Fact Check: KNU ဆီက ထွက်ပြေးသွားတဲ့ PDF တွေကို ထိုင်းရဲက ဖမ်းဆီးမှုလား – အထောက်အထားမရှိပါ 

KNU လက်အောက်ကနေ ထွက်ပြေးသွားတဲ့ PDF လူငယ် ၆၀ ကျော် ထိုင်းရဲက ဖမ်းဆီးမှု လို့ဆိုပြီး ဓာတ်ပုံတပုံနဲ့ အတူ ဖေ့စ်ဘွတ်မှာ ဖြန့်ဝေထားမှာ ပျံ့နှံ့မှုအားကောင်းနေတာတွေ့ရပါတယ်။ နားလည်မှုလွဲမှားစေနိုင်တဲ့ သတင်းမှားသာဖြစ်တယ်။  ဖေ့စ်ဘွတ်မှာ ဖြန့်ဝေထားတဲ့ ပို့စ်တခုက ရယူထားတဲ့ စခရင်ရှော့ဓာတ်ပုံနဲ့ စာသားကောက်နုတ်ချက်ကို အောက်မှာ ကြည့်ပါ။ အလားတူတဲ့ မျှဝေမှုတွေကို ဒီနေရာနဲ့ ဒီနေရာမှာလည်းတွေ့ရတယ်။  “KNU လက်အောက်ခံဘဝမှ ထွက်ပြေးပြီး ထိုင်းနိုင်ငံအတွင်း ခိုးဝင်သွားကြတဲ့ PDF လူငယ် ၆၀ ကျော် ထိုင်းရဲက ဖမ်းဆီး။ KNU လက်အောက်ခံဘဝမှ ထွက်ပြေးပြီး ထိုင်းနိုင်ငံအတွင်း ခိုးဝင်သွားကြတဲ့ PDF လူငယ် ၆၀ ကျော် ထိုင်းရဲက ဖမ်းဆီး” Original link | Archive […]

Continue Reading

Fact Check : တရုတ်ဝမ်ပေါင်ကုမ္ပဏီကို PDF တွေသိမ်းပိုက်လိုက်ပြီး မီးရှို့ဖျက်ဆီးဆိုတဲ့ သတင်းတု

တရုတ်ဝမ်ပေါင် ကုမ္ပဏီကို PDF တွေသိမ်းပိုက်လိုက်ပြီး မီးရှို့ဖျက်ဆီးလိုက်တယ်လို့ ဆိုပြီး ဗွီဒီယိုတခု ယူကျူ့မှာ ပျံ့နှံ့နေတာတွေ့ရတယ်။ သတင်းတု ဖြန့်ချိနေခြင်းဖြစ်တယ်။  ပျံ့နှံ့မှုအားကောင်းနေတဲ့ ဗွီဒီယိုပို့စ် စခရင်ရှော့ဓာတ်ပုံနဲ့ စာသားကောက်နုတ်ချက်ကို အောက်မှာကြည့်ပါ။   “တရုတ်ဝမ်ပေါင် ကုမ္ပဏီ PDF လက်ထဲရောက်ပြီ ကုမ္ပဏီကို အကုန်မီးရှို့၊ တရုတ်ကြီး ဒေါသထွက်နေ တရုတ်ဝမ်ပေါင် ကုမ္ပဏီ စကစ အကျဆုံးများနေလို့ လက်လွှတ် လိုက်ရ၊ ကုမ္ပဏီ ကို PDFတပ်တွေ အကုန် မီးရှို့ဖျက်ဆီး” Original link | Archive link အချက်အလက်စိစစ်ချက် ယုံကြည်ရလောက်တဲ့ သတင်းအရင်းအမြစ်တွေမှာဖြစ်စေ သတင်းလုပ်ငန်းလုပ်ကိုင်နေပြီး အဓိကကျတဲ့ မီဒီယာတွေမှာဖြစ်စေ စစ်ကိုင်းတိုင်း ဆားလင်းကြီးမြို့နယ်က ဝမ်ပေါင်ကုမ္ပဏီကို PDF တွေက တိုက်ခိုက် သိမ်းပိုက်လိုက်ပြီဆိုတဲ့ အထောက်အထား တစုံတရာ […]

Continue Reading

Fact Check: ရန်ကုန်မှာ တရုတ်သံရုံး PDF တွေ ဝင်စီးမှု တရုတ်သံအမတ်ကြီး ပါဝင် လုံခြုံရဲတပ်ဖွဲ့ ၁၂ ဦး သေဆုံးတဲ့  သတင်းတု 

