Fact Check: စစ်တပ်က နိုင်ငံ ဖျက်ဆီးရာကျဟု သမ္မတဟောင်း ဦးသိန်းစိန် ဝေဖန်ဆိုတဲ့ သတင်းတု

False နိုင်ငံရေး | Politics

စစ်တပ်က နိုင်ငံ ဖျက်ဆီးရာကျဟု သမ္မတဟောင်း ဦးသိန်းစိန်က လက်ရှိစစ်ခေါင်းဆောင်ကို ဝေဖန်မှုဆိုတဲ့ ဗွီဒီယို ပို့စ်တစ်ခု ယူကျူ့မှာ ကြည့်ရှု့သူများလျှက်ရှိပါတယ်။ ဒီလိုဝေဖန်တဲ့အတွက်လည်း စစ်တပ်က ဦးသိန်းစိန်ကို ဖမ်းဆီးဖို့လုပ်နေတယ်လို့ ၈ မိနစ်ကျော်ရှည်လျားတဲ့ ဒီဗွီဒီယိုကို ဖြန့်ဝေရာမှာလည်း ရေးသားထားတယ်။ သတင်းခေါင်းစဉ်တုတပ် ဗွီဒီယိုသာဖြစ်တယ်။

အောက်ပါစရင်ရှော့ကတော့ ပျံ့နှံ့မှုအားကောင်းနေတဲ့ ပို့စ်ပါစာသားကောက်နုတ်ချက်ဖြစ်ပါတယ်။ အလားတူ ရေးသားမျှဝေထားတဲ့ ဗွီဒီယိုကို ဖေ့စ်ဘွတ်ရဲ့ ဒီနေရာမှာလည်း တွေ့ရပါတယ်။

မူရင်းလင်ခ့် – Youtube link  | Archive link

အချက်အလက်စိစစ်ချက်

တကယ်တော့ အခုဖြန့်ဝေနေတဲ့ “7days media”အမည်နဲ့ ယူကျူချန်နယ်ဟာ နားလည်မှုလွဲစေနိုင်တဲ့ သတင်း‌ခေါင်းစဉ်တု သို့မဟုတ် ချဲ့ကားရေးသားထားတဲ့ သတင်းခေါင်းစဉ်တွေ တပ်ပြီး သတင်းမီဒီယာတွေမှာ ‌ဖော်ပြခဲ့တဲ့ သတင်းတွေကို ပြန်လည်ကူးယူ‌ဖော်ပြနေတဲ့ ချန်နယ်တခုဖြစ်တယ်။ အခြားသော သတင်းလုပ်ငန်း အဓိကလုပ်ကိုင်နေတဲ့ မီဒီယာတွေမှာ ဒီသတင်းမတွေ့ရပါဘူး။

ထို့အပြင် ၈ မိနစ်ကျော်ရှည်လျားတဲ့ ဒီဗွီဒီယိုမှာ ခေါင်းစဉ်မှာတပ်ထားသလို စစ်တပ်က နိုင်ငံ ဖျက်ဆီးရာကျဟု သမ္မတဟောင်း ဦးသိန်းစိန်က ဝေဖန်တဲ့အကြောင်းအရာမပါသလို စစ်တပ်က သမ္မတဟောင်း ဦးသိန်းစိန်ကို ဖမ်းဆီးဖို့လုပ်နေတဲ့အကြောင်းလည်း မပါပါဘူး။

