Fact Check: မြန်မာစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကို ICJ က သေဒဏ်ချမှတ်ဆိုတဲ့ သတင်းတု

False နိုင်ငံရေး | Politics

မြန်မာစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကို ICJ က သေဒဏ်ချမှတ်လိုက်တယ်ဆိုတဲ့ သတင်းတု ဗွီဒီယိုပို့စ်တစ်ခု ဖေ့စ်ဘွတ်အသုံးပြုသူတွေရဲ့အကြားဖြန့်ဝေနေတာဟာ သတင်းတုဖြန့်ချိနေခြင်းဖြစ်ပါတယ်။ “M N”အမည်နဲ့ဖေ့စ်ဘွတ်စာမျက်နှာက မျှဝေထားကို အောက်ပါအတိုင်းတွေ့ရပါတယ်။

မူရင်းလင်ခ့် – Fb linkArchive link

အလားတူ တူညီတဲ့ရေးသားဖြန့်ဝေမှုကို  ဒီနေရာမှာလည်း တွေ့ရပါတယ်။

အချက်အလက်စိစစ်ချက်

အပြည်ပြည်ဆိုင်ရာတရားရုံး(ICJ)က မြန်မာနိုင်ငံကို အပြီးသတ် အမိန့်ချတဲ့အကြောင်းဟာ  မီဒီယာတွေက သတင်းကို ကူးယူပြီး ပြန်လည်ဖြန့်ဝေလေ့ရှိတဲ့ စာမျက်နှာတွေကအသုံးပြုလေ့ရှိတဲ့ သတင်း‌ခေါင်းစဉ်တု တစ်ခု ဖြစ်ပါတယ်။ ၂၀၂၂ ခုနှစ် ဒီဇင်ဘာလထဲမှာလည်း ဒီလိုသတင်းမှားဖြန့်ဝေခဲ့တာကို Fact Crescendo Myanmar က အချက်အလက်စိစစ်ထားတာ ဒီလင့်ခ်မှာကြည့်ပါ။

ICJ တရားရုံးမှာရိုဟင်ဂျာတွေအ‌‌ပေါ် လူမျိုးတုန်းသတ်ဖြတ်မှုမှာ တားဆီးရန် ပျက်ကွက်မှုအတွက် ၂၀၁၉ ခုနှစ် ထဲမှာ ဂမ်ဘီယာနိုင်ငံက မြန်မာနိုင်ငံအ‌ပေါ် တရားစွဲဆိုထားတာဟာ လက်ရှိအချိန်အထိ ကြားနာဆဲဖြစ်ပြီး တစ်စုံတစ်ရာ အပြီးသတ်အမိန့်ချမှတ်ခြင်းမရှိသေးပါဘူး။ နောက်ဆုံးချမှတ်ခဲ့တဲ့ အမိန့်ဟာ ၂၀၂၂ ခုနှစ် ဇူလိုင်မှာ ၂၂ ရက်စွဲနဲ့ မြန်မာနိုင်ငံအပေါ် ဂမ်ဘီယာနိုင်ငံက တရားစွဲဆိုမှုမှာ လက်ခံကြားနာခွင့်ရှိတယ်ဆိုတဲ့ ဆုံးဖြတ်ချက် သာဖြစ်ပါ တယ်။ ဒီလင့်ခ်မှာကြည့်ပါ။

သုံးသပ်ချက်

အစုလိုက်အပြုံလိုက်သတ်ဖြတ်မှုအတွက် ICJ က မြန်မာစစ်ခေါင်းဆောင်ကို သေဒဏ်ချမှတ်တယ်ဆိုတာ မဟုတ်ပါဘူး။ ဂမ်ဘီယာနိုင်ငံက မြန်မာနိုင်ငံပေါ် တရားစွဲဆိုမှုမှာ လူမျိုးတုံးသတ်ဖြတ်မှုအတွက် တားဆီး ရန်ပျက်ကွက်မှုနဲ့ တရားစွဲဆိုခြင်းဖြစ်ပြီး စစ်ခေါင်းဆောင်တစ်ဦးတစ်ယောက်ထဲကို စွပ်စွဲထားတဲ့ အမှုလည်းမဟုတ်ပါဘူး။

ပြောဆိုချက်- အစုလိုက်အပြုံလိုက်သတ်ဖြတ်မှုအတွက် ICJ က ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကို သေဒဏ်ချမှတ်

Avatar

Title:Fact Check: မြန်မာစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကို ICJ က သေဒဏ်ချမှတ်ဆိုတဲ့ သတင်းတု

Fact Check By: နေရာမောင် 

Result: False


Leave a Reply

Your email address will not be published. Required fields are marked *