ရန်ကုန်မှာ တရုတ်သံရုံးကို PDF တွေ ဝင်စီးကား မီးရှို့လိုက်ပြီး ဒီဖြစ်စဉ်အတွင်းမှာ တရုတ်သံအမတ်ကြီး ပါဝင် လုံခြုံရဲတပ်ဖွဲ့ ၁၂ ဦး သေဆုံးခဲ့တယ်လို့ ရေးသားပြီး ဗွီဒီယိုတခု ယူကျူ့မှာ ပျံ့နှံ့မှု အားကောင်းလျက်ရှိတယ်။ နားလည်မှုလွဲမှာစေနိုင်တဲ့ ပြောဆိုမျှဝေမှုတွေသာဖြစ် တယ်။  ပျံ့နှံ့မှုအားကောင်းနေတဲ့ ဗွီဒီယိုပို့စ်တခုက ရယူထားတဲ့ စခရင်ရှော့ဓာတ်ပုံနဲ့ စာသားကောက်နုတ်ချက်ကို အောက်မှာကြည့်ပါ။  “တရုတ်သံရုံး PDF တွေ မီးရှို့ပြီ လုံခြုံရဲတပ်ဖွဲ့ (၁၂)ဦး ပွဲချင်းသေဆုံး ရန်ကုန်ရှိ တရုတ်သံရုံး PDF တွေ မီးရှို့၊ တရုတ်သံအမတ်ကြီး ပါဝင် လုံခြုံရဲတပ်ဖွဲ့ (၁၂) ဦး ပွဲချင်း သေဆုံး” Original link | Archive link အချက်အလက်စိစစ်ချက် ဗွီဒီယိုဖြန့်ဝေထားတဲ့ “Khit Thit […]

Continue Reading

Fact Check: စစ်တပ်ဝါဒဖြန့်ရေးသမား ကျော်မျိုးမင်းကို PDF ဖမ်းဆီးတဲ့ သတင်းတု

စစ်တပ်ဝါဒဖြန့်ရေးသမားအဖြစ် လူသိများတဲ့ ကျော်မျိုးမင်းကို PDF တပ်ဖွဲ့ဝင်တွေက ရန်ကုန်-မန္တလေး အမြန်လမ်းမှာ ဖမ်းဆီးထိန်းသိမ်းလိုက်တယ်လို့ ဆိုထားတဲ့ ပို့စ်တခု ယူကျူ့နဲ့ ဖေ့စ်ဘွတ်မှာ  ပျံ့နှံ့မှုအားကောင်းနေတာ တွေ့ရပါတယ်။ သတင်းတုသာဖြစ်တယ်။  ဒီလိုပြောဆိုမျှဝေထားတဲ့ ပို့စ် စခရင်ရှော့ဓာတ်ပုံနဲ့ စာသားကောက်နုတ်ချက်ကို အောက်မှာကြည့်ပါ။ ဒီဗွီဒီယိုဟာ လက်ရှိအချိန်မှာ ကြည့်ရှု့မှုပေါင်း ၃၀၀၀၀ ဝန်းကျင်ရရှိထားတယ်။ တူညီတဲ့ မျှဝေမှုကို ယူကျူ့ရဲ့ ဒီနေရာမှာလည်း တွေ့ရတယ်။ “Khit Thit Thadin သတင်းဌာန (၂၁.၁.၂၀၂၆) ကျော်မျိုးမင်း PDF တွေက ဖမ်းထားပြီ” Original link | Archive link ဒီလိုပဲ ဖေ့စ်ဘွတ်ရဲ့ ဒီနေရာ၊ ဒီနေရာမှာလည်း ကျော်စိုးဦးအဖမ်းခံရတဲ့ ဓာတ်ပုံဆိုပြီး မျှဝေထားတာတွေ့ရတယ်။ ဒီနေရာနဲ့ ဒီနေရာမှာ ကြည့်ပါ။  အချက်အလက်စိစစ်ချက် […]

