှုလို့ ဆိုထားတဲ့ ဗွီဒီယိုပို့စ် ယူကျူ့အသုံးပြုသူတွေအကြား ပျံ့နှံ့မှုအားကောင်းလျက်ရှိတယ်။ သတင်းမှား ဖြန့်ဝေနေခြင်းဖြစ် တာတွေ့ရတယ်။ 

နိုဝင်ဘာ ၇ ရက်မှာ စတင်ဖြန့်ဝေခဲ့တဲ့ ဒီဗွီဒီယိုဟာ ၂ ရက်အတွင်း ကြည့်ရှု့မှုပေါင်း ၁ ဒဿမ ၂ သိန်း ကျော်ရရှိထားတယ်။ ပျံ့နှံ့မှုအားကောင်းနေတဲ့ ယူကျူ့ဗွီဒီယိုစခရင်ရှော့နဲ့ ဗွီဒီယိုထဲပါ စာသားကောက်နုတ်ကို အောက်မှာ ကြည့်ပါ။ 

“မင်းအောင်လှိုင် တရုတ်ပြည်ရောက်နေချိန်

အာဏာရှင်ဟောင်းဦးသန်းရွှေနဲ့ အမေစု တွေ့ပြီ

အာမခံချက်နဲ့ လွှတ်ပေးလိုက်ပြီ/ထူးပြီဟေ့”

C:\Users\User\Downloads\Untitled၁.jpg

မူရင်းလင်ခ့် – Youtube link | Archive link

အချက်အလက်စိစစ်ချက်

ဒေါ်အောင်ဆန်းစုကြည်ကို လွှတ်ပေးတဲ့ သတင်းဖြစ်စေ၊ ဒေါ်အောင်ဆန်းစုကြည်နဲ့ စစ်အာဏာရှင်ဟောင်း ဗိုလ်ချုပ်မှူးကြီး သန်းရွှေနဲ့ တွေ့ဆုံတဲ့ သတင်းဖြစ်စေ စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တရုတ်ကို သွားရောက်တဲ့ ရက်အတွင်းမှာ မီဒီယာတွေမှာ‌ဖော်ပြချက်မရှိပါဘူး။

ဓာတ်ပုံထဲမှာ အရင်စစ်အာဏာရှင်ဟောင်းနဲ့ ဒေါ်အောင်ဆန်းစုကြည်တို့ လက်ဆွဲနှုတ်ဆက်နေတဲ့ ဓာတ်ပုံဟာလည်း ၂၀၀၃ ခုနှစ်က ထောင်ကနေပြန်လည်လွတ်မြောက်လာအပြီးမှာ တွေ့ဆုံမှုတွေထဲက ဓာတ်ပုံသာဖြစ်တယ်။

C:\Users\User\Downloads\Untitled၂.jpg

ဒီအပြင် ဗွီဒီယိုထဲမှာ အသံဖိုင်နဲ့ ဖတ်ကြားရာမှာလည်း လက်ရှိအာဏာသိမ်းစစ်ခေါင်းဆောင် တရုတ်ကို ရောက်ရှိနေချိန် အရင်အာဏာရှင်ဟောင်း ဦးသန်းရွှေက ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံခဲ့တယ်ဆိုပြီးတော့ ထပ်မံ‌ဖော်ပြခဲ့ပါတယ်။ ဒါပေမဲ့ အထက်မှာပြောခဲ့သလို ဒီရက်ပိုင်းအတွင်းမှာ ဦးသန်းရွှေနဲ့ ဒေါ်အောင်ဆန်းစုကြည် တွေ့ဆုံမှု သတင်းကို ‌သတင်းလုပ်ငန်းလုပ်ကိုင်နေတဲ့ မီဒီယာတွေမှာဖော်ပြချက်မရှိပါဘူး။

သုံးသပ်ချက်

“Local Celegram” အမည်နဲ့ ယူကျူ့ချန်နယ်ဟာ သတင်းတုတွေ ဖြန့်ချိတဲ့ နေရာတခုသာဖြစ်တာတွေ့ရပြီး စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် တရုတ်ကို သွားရောက်စဉ်အတွင်းမှာ စစ်အာဏာရှင်ဟောင်း ဦးသန်းရွှေနဲ့ ‌ဒေါ်အောင်ဆန်းစုကြည် တွေ့ဆုံမှုဆိုတာ တကယ်မဟုတ်ပါဘူး။ ဒီသတင်းကို ယုံကြည်ရလောက်တဲ့ သတင်းမီဒီယာတွေမှာလည်း သတင်းဖော်ပြချက်မရှိပါဘူး။

Avatar

Title:Fact Check: စစ်ခေါင်းဆောင် တရုတ်ရောက်နေချိန် စစ်အာဏာရှင်ဟောင်း ဦးသန်းရွှေ ဒေါ်အောင်ဆန်းစုကြည်နဲ့တွေ့ဆုံတဲ့ သတင်းတု

Written By: Zun Zee  

Result: False