Fact Check: မုန်တိုင်းကြီးဝင်လာပြီ ဘေးလွတ်ရာကိုအမြန်ပြောင်းရွေ့ပေးကြပါဆိုတဲ့ နားလည်မှုလွဲစေနိုင်တဲ့ သတင်းတု

လူမှုရေး

မုန်တိုင်းကြီးဝင်လာပြီ ဘေးလွတ်ရာကိုအမြန်ပြောင်းရွေ့ပေးကြပါဆိုတဲ့ နားလည်မှုလွဲစေနိုင်တဲ့ သတင်းတု ဗွီဒီယိုပို့စ်တစ်ခု ဖေ့စ်ဘွတ်အသုံးပြုသူတွေအကြား ပျံ့နှံ့မှုအားကောင်းလျှက်ရှိပါတယ်။

အောက်ပါစာသားတွေကတော့ ပျံ့နှံ့မှုအားကောင်းနေတဲ့ ပို့စ်ပါစာသားကောက်နုတ်ချက်ဖြစ်ပါတယ်။ “မုန်တိုင်းကြီးသတင်း၊ ဘေးလွတ်ရာကိုအမြန်ပြောင်းရွေ့ပေးကြပါ။”

တူညီတဲ့ရေးသားမျှဝေမှုကို ဖေ့စ်ဘွတ်ရဲ့ ဒီနေရာမှာလည်း ရေးသားထားပါတယ်။

မူရင်းလင်ခ့် – Youtube link  | Archive link

အချက်အလက်စိစစ်ချက်

အင်အားအလွန့်အလွန်ပြင်းတဲ့ ဖျက်အားပြင်း မိုခါဆိုက်ကလုန်းမုန်တိုင်း မေ ၁၄ ရက်က ရခိုင်ကမ်းရိုးတန်းကို ဝင်ရောက်မှုအပြီး နောက်ထပ် ဘင်္ဂလာပင်လယ်အော်မှာ မုန်တိုင်းသတိပေးချက် တစ်စုံတစ်ရာမရှိပါဘူး။ ပြည်တွင်းနဲ့ နိုင်ငံတကာမိုးလေဝသ အဖွဲ့အစည်းတွေက ထုတ်ပြန်ချက်လည်းမရှိပါဘူး။

အခုလို မုန်းတိုင်းဝင်လာလို့ ဘေးလွတ်ရာကို အမြန်ပြောင်းရွှေ့ကြဖို့တိုက်တွန်းထားတဲ့ ဗွီဒီယိုထဲမှာ ဖတ်ကြားနေတာကလည်း မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက “နေ့စဉ်မိုးလေဝသသတင်း”ကို ဖတ်ကြားနေခြင်းဖြစ်ပါတယ်။ ၂၀၂၃ ခုနှစ်၊ မေလ(၂၉)ရက်နေ့ မွန်းလွဲ(၂:၀၀)နာရီအချိန် ထုတ်ပြန်ချက်ကို ဖတ်ကြားနေခြင်းဖြစ်ပြီး မုန်တိုင်း သတိပေးချက်မပါဝင်ပါဘူး။ ဒီလင့်ခ်မှာ ကြည့်ပါ။

ဒီထုတ်ပြန်ချက်ထဲမှာ မြန်မာနိုင်ငံနဲ့ မိုင်ထောင်ချီကွာဝေးတဲ့ ဖိလစ်ပိုင်ပင်လယ်ပြင်မှာ ဖြစ်ပေါ်နေတဲ့ တိုင်ဖွန်းမုန်တိုင်း “ မဝါ” (Mawar)ဟာ အနောက်မြောက်ဘက်သို့ရွေ့လျားနေကြောင်းနဲ့ အနောက်မြောက် ဘက်သို့ ဖြည်းညင်းစွာဆက်လက်ရွေ့လျားမည်ဟုခန့်မှန်းချက်သာပါဝင်ပါတယ်။ မုန်တိုင်းဦးတည်ရာဟာ မြန်မာနိုင်ငံရှိရာနဲ့ ဆန့်ကျင်ဘက် ဂျပန်နိုင်ငံဘက်ကို ဦးတည်နေခြင်းဖြစ်တယ်။ ဒီလင့်ခ်မှာကြည့်ပါ။

သုံးသပ်ချက်

မြန်မာနိုင်ငံကို မုန်တိုင်းဝင်ရောက်မယ်ဆိုတဲ့ သတိပေးချက် မရှိသလို ပြောင်းရွေ့ဖို့ သတိပေးချက်လည်းမရှိပါဘူး။ သတင်းခေါင်းစဉ်တုတွေ ထုတ်လုပ်ဖြန့်ချိ နေတဲ့ ယူကျူ့ချန်နယ်တစ်ခုကနေ သတင်းတုဖြန့်ချိမှုတစ်ခုသာ ဖြစ်ပါတယ်။ပြောဆိုချက်- မြန်မာနိုင်ငံကို မုန်တိုင်းကြီးဝင်လာပြီဖြစ်လို့ဘေးလွတ်ရာကိုအမြန်ပြောင်းရွေ့ပေးကြပါ

Avatar

Title:Fact Check: မုန်တိုင်းကြီးဝင်လာပြီ ဘေးလွတ်ရာကိုအမြန်ပြောင်းရွေ့ပေးကြပါဆိုတဲ့ နားလည်မှုလွဲစေနိုင်တဲ့ သတင်းတု

Written By: နေရာမောင် 

Result: False


Leave a Reply

Your email address will not be published. Required fields are marked *