Continue Reading

Fact Check: မိုးကုတ်နဲ့ မိုးမိတ်မှာ PDF က TNLA ကို ပြန်တိုက်တဲ့ သတင်းတု 

မိုးကုတ်၊ မိုးမိတ်ကနေ မောင်းထုတ်လို့ တအာင်းတပ် TNLA ကို PDF က ပြန်လည်တိုက်ခိုက်ခဲ့တယ်လို့ ဆိုပြီး ဗွီဒီယိုပို့စ်တခု ယူကျူ့မှာ ပျံ့နှံ့မှု အားကောင်းလျက်ရှိတယ်။ နားလည်မှုလွဲမှားစေနိုင်တဲ့ ပြောဆိုမှုဖြစ်ပြီး သတင်းတု တခုသာဖြစ်တယ်။  ပျံ့နှံ့မှုအားကောင်းနေတဲ့ ဗွီဒီယိုပို့စ်က ရယူထားတဲ့ စခရင်ရှော့ဓာတ်ပုံနဲ့ စာသားကောက်နုတ်ချက်ကို အောက်မှာကြည့်ပါ။ အလားတူပဲ မိုးကုတ်ကို အရပ်ဝတ်နဲ့ ဝင်လာတဲ့ စစ်တပ်ကို PDF တွေက တိုက်ခိုက်လို့ သေဆုံးခဲ့တယ်လို့ ရေးသားမျှဝေမှုကို ဒီနေရာမှာကြည့်ပါ။ “နိုဝင်ဘာ( ၂၆ )ရက် သစ္စာဖောက် TNLA(၇၀)သေဆုံး မိုးကုတ်နဲ့မိုးမြိတ်က PDF အဖွဲ့များကို ခွေးလိုမောင်းထုတ်နေတဲ့ TNLA PDF တပ်များပြန်ချပြီ၊ စစ်ကား(၁၅)စီး မိုင်းထိမှန်ပေါက်ကွဲ” Original link | Archive link အချက်အလက်စိစစ်ချက် […]

Continue Reading

Fact Check: NUG အထူးတပ်ဖွဲ့ ရန်ကုန်ကို ဝင်စီးတဲ့ သတင်းတု

NUG အထူးတပ်ဖွဲ့ ရန်ကုန်ကို ဝင်စီးပြီး စစ်ရေးပစ်မှတ်အားလုံးကို တပြိုင်နက်ထဲစတင်တိုက်ခိုက်ပြီလို့ဆိုကာ ဗွီဒီယိုတခု ယူကျူ့မှာ ဖြန့်ဝေနေတာ တွေ့ရပါတယ်။ သတင်းတုဖြန့်ချိနေခြင်းဖြစ်တယ်။ ပျံ့နှံ့မှုအားကောင်းနေတဲ့ ဗွီဒီယိုပို့စ် စခရင်ရှော့ဓာတ်ပုံနဲ့ စာသားကောက်နုတ်ချက်ကို အောက်မှာကြည့်ပါ။  “NUG အထူးတပ်ဖွဲ့ ရန်ကုန်ကို ဝင်စီးပြီ စစ်ရေးပစ်မှတ်အားလုံး တပြိုင်ထဲ စတိုက်ပြီ ရန်ကုန်တမြို့လုံး ပွတ်လောရိုက်နေပြီ” Original link | Archive link အချက်အလက်စိစစ်ချက် ဗွီဒီယိုကို ဖြန့်ဝေထားတဲ့ “Khit Thit Media”အမည်နဲ့ ယူကျူ့ချန်နယ်ဟာ ရန်ကုန်ခေတ်သစ်မီဒီယာရဲ့ အမည်နာမည်နဲ့အမှတ်တံဆိပ်ကို တုပထားပြီး သတင်းမီဒီယာတချို့မှာဖော်ပြခဲ့တဲ့ သတင်းတွေကို ပြန်လည်ဖော်ပြပြီး ခေါင်းစဉ်တုတပ် ဖြန့်ချိတဲ့ ချန်နယ်တခုဖြစ်တာတွေ့ရပါတယ်။ ဒီချန်နယ်နဲ့ ပတ်သက်ပြီး Fact Crescendo Myanmar ရဲ့ အချက်အလက်စိစစ်ချက်တွေကို ဒီလင့်ခ်မှာ ကြည့်ပါ။  […]

Continue Reading

Fact Check: စစ်တပ်ပြောရေးခွင့်ရှိသူ ဗိုလ်ချုပ်ဇော်မင်းထွန်း PDF ထံအလင်းဝင်တဲ့ သတင်းတု

