Fact Check: သမ္မတဦးဝင်းမြင့် ပြန်လည်လွှတ်မြောက်ဆိုတဲ့ သတင်းတု

False နိုင်ငံရေး | Politics

သမ္မတဦးဝင်းမြင့် ပြန်လည်လွှတ်မြောက်ဆိုတဲ့ ပို့စ်တစ်ခုဖေ့စ်ဘွတ်အသုံးပြုသူတွေအကြားပျံ့နှံ့လျက်ရှိရာ သတင်းတုဖြန့်ချိမှုတစ်ခုသာဖြစ်ပါတယ်။ အောက်ပါ screenshot ကတော့ သမ္မတဦးဝင်းမြင့်ဟာ ကိုယ်တိုင်လျှောက် လဲချက်ပေးပြီးနောက် အမှု ၃ မှုလုံးအနိုင်ရပြီး ပြန်လည်လွှတ်မြောက်လာပြီလို့ဆိုထားတဲ့ ဗွီဒီယိုဖြစ်ပါတယ်။

မူရင်းလင်ခ့် – Youtube linkArchive link  

တူညီတဲ့ရေးသားမျှဝေမှုတွေကို ဒီနေရာဒီနေရာနဲ့ ဒီနေရာမှာ လည်းတွေ့ရပါတယ်။

အချက်အလက်စိစစ်ချက်

သမ္မတဦးဝင်းမြင့် အမှု ၃ မှုကို ကိုယ်တိုင်လျှောက်လဲချက်ပေးပြီး အနိုင်ရလို့ ပြန်လွတ်လာပြီလို့ ရေးသားထားတဲ့ ဗွီဒီယိုကို လေ့လာကြည့်ရာမှာ ဗွီဒီယိုပါအကြောင်းအရာဟာ လွှတ်တော်ကိုယ်စားလှယ်ဦးဝင်းမြင့်နဲ့ နိုင်ငံ့ဝန်ထမ်း မင်းအောင်လှိုင်တို့ ဘယ်သူ သမ္မတဖြစ်ခွင့်ရှိသလဲဆိုတဲ့ ဆောင်းပါးရှင်း မင်းသေ့ အတွေးအမြင်ဆောင်းပါးကို ဖတ်ကြားနေခြင်းဖြစ်ပါတယ်။ 

အဂတိမှု၊ သဘာဝဘေးအန္တရာယ်အမှုအပါအဝင် ပုဒ်မအမျိုးမျိုးနဲ့ သမ္မတ ဦးဝင်းမြင့်ကို စစ်တပ်က ဖမ်းဆီး ထောင်ချထားပါတယ်။ အာဏာသိမ်းပြီးကတည်းက စစ်တပ်က သမ္မတ ဦးဝင်းမြင့်ကို နေပြည်တော်က လျှို့ဝှက်နေရာတစ်ခုမှာထားရှိရာမှ ဇန်နဝါရီ ၁၄ ရက်မှာ တောင်ငူထောင်ပို့လိုက်တယ်လို့ မြန်မာနောင်း သတင်းက ရေးသားပါတယ်။ သမ္မတနဲ့အတူ မိသားစုဝင်တွေဟာ အဖမ်းခံထားရတာဖြစ်ပြီး ဦးဝင်းမြင့်ထောင်ကို ပို့လိုက်ပြီး ၁၀ ရက်ကြာတဲ့အထိ မိသားစုဝင်တွေရဲ့ သတင်းဟာလည်း အစအနပျောက်နေတယ်လို့လည်း ဒီသတင်းမှာဖော်ပြပါတယ်။

 မူရင်းလင်ခ့် – Myanmar NowArchive link  

သုံးသပ်ချက်

ကိုယ်တိုင်လျှောက်လဲချက်ပေးပြီးနောက် အမှု ၃ မှုလုံးနိုင်ပြီး သမ္မတဦးဝင်းမြင့် ပြန်လည်လွှတ်မြောက်လာပြီဆို တဲ့ဖော်ပြချက်ဟာ သတင်းတုဖြန့်ဝေနေခြင်းဖြစ်ပါတယ်။ သမ္မတဦးဝင်းမြင့်ဟာ တောင်ငူထောင်မှာ အကျဉ်းကျခံနေရပါတယ်။

Avatar

Title:Fact Check: သမ္မတဦးဝင်းမြင့် ပြန်လည်လွှတ်မြောက်ဆိုတဲ့ သတင်းတု

Fact Check By: နေရာမောင် 

Result: False


Leave a Reply

Your email address will not be published. Required fields are marked *