တကယ်တော့ ဗွီဒီယိုပါအကြောင်းအရာဟာ Ayeyarwaddy Times သတင်းဌာနဖော်ပြခဲ့တဲ့ စစ်ခေါင်းဆောင်က စစ်ခေါင်းဆောင်ဟောင်းတွေကို မာရဝိဇယဘုရားကို ခေါ်ပြတာဟာ စည်းရုံးခြင်းအပြင် မှားမှားမှန်မှန် ၎င်းတို့အားလုံး ညီညွတ်ကြောင်း ပြသတဲ့သဘောဖြစ်တယ်ဆိုတဲ့ နိုင်ငံရေးလေ့လာသုံးသပ်သူတွေရဲ့ ပြောကြား ချက်သာပါဝင်ပါတယ်။ သူခေါင်းဆောင်တဲ့ ၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းမှုကို နိုင်ငံတဝှမ်းက တော်လှန်ဆန့်ကျင် သူတွေကို သတ်ဖြတ်နှိမ်နှင်းနေချိန်မှာပဲ စစ်ခေါင်ဆောင်းမင်းအောင်လှိုင်က ကမ္ဘာ့မှာရှိတဲ့ ထိုင်တော်မူ ရုပ်ပွား တော်တွေထဲမှာ ဉာဏ်တော်အမြင့်ဆုံးဖြစ်လာမယ့် မာရဝိ ဇယဗုဒ္ဓရုပ်ပွားတော်ကို နေပြည်တော်မှာ တည်နေပြီး ပြီးခဲ့တဲ့ ဇူလိုင် ၁၆ ရက်က စစ်ခေါင်းဆောင် ဟောင်းများအား ခေါ်ယူပြသခဲ့ကြောင်း ဒီသတင်းမှာ ဖော်ပြပါတယ်။  သတင်းဖော်ပြချက် တခုလုံးမှာလည်း စစ်ခေါင်းဆောင်ဟောင်းကနေ သမ္မတဖြစ်လာသူ ဦးသိန်းစိန်က လက်ရှိစစ်ခေါင်းဆောင်ကို ဝေဖန်မှုအအကြောင်းမပါပါဘူး။

နောက်ထပ် ဗွီဒီယိုပါသတင်းတွေကတော့ စစ်ကောင်စီဝင်တွေနဲ့ နိုင်ငံပိုင်စီးပွားရေးလုပ်ငန်းတခုကို  ဥရောပသမဂ္ဂက ပိတ်ဆို့ အရေးယူမှုသတင်းနဲ့ ရေဖြူမြို့နယ် အလယ်စခန်းရွာအနီးတွင် ဖြစ်ပွားသည့် တိုက်ပွဲတွင် စစ်ကောင်စီတပ်သား ၃၅ ဦးသေဆုံးမှုစတဲ့ သတင်းတွေကို ဖော်ပြနေခြင်းဖြစ်တယ်။

သုံးသပ်ချက်

Ayeyarwaddy Times သတင်းဌာနဖော်ပြခဲ့တဲ့ စစ်ခေါင်းဆောင်ဟောင်းတွေကို မာရဝိဇယ ဘုရားကို ခေါ်ပြတာ ဟာ စစ်ခေါင်းဆောင်က သူ့ကို ထောက်ခံဖို့ စည်းရုံးမှုဖြစ်သလို မှန်မှန်မှားမှား အတူရှိနေ တယ်ဆိုတဲ့ အသွင်ယူ ပုံဖော်လိုတာကြောင့်ဖြစ်တယ်ဆိုတဲ့ သတင်းကို ခေါင်းစဉ်တုတပ်ထားတဲ့ ဗွီဒီယိုဖြစ်တယ်။ စစ်တပ်က နိုင်ငံ ဖျက်ဆီးရာကျဟု သမ္မတဟောင်း ဦးသိန်းစိန် ဝေဖန်ချက်မရှိသလို လက်ရှိစစ်‌ခေါင်းဆောင်ကို  သမ္မတ ဟောင်းဦးသိန်းစိန်က ဝေဖန်မှုတစ်စုံတရာလည်းမရှိပါဘူး။

ပြောဆိုချက်- စစ်တပ်က နိုင်ငံ ဖျက်ဆီးရာကျဟု သမ္မတဟောင်း ဦးသိန်းစိန် ဝေဖန်

Avatar

Title:Fact Check: စစ်တပ်က နိုင်ငံ ဖျက်ဆီးရာကျဟု သမ္မတဟောင်း ဦးသိန်းစိန် ဝေဖန်ဆိုတဲ့ သတင်းတု

Written By: နေရာမောင် 

Result: False


Leave a Reply

Your email address will not be published. Required fields are marked *