Fact Check: မော်လမြိုင်မြို့ကို ရေးဘီလူးအဖွဲ့သိမ်းပိုက်တဲ့သတင်းတု

False နိုင်ငံရေး | Politics

မော်လမြိုင်မြို့ကို ရေးဘီလူးအဖွဲ့က သိမ်းပိုက်လိုက်ပြီး စစ်ကောင်စီဘက်က အယောက် ၅၀ မြို့ပေါ်မှာလဲ ကျသေဆိုတဲ့ ဗွီဒီယိုပို့စ်တစ်ခု ဖေ့စ်ဘွတ်အသုံးပြုသူတွေအကြား ပျံ့နှံ့မှုအားကောင်းခဲ့ပါတယ်။ သတင်းတုဖြန့်ချိ နေခြင်းဖြစ်တယ်။ 

ဒီနှစ်ပိုင်းအတွင်း တော်လှန်ရေး အင်အားစုတွေဘက်က စစ်ကောင်စီတပ်စခန်း တွေကို ခပ်စိပ်စိပ်တိုက်ခိုက်မှုတွေဖြစ်လာနေပါတယ်။

အောက်ပါစာသားတွေကတော့ ပျံ့နှံ့မှုအားကောင်းနေတဲ့ ပို့စ်ပါစာသားကောက်နုတ်ချက်ဖြစ်ပါတယ်။ “ဗမာ့ရုပ်မြင်သံကြားသတင်းဌာန၏ ဇွန်လ ၂၈ ရက် မွန်းတည့် ၁၂ နာရီ တိတိ အထူးသတင်း” လို့ ရေးသားထားပြီး ဗွီဒီယို အဖွင့်ပါစာသားကလည်း “၂၈ ရက်အရေးကြီးသတင်း နားထောင်ကြပါ မော်လမြိုင်မြို့ကို ရေးဘီလူးအဖွဲ့ တတ်သိမ်း စစ်ခွေး (၅၀)ဦး မြို့ပေါ်မှာလဲကျသေပြီ” လို့ ဆိုပြီး “Burma Television”အမည်နဲ့ ယူကျု့ချန်နယ်က နေ ဖြန့်ဝေထားပါတယိ။

မူရင်းလင်ခ့် – Youtube link  | Archive link

အချက်အလက်စိစစ်ချက်

၇ မိနစ်ကျော်ရှည်လျားတဲ့ ဒီဗွီဒီယိုဖိုင်ကို စိစစ်ကြည့်ရာမှာ မော်လမြိုင်မြို့ကို ရေးဘီလူးအဖွဲ့က သိမ်းလိုက်တယ် စစ်တပ်က အယောက် ၅၀ မြို့ပေါ်မှာလဲကျသေဆိုတဲ့အကြောင်းကို ဖော်ပြသွားတာကို မတွေ့ရပါဘူး။ ဒီအပြင် သတင်းလုပ်ငန်းလုပ်ကိုင်နေတဲ့ သတင်းဌာနတွေက ဖော်ပြချက်ကိုလည်း မတွေ့ရှိရပါဘူး။  

ဗွီဒီယိုထဲမှာပါဝင်တဲ့ သတင်းအကြောင်းအရာတွေက ရန်ကုန်ခေတ်သစ်မီဒီယာက ဖော်ပြထားတဲ့  ရေးမြို့နယ် ကလော့ကြီးကျေးရွာတွင် အမှတ် ၁၉ စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် မှ ကင်းလှည့်စစ်ကားကို ရေးဘီလူးအဖွဲ့က ပစ်ခတ်တိုက်ခိုက်မှု စစ်သား ၅ ဦး သေဆုံးတဲ့သတင်းသာဖြစ်တယ်။

သုံးသပ်ချက်

ဒီဗွီဒီယိုပါ အကြောင်းအရာတွေဟာ သတင်းမီဒီယာတွေကဖော်ပြခဲ့တဲ့ သတင်းတွေကို ပြန်လည်ကူးယူပြီး ‌ခေါင်းစဉ်တု ခေါင်းစဉ်မှားတပ်ပြီး ပြန်လည်ဖြန့်ချိနေတာဖြစ်ပါတယ်။ မော်လမြိုင်မြို့ကို ရေးဘီလူးအဖွဲ့က သိမ်းတယ် ဆိုတာ မဟုတ်ပါဘူး။

ပြောဆိုချက်- မော်လမြိုင်မြို့ကို ရေးဘီလူးအဖွဲ့ သိမ်းပိုက်

Avatar

Title:Fact Check: မော်လမြိုင်မြို့ကို ရေးဘီလူးအဖွဲ့သိမ်းပိုက်တဲ့သတင်းတု

Written By: Zun Zee 

Result: False


Leave a Reply

Your email address will not be published. Required fields are marked *