Fact Check: ထားဝယ်က လူမှုကူညီရေးအသင်းခေါင်းဆောင်ကို PDF ဖမ်းဆီးသတ်ဖြတ် ဆိုတဲ့ သတင်းမှား
ထားဝယ်အခြေစိုက် ဇမ္ဗူသီရီ အရေးပေါ်ကူညီကယ်ဆယ်ရေးအသင်းခေါင်းဆောင် ဦးနိုင်မျိုးသွင်ကို ပြည်သူ့ ကာကွယ်ရေးတပ်ဖွဲ့(PDF)က ဖမ်းဆီးသတ်ဖြတ်လိုက်တယ်ဆိုတဲ့ ပို့စ်တစ်ခု ဖေ့စ်ဘွတ်အသုံးပြုသူတွေအကြား ပျံ့နှံ့မှုအားကောင်းလျှက်ရှိပါတယ်။ သတင်းမှားဖြန့်ချိနေခြင်းဖြစ်တယ်။ ပျံ့နှံ့ခဲ့တဲ့ ပို့စ်တွေမှာ DVB သတင်းဌာန သတင်းဖော်ပြချက် စခရင်ရှော့ဓာတ်ပုံနဲ့အတူ အောက်ပါအတိုင်းရေးသား ဖြန့်ဝေထားပါတယ်။ “NUG အကြမ်းဖက်အဖွဲ့က တော်တော်ကိုယုတ်မာနေပြီ ထား၀ယ်မြို့က ဇမ္ဗူသီရီ လူမှုကူညီရေးအသင်းခေါင်းဆောင်ကို NUG လက်အောက်ခံ အကြမ်းဖက်PDFများမှ ရက်ရက်စက်စက်သတ်ဖြတ်သွားကြောင်းသိရ အပြစ်မဲ့ပြည်သူ လူမှု၀န်ထမ်းတွေကို သတ်ဖြတ်တာဟာ တော်တော်လေးကို ယုတ်မာအောက်တန်းကျပါတယ် လက်နက်မကိုင်ထားတဲ့ပြည်သူကို အကြမ်းဖက် သတ်ဖြတ်တဲ့ PDFများ မြန်မြန်ဝဋ်လည်ပါစေ မှိုင်းဝေ ” မူရင်းလင်ခ့် – Fb link | Archive link တူညီတဲ့ ရေးသားဖြန့်ဝေမှုတွေကို ဒီနေရာ၊ ဒီနေရာ၊ဒီနေရာနဲ့ ဒီနေရာမှာလည်း တွေ့ရပါတယ်။ အချက်အလက်စိစစ်ချက် […]
Continue Reading