အင်းစိန်ထောင် မီးရှို့ပြီး ရာဇဝတ်သား ၃၀၀၀ ထွက်ပြေးလွတ်မြောက်သွားတယ်လို့ဆိုထားတဲ့ ဗွီဒီယိုတခု ယူကျူ့မှာ ပျံ့နှံ့ခဲ့တာဟာ သတင်းမှားတခုသာ ဖြစ်တယ်။ —

အောက်ပါစာသားနဲ့ စခရင်ရှော့ကတော့ ဒီလို ဖြန့်ဝေထားတဲ့ ဗွီဒီယိုပို့စ်တခုကို ရယူထားခြင်းဖြစ်တယ်။

“အင်းစိန်ထောင်ကို မီးရှို့ပြီး

ရာဇဝတ်သား ၃၀၀၀ ထွက်ပြေး

တစ်မြို့လုံး အန္တရာယ်ဥဩဆွဲသံတွေ ကြားနေရ”

မူရင်းလင်ခ့် – Youtube link | Archive link

အချက်အလက်စိစစ်ချက်

“Aung VLOG”အမည်နဲ့ ယူကျူ့ချန်နယ်ဟာ အခုလိုပဲ လူစိတ်ဝင်စားမှုများပြားနိုင်တဲ့ အကြောင်းအရာတွေ ကို လုပ်ကြံရေးသားဖြန့်ဝေနေတာတွေ့ရပါတယ်။ အင်းစိန်ထောင် မီးရှို့ပြီး ရာဇဝတ်သား ၃၀၀၀ ထွက်ပြေး လွတ်မြောက်သွားတယ်ဆိုတဲ့သတင်း ယုံကြည်ရလောက်တဲ့ သတင်းအရင်းအမြစ်တွေမှာ ဖော်ပြချက်မရှိပါဘူး။

အခြားသော ဗွီဒီယိုပါအကြောင်းအရာတွေကတော့ ရန်ကုန်ခေတ်သစ်သတင်းဌာနက ဖော်ပြခဲ့တဲ့ “BGF က မြ၀တီမြို့ တစ်၀ိုက်တွင် Online လုပ်ငန်းဆောင်ရွက်နေသော နိုင်ငံ ခြားသားများကို ၆ လအတွင်း ထွက်ခွာရန် အမိန့်ပေးမှု ကျားဖြန့် နှိမ်နင်းရေး မဟုတ်ဘဲ ဟန်ပြဟု နယ်စပ်သတင်းရင်းမြစ်များပြော”၊ “ပျော်ဘွယ်တွင် စစ်တပ် စစ်ကြောင်းထိုးရန် သတင်းများ စုဆောင်းပေးခဲ့သူ ပစ်ခတ်ခံရပြီး သေဆုံး”ဆိုတဲ့ သတင်းတွေကို ဖတ်ကြားနေခြင်းဖြစ်တယ်။

သုံးသပ်ချက်

အင်းစိန်ထောင် မီးရှို့ပြီး ရာဇဝတ်သား ၃၀၀၀ ထွက်ပြေးလွတ်မြောက်သွားတယ်လို့ဆိုထားတဲ့ သတင်းကို ယုံကြည်ရလောက်တဲ့ သတင်းအရင်းအမြစ်တွေကဖော်ပြခြင်းမရှိပါဘူး။ “Aung VLOG”အမည်နဲ့ ယူကျူ့ချန်နယ်ဟာ အခုလိုပဲ လုပ်ကြံသတင်းတွေဖော်ပြလေ့ရှိတယ်။

Avatar

Title:Fact Check: အင်းစိန်ထောင် မီးရှို့ပြီး ရာဇဝတ်သား ၃၀၀၀ ထွက်ပြေးဆိုတဲ့ သတင်းတု

Fact Check By: နေရာမောင်

Result: False