
အမျိုးသားညီညွှတ်ရေး အစိုးရ(NUG) အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဒေါက်တာဆာဆာ ဟာ အမေရိကန်နဲ့ သဘောတူညီချက်ရပြီး အမေရိကန်ဆီက ထောက်ပံကြေး ဒေါ်လာ ၂ ဘီလီယံ NUG ရတယ်ဆိုတဲ့ ပို့စ် အွန်လိုင်းအသုံးပြုသူတွေအကြား ဖြန့်ဝေလျက်ရှိပါတယ်။
အောက်ပါစာသားတွေကတော့ Khit Thit Channel အမည်နဲ့ ယူကျူ့အကောင့်ကနေ ဇွန် ၃ ရက်က မျှဝေထားတာကို စခရင်ရှော့ ရိုက်ထားခြင်းဖြစ်တယ်။
မူရင်းလင်ခ့် – Youtube link | Archive link
အချက်အလက်စိစစ်ချက်
သတင်းလုပ်ငန်းအဓိကလုပ်ကိုင်နေတဲ့ ပြည်တွင်းနဲ့ နိုင်ငံတကာ မီဒီယာတွေမှာ NUG က ဝန်ကြီး ဒေါက်တာ ဆာဆာနဲ့ အမေရိကန်အစိုးရတို့ တွေ့ဆုံမှု သို့မဟုတ် သဘောတူညီချက်အကြောင်း သတင်းဖော်ပြချက်မျိုး မရှိပါဘူး။ ထို့အပြင် အခုဗွီဒီယိုကို မြန်မာဘာသာအသုံးပြူသူတွေအကြား နာမည်ကြီးတဲ့ Khit Thit Media နဲ့ အမည်ဆင်တူယိုးမှားပြုလုပ် ထားတဲ့ သတင်းတွေကို ပြန်လည်ကူးယူပြီး သတင်းခေါင်းစဉ်လွဲတွေ တပ်ဖော်ပြလေ့ရှိတဲ့ ယူကျူ့ချန်နယ်ကဖော်ပြထားခြင်းဖြစ်တယ်။
ဗွီဒီယိုပါအကြောင်းအရာတွေဟာလည်း “မင်္ဂလာဒုံရဲစခန်းကို Special Nway Oo(SNO) အဖွဲ့ မိုင်းခွဲတိုက်ခိုက်” ဆိုတဲ့ သတင်း၊ “NUG နိုင်ငံခြားရေးဝန်ကြီးနှင့် တွေ့ဆုံရာ၌ ‘ပြည်သူများ၏ ဆန္ဒ’ ကို နိုလင်းဟေဇာ ဦးတည်ချက် ထား”စတဲ့ မဇ္ဈိမသတင်းဌာနကဖော်ပြထားတဲ့ သတင်းဖော်ပြနေခြင်းဖြစ်တယ်။ နောက်ထပ်သတင်း တွေဟာ လည်း ဒဂုံဆိပ်ကမ်းမြို့မရဲစခန်းတိုက်ခိုက်ခံရမှုနဲ့ ရန်ကုန် PDF တပ်ရင် ၅၀၀၁ ဖွဲ့စည်းကြောင်းကြေညာ၊ KNU တပ်မဟာ ၅ မှာ မေလအတွင်း တိုက်ပွဲဖြစ်ပွားမှုအခြေအနေ သတင်းတွေကို ပြန်လည်မျှဝေနေခြင်းဖြစ်တယ်။
သုံးသပ်ချက်
အထက်ပါအချက်အလက်တွေအရ မီဒီယာအချို့မှာဖော်ပြခဲ့တဲ့ သတင်းတွေကို ပြန်လည်ကူးယူဖော်ပြရာမှာ စိတ်ဝင်စားဖွယ် သတင်း ခေါင်းစဉ်တုတပ်ပြီး ပြန်လည်ဖြန့်ချိနေခြင်းဖြစ်တယ်။ ဒေါက်တာဆာဆာနဲ့ အမေရိကန် အစိုးရတာဝန်ရှိသူတွေ တွေ့ဆုံခဲ့ခြင်းမရှိသလို အမေရိကန်ဆီက ဒေါ်လာ ၂ ဘီလီယံအထောက်အပံ့ရတယ်ဆို တာလည်း မဟုတ်ပါဘူး။
ပြောဆိုချက်- ထောက်ပံကြေး ဒေါ်လာ ၂ ဘီလီယံအတွက် ဒေါက်တာဆာဆာနဲ့ အမေရိကန်တွေ့ဆုံ

Title:Fact Check: အမေရိကန်ဆီက ထောက်ပံကြေး ဒေါ်လာ ၂ ဘီလီယံ NUG ရရှိတဲ့ သတင်းတု
Written By: Zun ZeeResult: False