နေပြည်တော်ထောင်ခါလို့ အမေစုနဲ့ သမ္မတကြီးလွတ်မြောက်ဆိုတဲ့ ဗွီဒီယိုပို့စ်တစ်ခု ဖေ့စ်ဘွတ်အသုံးပြုသူတွေ အကြား ပျံ့နှံ့မှုအားကောင်းလျှက်ရှိပါတယ်။ သတင်းတုဖြန့်ချိနေခြင်းဖြစ်တယ်။

အောက်ပါစခရင်ရှော့ ဓာတ်ပုံကတော့ ပျံ့နှံ့မှုအားကောင်းနေတဲ့ ဖေ့စ်ဘွတ်ဗွီဒီယိုဖြစ်ပါတယ်။

မူရင်းလင်ခ့် – Fb link | Archive link

အချက်အလက်စိစစ်ချက်

ဗွီဒီယိုကိုလေ့လာကြည့်ရာမှာ ခေါင်းစဉ်တုခေါင်းစဉ်လွဲတပ်ပြီး ရန်ကုန်ခေတ်သစ်မီဒီယာက သတင်းဗွီဒီယို ဖိုင်တစ်ခုကို မျှဝေနေခြင်းဖြစ်တာတွေ့ရပါတယ်။ မူလကရန်ကုန်ခေတ်သစ်မီဒီယာက မေ ၂၆ ရက် ညနေပိုင်း ရုပ်သံသတင်းအစီအစဉ်ဖော်ပြခဲ့တဲ့ ဗွီဒီယိုကို ဒီလင့်ခ်မှာကြည့်ပါ။

၆ မိနစ်ကျော်‌ကျော်သာရှည်လျားတဲ့ ဒီမူလဗွီဒီယိုထဲမှာ ရခိုင်ပြည်နယ်၊ ပုဏ္ဏားကျွန်းမှာ မုန်တိုင်းသင့်ပြည်သူ တွေကို တစ်ဦးလျှင် ဆန် ၂ ဘူးစီ စစ်တပ်ကပေးအပ်တာမှာ မယူသူများပြားတဲ့အကြောင်း၊ စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ်မှာရှိတဲ့ တရုတ် ဝမ်ပေါင်ကြေးနီ စီမံကိန်းက ရဲကင်းဂိတ်ကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တွေကနေ ဝင်ရောက် ပစ်ခတ်ရာမှာ အကြမ်းဖက် စစ်ကောင်စီ လက်အောက်ခံ ရဲ ၃ ဦးသေဆုံးဆိုတဲ့ သတင်း ၂ ပုဒ်ပါဝင်ပါတယ်။ အခုသတင်းခေါင်းစဉ်တုနဲ့ ဖြန့်ချိနေတဲ့ ဗွီဒီယိုမှာ မူလဗွီဒီယိုကို အကြိမ်ကြိမ်ပြန်ဆက်ပြီး ၂၈ မိနစ်ပြုလုပ်ထားခြင်းဖြစ်ပါတယ်။ ဒီ ၂၈ မိနစ်ရှည်လျားတဲ့ ဗွီဒီယိုတစ်ခုလုံးမှာလည်း ဒေါ်အောင်ဆန်းစုကြည်နဲ့ သမ္မတဦးဝင်းမြင့်အကြောင်း မပါဝင်သလို ဒီလို ‌‌ဒေါ်အောင်ဆန်းစုကြည်နဲ့ သမ္မတဦးဝင်းမြင့် ထောင်ကနေပြန်လည်လွတ်မြောက်တဲ့ သတင်းမတွေ့ရပါဘူး။

သုံးသပ်ချက်

ဒေါ်အောင်ဆန်းစုကြည်နဲ့ သမ္မတဦးဝင်းမြင့်တို့ အကျဉ်းထောင်ကနေ ပြန်လည်လွတ်မြောက်လာပြီဆိုတာ မဟုတ်ပါဘူး။ ရန်ကုန်ခေတ်သစ်သတင်းဌာနက ဖော်ပြခဲ့တဲ့ မုန်တိုင်းသင့်ပြည်သူတွေကို တစ်ဦးဆန် ၂ ဘူးပေးတာနဲ့ ဝမ်ပေါင်ကြေးနီစီမံကိန်းဂိတ် PDF ကဝင်ရောက်တိုက်ခိုက်မှုသတင်းဗွီဒီယိုဖိုင်ကို ခေါင်းစဉ်တုတပ် ဖြန့်ချိနေခြင်းဖြစ်တယ်။ ပြောဆိုချက်- ဒေါ်အောင်ဆန်းစုကြည်နဲ့ သမ္မတဦးဝင်းမြင့်တို့ ပြန်လည်လွတ်မြောက်လာပြီ

Avatar

Title:Fact Check: နေပြည်တော်ထောင်ခါလို့ အမေစုနဲ့ သမ္မတကြီးလွတ်မြောက်ဆိုတဲ့ သတင်းမှား

Written By: Zun Zee

Result: False