Fact Check: စစ်ခေါင်းဆောင် ICCမှာ အဖမ်းခံရကြောင်း ဗိုလ်ချုပ်ဇော်မင်းထွန်း ဝန်ခံဆိုတဲ့ သတင်းတု

False နိုင်ငံရေး | Politics

မြန်မာစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ICCမှာ အဖမ်းခံရကြောင်း ဗိုလ်ချုပ် ဇော်မင်းထွန်း ဝန်ခံခဲ့တယ်ဆိုတဲ့ သတင်းတုပို့စ်တစ်ခု အွန်လိုင်းမှာ ပျံ့နှံ့မှုအားကောင်းလျှက်ရှိပါတယ်။

အောက်ပါစာသားတွေကတော့ ပျံ့နှံ့မှုအားကောင်းနေတဲ့ ပို့စ်ပါစာသားကောက်နုတ်ချက်ဖြစ်ပါတယ်။ “မင်းအောင်လှိုင် ICCမှာ ဖမ်းခံရကြောင်း ဇော်မင်းထွန်း ဝန်ခံ”

တူညီတဲ့ရေးသားမျှဝေမှုကို ယူကျူ့ရဲ့ ဒီနေရာနဲ့ ဒီနေရာမှာလည်း ရေးသားထားပါတယ်။

မူရင်းလင်ခ့် – Fb link | Archive link

အချက်အလက်စိစစ်ချက်

သတင်းလုပ်ငန်းအဓိကလုပ်ကိုင်နေတဲ့ ပြည်တွင်းနဲ့ နိုင်ငံတကာ မီဒီယာတွေမှာ ဒီသတင်းဖော်ပြချက်မျိုးမရှိပါဘူး။  အခုဖြန့်ဝေနေတဲ့ ဖေ့စ်ဘွတ်နဲ့ ယူကျူ့စာမျက်နှာတွေဟာ သတင်းမီဒီယာတွေမှာဖော်ပြခဲ့ ပျံ့နှံ့ခဲ့ပြီးဖြစ်တဲ့ သတင်းတွေကို ခေါင်းစဉ်တုတပ်ပြီး ပြန်လည်ဖော်ပြနေတဲ့ စာမျက်နှာတွေဖြစ်တယ်။

အခုလည်း ဗွီဒီယိုအစမှာ စစ်ခေါင်းဆောင်ကို ICC ကဖမ်းဆီးလိုက်ကြောင်း စစ်တပ်က ပြန်ကြားရေးခေါင်းဆောင် ဗိုလ်ချုပ်ဇော်မင်းထွန်းက ဝန်ခံတယ်လို့ ဖော်ပြထားပေမဲ့ ဗွီဒီယိုထဲမှာ ဒီအကြောင်းအရာမပါဝင်ပါဘူး။

တကယ် ဗွီဒီယိုပါအကြောင်းအရာတွေဟာ မြန်မာနောင်းသတင်းဌာနကဖော်ပြခဲ့တဲ့  “လူ့အခွင့်အရေးချိုးဖောက် သူများအား ICC တွင်အရေးယူရေး ကုလကိုယ်စားလှယ်အကြံပြုချက် စစ်ကောင်စီဒေါသထွက်”ဆိုတဲ့ သတင်းကို ခေါင်းစဉ်တုတပ်ထား ခြင်းဖြစ်တယ်။ ဒီသတင်းမှာ မြန်မာပြည်သူများ ကြုံတွေ့နေရတဲ့ ဆိုးရွားတဲ့ လူ့အခွင့်အရေး အခြေအနေတွေနဲ့ ကျူးလွန်သူတွေ ICC မှာ စုံစမ်းစစ်ဆေးဖို့ ကုလသမဂ္ဂလူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီး Volker Turk က ပြောကြားခဲ့ပါတယ်။ မြန်မာနိုင်ငံတွင်းက အခြေအနေတွေကို ဇူလိုင် ၆ ရက်က ဆွစ်ဇာလန်နိုင်ငံ ဂျနီဗာမှာ ကျင်းပခဲ့တဲ့ ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီ ၅၃ ကြိမ်မြောက် အစည်းအဝေးမှာ မဟာမင်းကြီး Volker Turk က အစီရင်ခံရာမှာ ဒီလိုပြောကြားခဲ့တာဖြစ်ပြီး စစ်တပ်ခန့် ကုလသမဂ္ဂနှင့် အခြားနိုင်ငံတကာ အဖွဲ့အစည်းများ ဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ်ရုံး(ဂျီနီဗာမြို့ )က ၂၀၂၃ ဇူလိုင် ၆ ရက်စွဲနဲ့ ပြန်လည်တုန့်ပြန်ခဲ့တာကို သတင်းရေးသားထားတာဖြစ်တယ်။  အပြည့်အစုံကို အောက်ပါလင့်ခ်မှာ ဖတ်ပါ။

မူရင်းလင်ခ့် –  Myanmar Now | Archive link

နောက်ထပ် သတင်းတွေကတော့  “ပဲခူးတိုင်းမှာ PDF တပ်ဖွဲ့ဝင်တွေနဲ့ ကျေးရွာ လူထုတွေ့ဆုံ”၊ “တနိုင်းမှာ စစ်တပ်စခန်းနှင့် ပြည်သူ့စစ်စခန်းကို KIA တိုက်ခိုက်”၊ “နတ်မောက်တွင် စစ်ကြောင်းကို မိုင်းဆွဲ တိုက်ခိုက်မှု စစ်တပ်ဘက်မှ ထိခိုက်သေဆုံးမှုရှိ၊ လောင်းလုံးတွင် ပျူစောထီး ၁ ဦးကို ဖမ်းဆီး စစ်ဆေးစဉ် သေဆုံး”စတဲ့ သတင်းတွေကို ပြန်လည်ဖတ်ကြားနေခြင်းဖြစ်တယ်။

သုံးသပ်ချက်

လူ့အခွင့်အရေးချိုးဖောက်သူတွေကို ICC မှာ အရေးယူဖို့ ဇူလိုင် ၆ ရက်က ဆွစ်ဇာလန်နိုင်ငံ ဂျနီဗာမှာ ကျင်းပခဲ့တဲ့ ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီ ၅၃ ကြိမ်မြောက်အစည်းအဝေးမှာ မဟာမင်းကြီး Volker Turk က တိုက်တွန်းခဲ့တဲ့ သတင်းကိုခေါင်းစဉ်တုတပ်ထားခြင်းဖြစ်တယ်။ သတင်းမီဒီယာတွေမှာဖော်ပြခဲ့ ပျံ့နှံ့ခဲ့ပြီးဖြစ်တဲ့ ဒီသတင်းတွေကို ခေါင်းစဉ်တုတပ်ပြီး ပြန်လည်ဖော်ပြနေခြင်းဖြစ်တယ်။

ပြောဆိုချက်- ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ICCမှာ အဖမ်းခံရကြောင်း ဗိုလ်ချုပ်ဇော်မင်းထွန်း ဝန်ခံ

Avatar

Title:Fact Check: စစ်ခေါင်းဆောင် ICCမှာ အဖမ်းခံရကြောင်း ဗိုလ်ချုပ်ဇော်မင်းထွန်း ဝန်ခံဆိုတဲ့ သတင်းတု

Written By: နေရာမောင် 

Result: False


Leave a Reply

Your email address will not be published. Required fields are marked *