Fact Check: နေပြည်တော်ကို PDF တွေ အလုံးအရင်းနဲ့ ဝင်တိုက်လို့ စစ်ဗိုလ်ချုပ်တွေ ထွက်ပြေးတဲ့ သတင်းတု

False နိုင်ငံရေး | Politics

နေပြည်တော်ကို PDF တွေ အလုံးအရင်းနဲ့ ဝင်တိုက်လို့ စစ်ဗိုလ်ချုပ်တွေ ထွက်ပြေးနေကြပြီလို့ ဆိုထားတဲ ယူကျူ့အသုံးပြုသူတွေအကြား ပျံ့နှံ့နေတာဟာ နားလည်မှုလွဲစေနိုင်တဲ့ သတင်းမှား တခုသာဖြစ်တယ်။ 

ဇန်နဝါရီ ၂ ရက်မှာ စတင်ဖြန့်ဝေထားပြီး ပျံ့နှံ့မှုအားကောင်းနေဆဲ ဗွီဒီယိုစခရင်ရှော့ဓာတ်ပုံနဲ့  စာသားကောက်နုတ်ချက်ကို အောက်မှာ ကြည့်ပါ။ 

“နေပြည်တော် တိုက်ခိုက်ခံရ(အရေးပေါ်)

စစ်ကောင်စီရုံးစိုက်တဲ့ နေပြည်တော်ကို PDF အလုံးရင်းနဲ့

ထိုးဖောက်နေပြီ ၊ ဗိုလ်ချုပ်တွေ ထွက်ပြေးနေကြပြီ”

မူရင်းလင်ခ့် – Youtube link | Archive link

အချက်အလက်စိစစ်ချက်

ဗွီဒီယိုကိုဖြန့်ဝေထားတဲ့ “Khit Thit Media”အမည်နဲ့ ယူကျူ့ချန်နယ်ဟာ သတင်းမီဒီယာတချို့မှာဖော်ပြခဲ့တဲ့ သတင်းတွေကို သတင်းခေါင်းစဉ်တုတပ်ဖြန့်ချိနေတာတွေ့ရပါတယ်။ ဒီအပြင် ဒီချန်နယ်ဟာ သတင်းလုပ်ငန်းလုပ်ကိုင်နေတဲ့ “ရန်ကုန်ခေတ်သစ်မီဒီယာ”ရဲ့ အမည်နာမနဲ့ အမှတ်တံဆိပ်ကိုလည်း တုပထားတာတွေ့ရပါတယ်။ ဒီချန်နယ်က သတင်းတု ဖြန့်ချိမှုတွေနဲ့ ပတ်သက်ပြီး Fact Crescendo Myanmar ရဲ့ အချက်အလက်စိစစ်ချက်တွေကို ဒီလင့်ခ်၊ ဒီလင့်ခ်နဲ့ ဒီလင့်ခ်တွေမှာ ကြည့်ပါ။ 

အခုလည်း ၉ မိနစ်ကျော်ရှည်လျားတဲ့ ဗွီဒီယိုထဲမှာ တကယ်တမ်း ဖတ်ကြားနေတဲ့အကြောင်းအရာတွေဟာ လွတ်လပ်တဲ့အာရှအသံသတင်းဌာနက‌ဖော်ပြခဲ့တဲ့ “နေပြည်တော် ပျဉ်းမနားက စစ်ကောင်စီ တပ်ဂိတ်စခန်း တိုက်ခိုက်ခံရ”၊ ဧရာဝတီသတင်းဌာနကဖော်ပြခဲ့တဲ့ “အပစ်အခတ်ရပ်ပြီး နိုင်ငံရေးနည်းဖြင့် ညှိနှိုင်းဖြေရှင်းရန် UWSA ဥက္ကဋ္ဌ တိုက်တွန်း”၊ ဧရာဝတီတိုင်းမ်သတင်းဌာနကဖော်ပြခဲ့တဲ့ “KIA ထိုးစစ်‌ကြောင့် ဗန်းမော် စကခ-၂၁ မှ စစ်ကောင်စီတပ်အရာရှိများ စတင်ထွက်ပြေးနေ”၊ “MNDAA ထိန်းချုပ်ထားတဲ့ သိန္နီမြို့ ဗုံးကြဲတိုက်ခိုက်ခံရ”စတဲ့ သတင်းတွေကို ပြန်လည်‌ဖော်ပြထားတယ်။

သုံးသပ်ချက်

နေပြည်တော်ကို PDF တွေ အလုံးအရင်းနဲ့ ဝင်တိုက်လို့ စစ်ဗိုလ်ချုပ်တွေ ထွက်ပြေးနေရပြီဆိုတာ မဟုတ်ပါဘူး။ နေပြည်တော် ပျဉ်းမနားက စစ်ကောင်စီတပ် ဂိတ်စခန်းတခုဗုံးခွဲတိုက်ခိုက်ခံရမှုကို သတင်း‌ခေါင်းစဉ်တု သို့မဟုတ် ချဲ့ကားရေးသားဖြန့်ဝေနေခြင်းဖြစ်တယ်။

Avatar

Title:Fact Check: နေပြည်တော်ကို PDF တွေ အလုံးအရင်းနဲ့ ဝင်တိုက်လို့ စစ်ဗိုလ်ချုပ်တွေ ထွက်ပြေးတဲ့ သတင်းတု

Written By: နေရာမောင်  

Result: False