စစ်တပ်ပြောရေးခွင့်ရှိသူ ဗိုလ်ချုပ်ဇော်မင်းထွန်း PDF ထံအလင်းဝင်သွားတယ်ဆိုပြီး ဗွီဒီယို ယူကျူ့မှာ ဖြန့်ဝေနေတာ တွေ့ရပါတယ်။ သတင်းတုဖြန့်ချိနေခြင်းဖြစ်တယ်။ ပျံ့နှံ့မှုအားကောင်းနေတဲ့ ဗွီဒီယိုပို့စ် စခရင်ရှော့ဓာတ်ပုံနဲ့ စာသားကောက်နုတ်ချက်ကို အောက်မှာကြည့်ပါ။  “အထူးသတင်း ‌ဇော်မဲလုံးPDFထံအလင်းဝင် နေပြည်တော်ပစည်းဝေးမှာသူ့ကိုဆဲကြလို့ စိတ်ဆိုးပြီး ဘက်ပြောင်းဖို့ ဆုံးဖြတ်ထားတာဟုဆို” Original link | Archive link အချက်အလက်စိစစ်ချက် ဗွီဒီယိုကို ဖြန့်ဝေထားတဲ့ “Star Vibes”အမည်နဲ့ ယူကျူ့ချန်နယ်ဟာ သတင်းမီဒီယာတချို့မှာဖော်ပြခဲ့တဲ့ သတင်းတွေကို ပြန်လည်ဖော်ပြပြီး ခေါင်းစဉ်တုတပ် ဖြန့်ချိတာ၊ လုပ်ကြံရေးသားပြောဆိုမှုတွေ ဖြန့်ချိတာတွေ ပြုလုပ်တဲ့ ချန်နယ်တခုဖြစ်တာတွေ့ရပါတယ်။ ဒီချန်နယ်နဲ့ ပတ်သက်ပြီး Fact Crescendo Myanmar ရဲ့ အချက်အလက်စိစစ်ချက်တွေကို ဒီလင့်ခ်မှာ ကြည့်ပါ။  အခုလည်း ဗွီဒီယိုထဲမှာ ရန်ကုန်ခေတ်သစ်သတင်းဌာနကဖော်ပြခဲ့တဲ့ “စစ်ကောင်စီ ကင်းစင်သွားသော ပြည်နယ်များတွင် […]

Continue Reading

Fact Check: လားရှိုးကို PDF ဝင်တိုက်လို့ စစ်ကောင်စီ ဗုံးကြဲတုန့်ပြန်ဆိုတဲ့ သတင်းတု 

လားရှိုးကို PDF ဝင်တိုက်လို့ စစ်ကောင်စီ ဗုံးကြဲတုန့်ပြန်ရာမှာ တရုတ်ငြိမ်းချမ်းရေးအဖွဲ့ဝင်တွေ သေဆုံးခဲ့ တယ်ဆိုတဲ့ ဗွီဒီယိုတခု ယူကျူ့မှာ ဖြန့်ဝေထားရာ ပျံ့နှံ့မှုအားကောင်းနေတာ တွေ့ရပါတယ်။ သတင်းတု တခုသာဖြစ်တယ်။ ဧပြီ ၂၇ ရက်မှာ စတင်ဖြန့်ဝေခဲ့ပြီး ပျံ့နှံ့မှုအားကောင်းနေတဲ့ ဗွီဒီယိုနဲ့ ဗွီဒီယိုပါစာသားကောက်နုတ်ချက်ကို အောက်မှာကြည့်ပါ။ ဒီဗွီဒီယိုဟာ လက်ရှိအချိန်မှာ ကြည့်ရှု့မှု ၁ ဒဿမ  ၉ သိန်းကျော်ရှိထားတယ်။  “လားရှိုး အရေးပေါ်ဖြစ်နေပြီ PDF တွေက ဝင်တိုက်လို့ စစ်ကောင်စီ ဗုံးကြဲ တရုတ် ငြိမ်းချမ်း‌ရေး အဖွဲ့ဝင်တွေ သေဆုံး” Original link | Archive link အချက်အလက်စိစစ်ချက် ဗွီဒီယိုကို ဖြန့်ဝေထားတဲ့ “Mandalay Khithit”အမည်နဲ့ ယူကျူ့ချန်နယ်ဟာ သတင်းမီဒီယာတချို့မှာ ဖော်ပြခဲ့တဲ့ အကြောင်းအရာတွေကို […]

