
ဂျပန်ဝန်ကြီးနဲ့ ဒေါ်အောင်ဆန်းစုကြည်ကို စစ်တပ်က တွေ့ဆုံခွင့်ပေးခဲ့တယ်လို့ဆိုတဲ့ ဗွီဒီယိုပို့စ်တစ်ခု ဖေ့စ်ဘွတ်အသုံးပြုသူ တွေရဲ့အကြားပျံ့နှံ့မှု့အားကောင်းခဲ့ပါတယ်။ သတင်းတုဖြန့်ချိနေခြင်းဖြစ်ပါတယ်။ တကယ်တော့ စစ်တပ်ဟာ ဒေါ်အောင်ဆန်းစုကြည်ကို တရုတ်အပါအဝင် ဘယ်သူနဲ့မှ ပေးတွေ့ခဲ့ခြင်းမရှိပါဘူး။

မူရင်းလင်ခ့် – Fb link | Archive link
အလားတူ တူညီတဲ့ရေးသားဖြန့်ဝေမှုကို ယူကျူ့ရဲ့ ဒီနေရာမှာလည်း တွေ့ရပါတယ်။
အချက်အလက်စိစစ်ချက်
တကယ်တော့ ဗွီဒီယိုပါအကြောင်းအရာဟာ NLD ပါတီကို ဖျက်သိမ်းမှုဟာ မြန်မာနိုင်ငံအကြပ် အတည်းကိုဖြေရှင်းဖို့ ပိုဆိုးရွားစေတယ်လို့ ဂျပန်အစိုးရထုတ်ပြန်ဆိုတဲ့ သတင်းကို ခေါင်းစဉ်တုနဲ့ ဖြန့်ချိနေခြင်းဖြစ်ပါတယ်။ အခု ဗွီဒီယိုပါသတင်းကတော့ လူထုနွေဦးသတင်းဌာနက ဖော်ပြခဲ့တဲ့ သတင်းကို ဖတ်ကြားနေခြင်းဖြစ်ပါတယ်။

မူရင်းလင်ခ့် – Ludunwayoo | Archive link
၉ မိနစ်ကျော်ရှည်လျားတဲ့ ဒီဗွီဒီယိုပါ အခြားသော သတင်းတွေဟာလည်း မီဒီယာအချို့မှာဖော်ပြခဲ့တဲ့ သတင်းတွေကို ပြန်လည်ဖော်ပြနေခြင်းဖြစ်ပါတယ်။
သုံးသပ်ချက်
မြန်မာစစ်တပ်က NLD ပါတီကို ဖျက်သိမ်းမှုဟာ နိုင်ငံရေး အကြပ်အတည်းဖြေရှင်းနိုင်ဖို့ ပိုဆိုးစေတယ်ဆိုတဲ့ ဂျပန်နိုင်ငံအစိုးရ နိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်ချက်သတင်းကို ခေါင်းစဉ်လွဲနဲ့ သတင်းတုဖြန့်ချိနေခြင်း ဖြစ်ပါတယ်။
ပြောဆိုချက်- ဂျပန်ဝန်ကြီးနဲ့ ဒေါ်အောင်ဆန်းစုကြည်ကို တွေ့ဆုံ

Title:Fact Check: ဂျပန်ဝန်ကြီးနဲ့ ဒေါ်အောင်ဆန်းစုကြည် တွေ့ဆုံတဲ့ သတင်းတု
Fact Check By: Zun ZeeResult: False