Fact Check: ဒေါ်အောင်ဆန်းစုကြည် အကျဉ်းထောင်တွင်းသေဆုံးကြောင်း ဗိုလ်ချုပ်‌ဇော်မင်းထွန်း ထုတ်ပြန်တဲ့ သတင်းတု

False နိုင်ငံရေး | Politics

ဒေါ်အောင်ဆန်းစုကြည် အကျဉ်းထောင်တွင်းသေဆုံးကြောင်း ဗိုလ်ချုပ်‌ဇော်မင်းထွန်းက ရှင်းလင်းပြောကြားမှု ဗွီဒီယိုဆိုပြီး ဗွီဒီယိုတခု ယူကျူ့အသုံးပြုသူတွေအကြား ပျံ့နှံ့မှုအားကောင်းလျက်ရှိတယ်။ သတင်းတု ဖြန့်ဝေနေခြင်းဖြစ် တာတွေ့ရတယ်။ 

နိုဝင်ဘာ ၁၈ ရက်မှာ စတင်ဖြန့်ဝေခဲ့တဲ့ ဒီဗွီဒီယိုဟာ ၆ နာရီအတွင်း  ကြည့်ရှု့မှုပေါင်း ၄၀၀၀၀ ကျော်ရရှိ ထား တယ်။ ပျံ့နှံ့မှုအားကောင်းနေတဲ့ ယူကျူ့ဗွီဒီယိုစခရင်ရှော့နဲ့ ဗွီဒီယိုပါ စာသားကောက်နုတ်ကို အောက်မှာ ကြည့်ပါ။ 

“အကျဉ်းထောင်ထဲမှာ အမေစု သေဆုံးမှု

၁၀၀%သေချာပီ

ဗိုလ်ချုပ်‌ဇော်မင်းထွန်း အမှန်တိုင်းရှင်းပြီ

တနိုင်ငံလုံးချက်ချင်းနားထောင်ကြပါ”

C:\Users\User\Downloads\Untitled.jpg

မူရင်းလင်ခ့် – Youtube link | Archive link

အချက်အလက်စိစစ်ချက်

“Local Celegram”အမည်နဲ့ ယူကျူ့ချန်နယ်ဟာ သတင်းမီဒီယာတွေမှာ‌‌ဖော်ပြခဲ့တဲ့ သတင်းအကြောင်းအရာ တွေကို သတင်းခေါင်းစဉ်တုတပ်ကာဖြန့်ချိပါတယ်။ ဒါမှမဟုတ်လည်း လုပ်ကြံ သတင်းတု၊ သတင်းမှားတွေလည်း တခါတရံ ဖြန့်ချိတတ်ပါတယ်။ အခုလည်း ဗွီဒီယိုအစမှာပြသတဲ့ ရုပ်ကတ်မှာ ဒေါ်အောင်ဆန်းစုကြည်သေဆုံးမှု ဗိုလ်ချုပ်ဇော်မင်းထွန်းက ရှင်းလင်းပြောကြားခဲ့တယ်လို့ ဖော်ပြခဲ့ပေမဲ့ တကယ်တမ်း ဗွီဒီယိုထဲမှာ ဖတ်ကြားနေတဲ့ အကြောင်းအရာဟာ အကျဉ်းကျခံနေရတဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ဟာ လေဖြန်းပြီး စကားမပီတော့ဘူးဆိုတဲ့ ကောလဟလတွေ ပျံ့နှံ့နေတဲ့အကြောင်း၊ တကယ်တမ်းမှာ ဒီသတင်းဟာ မမှန်ကန်ကြောင်း မဇ္ဈိမသတင်းဌာနကဖော်ပြခဲ့တဲ့ “ဒေါ်အောင်ဆန်းစုကြည် ကျန်းမာရေးနဲ့ ပတ်သက်တဲ့ သတင်းတု”ဆိုတဲ့ အချက်အလက်စိစစ်ချက်ကို ပြန်လည်‌ဖော်ပြနေခြင်းဖြစ်တယ်။

C:\Users\User\Downloads\Untitled.jpg

သုံးသပ်ချက်

“Local Celegram” ယူကျူ့ချန်နယ်ဟာ သတင်းခေါင်းစဉ်တုတပ် ဗွီဒီယိုတွေ၊ လုပ်ကြံ သတင်းမှားတွေ ဖြန့်ချိနေတဲ့ နေရာတခုဖြစ်တယ်။ ဒေါ်အောင်ဆန်းစုကြည် အကျဉ်းထောင်တွင်းသေဆုံးကြောင်း ဗိုလ်ချုပ်‌ဇော်မင်းထွန်းက ရှင်းလင်းပြောကြားမှုဆိုတာ တကယ်မဟုတ်ပါဘူး။

Avatar

Title:Fact Check: ဒေါ်အောင်ဆန်းစုကြည် အကျဉ်းထောင်တွင်းသေဆုံးကြောင်း ဗိုလ်ချုပ်‌ဇော်မင်းထွန်း ထုတ်ပြန်တဲ့ သတင်းတု

Written By: နေရာမောင်  

Result: False