Continue Reading

Fact Check: မန္တလေး PDF သင်္ကြန်တွင်းမှာ မြို့ထဲကို ဝင်လာတယ်ဆိုတဲ့ သတင်းမှား

မန္တလေး PDF  က ယခုနှစ် သင်္ကြန်တွင်းမှာ မြို့ထဲဝင်လာတဲ့ ဓာတ်ပုံတွေအဖြစ် ဖေ့စ်ဘွတ်မှာ ဖြန့်ဝေနေတာ တွေ့ရပါတယ်။ ပျောက်ကျားဝတ်စုံဝတ်ဆင်ထားပြီး သင်္ကြန်လည်ပတ်ရာမှာ အသုံးပြုလေ့ရှိတဲ့ မာဇဒါဂျစ်ကားပေါ်က သေနတ်လို့ ယူဆရတဲ့ အရာတွေလွယ်ထားတဲ့ လူရွယ်တွေရဲ့ ဓာတ်ပုံတွေနဲ့ အတူ အောက်ပါအတိုင်းရေးသားဖြန့်ဝေထားပါတယ်။ သတင်းမှားတခုဖြစ်တယ်။ ဓာတ်ပုံတွေဟာ ၂၀၁၆ ခုနှစ် သင်္ကြန်ရေကစားတဲ့ ဖက်ရှင်ပုံတခုသာဖြစ်တယ်။  â€œá€™á€”á€šá€á€œá€ąá€¸ လပခ လုံခြုံရေးအားနည်းချက်ကတော့ MDY PDF က သက်ြန်တွင်းကြီး မြို့ထဲဝင်လာတာ မသိလိုက်ဘူးတဲ့လား။ ဟုတ်ဟုတ် မဟုတ်ဟုတ် လက်နက်အတုဖြစ်ဖြစ် အစစ်ဖြစ်ဖြစ် လခရ အားနည်းလို့ သူများကဲ့ရဲ့စရာဖြစ်နေတာ။ လပခ တိုင်းမှူး မလှုပ် မရှုပ် မပြုတ် လုပ်နေတာလား။ #အောင်စစ်သည်စစ်သတင်းနှင့်ဗဟုသုတ” Original link | Archive link […]

Continue Reading

Fact Check: ငလျင်ဘေးအကူအညီပေးတဲ့ ယာဉ်တွေကို PDF တွေက တိုက်ခိုက်တယ်လို့ သတင်းမှားတွေ စစ်တပ်ဝါဒဖြန့်ချိရေးယန္တယားက ဆက်တိုက်ဖြန့်ချိ

ငလျင်ဘေးအကူအညီပေးနေတဲ့ သူတွေကို ပစ်မှတ်ထားပြီး PDF တွေက တိုက်ခိုက်နေတယ်လို့ဆိုပြီး စစ်တပ်ဝါဒဖြန့်ချိရေးယန္တယားတခုဖြစ်တဲ့ “မှိုင်းဝေ”အမည်နဲ့ တယ်လီဂရမ်အသုံးပြုသူက ဆက်တိုက်ဖြန့်ချိနေတာတွေ့ရပါတယ်။ တကယ်တော့ နားလည်မှုလွဲစေနိုင်တဲ့ သတင်းမှားသာဖြစ်တယ်။    á€™á€á€ş ၂၈ ရက်မှာ မြန်မာနိုင်ငံလှုပ်ခတ်ခဲ့တဲ့ ငလျင်တွေထဲမှာ အပြင်းအထန်ဆုံးတခုဖြစ်တဲ့ ရစ်ချ်တာစကေး ၇.၇ ရှိတဲ့ ငလျင်ကြောင့် စစ်ကိုင်း၊ မန္တလေး၊ နေပြည်တော်အပါအဝင် မြို့အတော်များများ ထိခိုက်ပျက်စီးခဲ့ပြီး လူထောင်ပေါင်းများစွာ သေဆုံးမှုရှိခဲ့မယ်လို့ ခန့်မှန်းရပြီး အမျိုးသားညီညွှတ်ရေးအစိုးရ(NUG) ကာကွယ်ရေးဝန်ကြီးဌာနက PDF တွေအနေနဲ့ ထိုးစစ်ဆင်တိုက်ခိုက်မှုတွေကို ၂ ပတ်ကြာ ရပ်တန့်ထားမယ်လို့ ကြေညာခဲ့ပြီးနောက် အခုလို ဖြန့်ဝေမှုတွေထွက်ပေါ်လာတာဖြစ်တယ်။ တယ်လီဂရမ်ပို့စ်ပါစာသား ကောက်နုတ်ချက်နဲ့ ပို့စ်စခရင်ရှော့ကို အောက်မှာကြည့်ပါ။  “မုံရွာမှ စစ်ကိုင်းသို့ ကယ်ဆယ်ရေးသွားတဲ့ ယာဥ်တန်း မြင်းမူနားမှာ အကြမ်းဖက် pdfများမှ ချောင်းမြောင်းတိုက်ခိုက်  မှိုင်းဝေ” […]

Continue Reading