
နေပြည်တော် စစ်ကောင်စီအည်းအဝေးဗုံးပေါက်ကွဲပြီး သွေးချောင်းစီးခဲ့တယ်ဆိုတဲ့ သတင်းတုပို့စ်တစ်ခု ဖေ့စ်ဘွတ်အသုံးပြုသူတွေအကြား ပျံ့နှံ့မှုအားကောင်းလျှက်ရှိပါတယ်။
အောက်ပါစခရင်ရှော့ဓာတ်ပုံကတော့ ပျံ့နှံ့မှုအားကောင်းနေတဲ့ ယူကျူ့အကောင့်တစ်ခုက ဇွန် ၂၆ ရက်မှာ ဖြန့်ဝေနေပုံဖြစ်တယ်။

မူရင်းလင်ခ့် – Youtube link | Archive link
အလားတူ ဒီယူကျူ့အကောင့်ကနေပဲ သွေးထွက်သံယိုဖြစ်လို့ နေပြည်တော် အစည်းအဝေးဖျက်သိမ်းပြီး ဝန်ကြီးအားလုံးထိန်းချုပ်ခံရတယ်လို့ ရေးသားမျှဝေခဲ့ပါသေးတယ်။ ဒီနေရာမှာကြည့်ပါ။

အချက်အလက်စိစစ်ချက်
သတင်းလုပ်ငန်းအဓိကလုပ်ကိုင်နေတဲ့ ယုံကြည်ရလောက်တဲ့ မီဒီယာတွေမှာ ဒီသတင်းဖော်ပြချက်မျိုးမရှိပါဘူး။ အခုဖြန့်ဝေနေတဲ့ News of Myanmar အမည်နဲ့ ယူကျူ့ချန်နယ်ဟာ သတင်းမီဒီယာတွေရဲ့ သတင်းတွေကို ပြန်လည်ကူးယူပြီး နားလည်မှု လွဲစေနိုင်တဲ့ ခေါင်းစဉ်တု၊ ခေါင်းစဉ်လွဲတွေတပ်ပြီး ဖြန့်ချိလေ့ရှိတယ်။
အခုလည်း ဗွီဒီယိုအစမှာပြတဲ့ ရုပ် thumbnail ဓာတ်ပုံမှာ နေပြည်တော် စစ်ကောင်စီအည်းအဝေး ဗုံးပေါက်ကွဲပြီး သွေးချောင်းစီးခဲ့တယ်လို့ဆိုထားပေမဲ့ ဗွီဒီယိုတစ်ခုလုံးမှာ ဒီအကြောင်းအရာ မပါဝင်ပါဘူး။ ဗွီဒီယိုထဲမှာ ဖတ်ကြား နေတဲ့အကြောင်းအရာဟာ ရန်ကုန်ခေတ်သစ်သတင်းဌာနက ဖော်ပြခဲ့တဲ့ “မြန်မာစစ်တပ်နှင့် တိုက်ပွဲ ဖြစ်ပွားခြင်းမရှိသော အပစ်ရပ် EAOs ၅ ခုတို့ နေပြည်တော် တွင် တွေ့ဆုံပြန်”၊ “စစ်ကောင်စီ လက်အောက်ခံ အဖွဲ့ အဖြစ် မှတ်ပုံတင် အသစ်တင်ခိုင်းသဖြင့် Pact Myanmar ခေါ် Pact Global Microfinance Fund က လုပ်ငန်း ရပ်ဆိုင်း၊ အလုပ် ၄၀၀၀ ကျော် ဖြုတ်သိမ်း”စတဲ့သတင်းတွေကို ဖတ်ကြားနေခြင်းဖြစ်တယ်။

မူရင်းလင်ခ့် – Yktnews | Archive link
သုံးသပ်ချက်
နေပြည်တော် စစ်ကောင်စီအည်းအဝေးဗုံးပေါက်ကွဲပြီး ထိခိုက်သေဆုံးမှုများပြားခဲ့တယ်ဆိုတာမဟုတ်ပါဘူး။ မြန်မာစစ်တပ်နဲ့ တိုက်ပွဲ ဖြစ်ပွားခြင်းမရှိတဲ့ အပစ်ရပ် EAOs ၅ ခုတို့ နေပြည်တော်မှာ တွေ့ဆုံမှုသတင်းကို ခေါင်းစဉ်တုတပ်ထားခြင်းဖြစ်တယ်။
ပြောဆိုချက်- နေပြည်တော် စစ်ကောင်စီအည်းအဝေးဗုံးပေါက်ကွဲပြီး ထိခိုက်သေဆုံးမှုများပြား

Title:Fact Check: နေပြည်တော် စစ်ကောင်စီအစည်းအဝေး ဗုံးပေါက်ကွဲ သွေးချောင်းစီးတဲ့ သတင်းတု
Written By: နေရာမောင်Result: False