Fact Check: ပင်စင်လစာတွေကို သိမ်းဆည်းပြီး စစ်အသုံးစရိတ်အဖြစ် ကြေညာ ခဲ့သလား-မဟုတ်ပါ

False နိုင်ငံရေး | Politics

တနိုင်ငံလုံး ပင်စင်လစာ ဖြစ်တဲ့ ကျပ် ၆ ဘီလီယံကျော်ကို စစ်အသုံးစရိတ်အဖြစ် အသုံးပြုမယ်လို့ စစ်ကောင်စီ အစိုးရက ထုတ်ပြန် ကြေညာလိုက်တယ်ဆိုတဲ့ ဗွီဒီယိုပို့စ်တစ်ခု ယူကျူ့ချန်နယ်တစ်ခုကမျှဝေထားရာ ပျံ့နှံ့မှုအားကောင်း လျှက်ရှိပါတယ်။ 

အောက်ပါစာသားတွေကတော့ ပျံ့နှံ့မှုအားကောင်းနေတဲ့ ပို့စ်ပါစာသားကောက်နုတ်ချက်ဖြစ်ပါတယ်။” july 7, 2023 တနိုင်ငံလုံးပင်စင်လစာ နကစအစိုးရ သိမ်းပြီ” ၊“(၇)ရက်နေ့ ပင်စင်သမားတွေ ငတ်ကိန်းဆိုက်ပြီ တနိုင်ငံလုံး ပင်စင်လစာ (၆) ဘီလီယံကျော်ကို စစ်အသုံးစရိတ်အဖြစ် အသုံးပြုမယ်ဟု နကစ အစိုးရ ထုတ်ပြန်ကြေညာ လိုက်ပြီ” လို့ရေးသားပြီး “Share Local Media”အမည်နဲ့ ယူကျူ့ချန်နယ်ကနေဖြန့်ဝေထားတာဖြစ်ပါတယ်။

မူရင်းလင်ခ့် – Youtube link  | Archive link

အချက်အလက်စိစစ်ချက်

၈မိနစ်ကျော်ရှည်လျားတဲ့ ဒီဗွီဒီယိုဖိုင်ကို စိစစ်ကြည့်ရာမှာ တနိုင်ငံလုံး ပင်စင်လစာ (၆) ဘီလီယံကျော်ကို စစ်အသုံးစရိတ်အဖြစ် အသုံးပြုမယ်ဆိုတဲ့အကြောင်းကို ဖော်ပြသွားတာကို မတွေ့ရပါဘူး။ သတင်းလုပ်ငန်း အဓိကလုပ်ကိုင်နေတဲ့ ပြည်တွင်းမီဒီယာတွေမှာ ဒီသတင်းဖော်ပြချက်မျိုးမရှိပါဘူး။ 

အမှန်တကယ်တော့ ဗွီဒီယိုပါအကြောင်းအရာဟာ ရန်ကုန်ခေတ်သစ်သတင်းမှာ ဇူလိုင်လ ၇ ရက်က ဖော်ပြခဲ့တဲ့  ပြင်သစ်ဘဏ် ၅ ခုနှင့် ပင်စင်ရန်ပုံငွေတစ်ခုက မြန်မာစစ်အုပ်စုလက်အောက်ရှိ လုပ်ငန်းများတွင် ဒေါ်လာ ၆ ဘီလီယံ ရင်းနှီးမြှုပ်နှံထား ပြီး ပြင်သစ်အစိုးရ အနေ ဖြင့် ချက်ချင်းအရေးယူဆောင်ရွက်ရန် တောင်းဆို ဆိုတဲ့သတင်းကို ခေါင်းစဉ်အတုတပ်ပြီး လူစိတ်ဝင်စားမှုရအောင် ပြုလုပ်ပြီး ဖြန့်ဝေနေခြင်းဖြစ်ပါတယ်။

သုံးသပ်ချက်

ရန်ကုန်ခေတ်သစ်သတင်းမီဒီယာက ဇူလိုင်လ ၇ ရက်နေ့မှာ ‌ဖော်ပြခဲ့တဲ့ ပြင်သစ်ပင်စင်ရန်ပုံငွေတခုက မြန်မာ စစ်အုပ်စုဆီမှာ ဒေါ်လာ ၆ ဘီလီယံဖိုးရင်းနှီးမြှုပ်နှံထားတဲ့ သတင်းအကြောင်းအရာကို ခေါင်းစဉ်တုတပ်လျှက် လူစိတ်ဝင်စားမှုရအောင် ပြုလုပ်ပြီး ဖြန့်ဝေနေခြင်း ဖြစ်ပါတယ်။

ပြောဆိုချက်- ပင်စင်လစာ ဒေါ်လာ ၆ ဘီလီယံကျော်ကို သိမ်းဆည်းပြီး စစ်အသုံးစရိတ်အဖြစ် အသုံးပြုမယ်

Avatar

Title:Fact Check: ပင်စင်လစာတွေကို သိမ်းဆည်းပြီး စစ်အသုံးစရိတ်အဖြစ် ကြေညာ ခဲ့သလား-မဟုတ်ပါ

Written By: Zun Zee 

Result: False


Leave a Reply

Your email address will not be published. Required fields are marked *