NUG ကလက်ဦးမှုရယူပြီး ရန်ကုန် မင်္ဂလာဒုံလေဆိပ်ကို ဖောက်ခွဲဖျက်ဆီးပစ်လိုက်ပြီး F-16 လေယာဉ် ၈ စီး ပျက်စီးသွားတယ်လို့ ဆိုထားတဲ့ ဗွီဒီယို ပို့စ်တခု ယူကျူ့မှာဖြန့်ဝေထားရာ ပျံ့နှံ့မှုအားကောင်းလျှက်ရှိပါတယ်။ သတင်းတုဖြန့်ချိနေခြင်းဖြစ်တယ်။

အောက်ပါစာသားတွေကတော့ ပျံ့နှံ့မှုအားကောင်းနေတဲ့ ပို့စ်ပါစာသားကောက်နုတ်ချက်ဖြစ်ပါတယ်။ အလားတူတဲ့ရေးသားမျှဝေမှုကို ဒီနေရာမှာလည်း တွေ့ရပါတယ်။

“NUG လက်ဦးမှုရယူလိုက်ပြီဗျို့

ရန်ကုန်မင်္ဂလာဒုံလေဆိပ်ကြီးအပြီးတိုင်ဖောက်ခွဲခံရ

F-16 (၈)စီးမီးလောင်၊ရန်ကုန်ကိုဝင်ဆော်လိုက်ပြီ”

C:-Users-User-Downloads-Firefox_Screenshot_2024-08-27T13-02-25.514Z.png

မူရင်းလင်ခ့် – Youtube link | Archive link

အချက်အလက်စိစစ်ချက်

သတင်းလုပ်ငန်းအဓိကလုပ်ကိုင်နေတဲ့ မီဒီယာတွေမှာ ဒီသတင်းဖော်ပြချက်မရှိပါဘူး။ “Yangon Khit Thit”အမည်နဲ့ ယူကျူ့ချန်နယ်ဟာ သတင်းလုပ်ငန်းလုပ်ကိုင်နေတဲ့ ရန်ကုန်ခေတ်သစ်သတင်းဌာနကို တုပပြီး သတင်းမီဒီယာတချို့မှာဖော်ပြခဲ့ပြီးဖြစ်တဲ့ သတင်းတွေကို အခုလိုပဲ သတင်း‌ခေါင်းစဉ်တုတွေ တပ်ကာ ဖြန့်ချိလေ့ ရှိတယ်။

တကယ်တမ်း ဗွီဒီယိုမှာပါတဲ့အကြောင်းအရာဟာ ရန်ကုန်ခေတ်သစ်သတင်းဌာနကဖော်ပြခဲ့တဲ့ “ဆားလင်းကြီး မြို့ပေါ် ရဲစခန်းနှင့် ထွေအုပ်ရုံးကို တော်လှန်ရေး တပ်ဖွဲ့များ ဝင်ရောက် တိုက်ခိုက်မှု စစ်ကောင်စီ တပ်သား ၇ ဦး သေဆုံး”၊ “တောင်ငူလေတပ်စခန်းကို ရှော့တိုက်ဒုံးဖြင့် ပစ်ခတ်တိုက်ခိုက်မှု လေတပ် စစ်အရာရှိ ၂ ဦးသေဆုံးပြီး ၆ ဦးအပြင်းအထန်ဒဏ်ရာရ”စတဲ့ သတင်းတွေကို ပြန်လည်ဖော်ပြထားတယ်။

C:-Users-User-Downloads-Untitled.png

သုံးသပ်ချက်

NUG ကလက်ဦးမှုရယူပြီး ရန်ကုန် မင်္ဂလာဒုံလေဆိပ်ကို ဖောက်ခွဲဖျက်ဆီးပစ်လိုက်ပြီး F-16 လေယာဉ် ၈ စီး ပျက်စီးသွားတယ်ဆိုတဲ့ အထောက်အထားမရှိပါဘူး။ “Yangon Khit Thit”အမည်နဲ့ ယူကျူ့ချန်နယ်ဟာ အခုလိုပဲ သတင်းခေါင်းစဉ်တုတပ် ဗွီဒီယိုတွေ ဖြန့်ချိနေတဲ့ စာမျက်နှာတခုဖြစ်တာတွေ့ရပါတယ်။

ပြောဆိုချက်- ရန်ကုန် မင်္ဂလာဒုံလေဆိပ်ကို NUG က ဖောက်ခွဲဖျက်ဆီးပစ်လိုက်ပြီး F-16 လေယာဉ် ၈ စီး ပျက်စီး

Avatar

Title:Fact Check: မင်္ဂလာဒုံလေဆိပ်ကို NUG ဖောက်ခွဲဖျက်ဆီးလိုက်တယ်ဆိုတဲ့ သတင်းတု

Fact Check By: နေရာမောင်

Result: False