Fact Check: ကျပ် ၁၀၀၀၀ တန်ဖျက်သိမ်းကြောင်း စစ်အစိုးရကြေညာတဲ့ သတင်းတု

Missing Context စီးပွား‌ရေး

ကျပ် ၁၀၀၀၀ တန်ဖျက်သိမ်းကြောင်း ဩဂုတ် ၁၈ ရက်မှာ စစ်အစိုးရကြေညာလိုက်ပြီလို့ဆိုထားတဲ့ သတင်းခေါင်း စဉ်တု ဗွီဒီယိုပို့စ်တခု ဩဂုတ် ၁၉ ရက်က ယူကျု့မှာ ဖြန့်ဝေထားရာမှာ ကြည့်ရှု့မှုများပြားလျက်ရှိတယ်။ 

အောက်ပါစခရင်ရှော့ကတော့ ယူကျူ့ဗွီဒီယိုကို ဖေ့စ်ဘွတ်မှာ ပြန်လည်မျှဝေနေတာကို ရယူထားခြင်းဖြစ်တယ်။ မူလယူကျူ့ ဗွီဒီယိုကို ဒီနေရာမှာကြည့်ပါ။

အချက်အလက်စိစစ်ချက်

သတင်းလုပ်ငန်းအဓိကလုပ်ကိုင်နေတဲ့ ပြည်တွင်းနဲ့ နိုင်ငံတကာ မီဒီယာတွေမှာ ဒီသတင်းဖော်ပြချက်မျိုးမရှိပါဘူး။ အခုဗွီဒီယိုအစမှာပြသတဲ့ ရုပ်ကတ်မှာ ဒီလိုရေးသားထားပေမဲ့ ဗွီဒီယိုထဲမှာလည်း ဒီလို ကျပ် ၁၀၀၀၀ တန် ဖျက်သိမ်းတဲ့ အကြောင်းအရာမပါဝင်ပါဘူး။ 

တကယ်တော့ ဗွီဒီယိုထဲမှာ ဖတ်ကြားနေတဲ့ အကြောင်းအရာဟာ ရန်ကုန်ခေတ်သစ်သတင်းဌာနက ဩဂုတ် ၁၈ ရက်မှာ ဖော်ပြခဲ့တဲ့ “စစ်ကောင်စီက နိုင်ငံတစ်ဝန်း ဝန်ထမ်းလစာများတွင် နှစ်သောင်းတန် ငွေစက္ကူ များ စတင် ထည့်သွင်းပေး မည်ဖြစ်ပြီး တစ်သောင်းတန်ငွေစက္ကူများ ရိုက်နှိပ်မှု လျှော့ချ”ဆိုတဲ့ သတင်းကို ပြန်လည်မျှဝေ ထားခြင်းဖြစ်တယ်။ ဒီသတင်းခေါင်းစဉ်မှာပြောထားသလို ကျပ် ၁၀၀၀၀ တန်ထုတ်ဝေမှုကို စစ်ကောင်စီ လျော့ချပြီး ကျပ် အသစ်ထုတ် ကျပ် ၂၀၀၀၀ တန်ကို အဓိက ‌ငွေကြေးအဖြစ် လှည့်လည်သုံးစွဲလိုဟန်တူပေမဲ့ ဖျက်သိမ်းတဲ့ အကြောင်းတော့မပါဝင်ပါဘူး။ သတင်းအပြည့်အစုံကို အောက်မှာပါဖတ်ပါ။

ဒီလို ကျပ် ၂၀၀၀၀ အသစ်ရိုက်ထုတ်မှုဂယက်ကြောင့် ရွှေ၊အိမ်၊ခြံ၊မြေ၊ နိုင်ငံခြားငွေလဲနှုန်းတွေ မတည်မငြိမ်နဲ့ အပြောင်းအလဲဖြစ်ခဲ့ပြီး ကုန်ဈေးနှုန်းတွေလည်း မြင့်တက်လာပါတယ်။ သတင်းတွေကို ဒီလင့်ခ်နဲ့ ဒီလင့်ခ်တွေမှာဖတ်ပါ။

သုံးသပ်ချက်

စစ်ကောင်စီက နိုင်ငံတစ်ဝန်း ဝန်ထမ်းလစာတွေမှာ နှစ်သောင်းတန် ငွေစက္ကူတွေကို ဩဂုတ်လကုန်လစာမှာ ထည့်သွင်းပေးဖို့ရှိတဲ့အကြောင်းနဲ့ တစ်သောင်းတန် ငွေစက္ကူများ ရိုက်နှိပ်မှု လျှော့ချလိုက်ကြောင်း ရန်ကုန် ခေတ်သစ်သတင်းဌာနက ဩဂုတ် ၁၈ ရက်က သတင်းဖော်ပြချက်ကို နားလည်မှုလွဲစေနိုင်တဲ့ ‌ခေါင်းစဉ်တုတပ် ထားခြင်းဖြစ်တယ်။

ပြောဆိုချက်- ကျပ် ၁၀၀၀၀ တန်ဖျက်သိမ်းကြောင်း စစ်အစိုးရကြေညာ

Avatar

Title:Fact Check: ကျပ် ၁၀၀၀၀ တန်ဖျက်သိမ်းကြောင်း စစ်အစိုးရကြေညာတဲ့ သတင်းတု

Written By: Zun Zee 

Result: Missing Context


Leave a Reply

Your email address will not be published. Required fields are marked *