Fact Check: စစ်သား ၃၀၀၀ နေပြည်တော်ကို ထရမ့် စေလွှတ်ပြီး စစ်ခေါင်းဆောင်ကို ဖမ်းဆီးတဲ့ သတင်းတု

False နိုင်ငံရေး | Politics

အမေရိကန်သ္မတသစ် ဒေါ်နယ်ထရမ့်(Donald Trump)က စစ်သား ၃၀၀၀ နေပြည်တော်ကို လွှတ်လိုက်ပြီး စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကို ဖမ်းဆီးလိုက်တယ်လို့ ဆိုထားတဲ့ ဗွီဒီယိုတွေ ယူကျူ့ချန်နယ် တခုက ဖြန့်ဝေထားရာမှာ ပျံ့နှံ့မှုအားကောင်းလျက်ရှိတယ်။ သတင်းတု ဖြန့်ချိနေခြင်းဖြစ်တယ်။ 

ဇန်နဝါရီ ၂၂ ရက်မှာ “MCM Channel”အမည်နဲ့ ယူကျူ့ချန်နယ်က  ဖြန့်ဝေခဲ့တဲ့ ဗွီဒီယို စခရင်ရှော့နဲ့ ပို့စ်ပါ စာသားကောက်နုတ်ချက်ကို အောက်မှာ ကြည့်ပါ။ 

“US သမ္မတသစ် ထရမ့် မြန်မာ့အရေး ဆုံးဖြတ်ပြီ

US စစ်သား ၃၀၀၀ နပတကို ဒီမနက်လွှတ်လိုက်ပြီတဲ့”

C:\Users\User\Downloads\Firefox_Screenshot_2025-01-25T12-01-29.337Z.png

မူရင်းလင်ခ့် – Youtube link | Archive link 

ဒီချန်နယ်ကပဲ နောက်ထပ် ဖြန့်ဝေမှုမှာတော့ အမေရိကန်သမ္မတအသစ် အမိန့်နဲ့ စစ်ခေါင်းဆောင်ကို ဖမ်းသွားပြီလို့ ဆိုထားပါတယ်။

C:\Users\User\Downloads\Firefox_Screenshot_2025-01-25T12-26-58.000Z.png

အချက်အလက်စိစစ်ချက်

ဗွီဒီယိုကို ဖြန့်ဝေထားတဲ့ “MCM Channel”အမည်နဲ့ ယူကျူ့ချန်နယ်ကို လေ့လာကြည့်မယ်ဆိုရင်  မီဒီယာတွေမှာ‌ဖော်ပြခဲ့တဲ့ သတင်းတွေကို သတင်းခေါင်းစဉ်တုတပ်ဖြန့်ချိနေတာတွေ့ရပါတယ်။ ဒီလို သတင်းကို ယုံကြည်ရလောက်တဲ့ သတင်းအရင်းအမြစ်တွေမှာလည်း ဖော်ပြချက်မတွေ့ရပါဘူး။

ဗွီဒီယိုတွေထဲမှာ တကယ်တမ်း ဖြန့်ဝေနေတဲ့ အကြောင်းအရာတွေဟာ ရန်ကုန်ခေတ်သစ်သတင်းဌာက ဖော်ပြခဲ့တဲ့ တော်လှန်ရေးတပ်ဖွဲ့တွေက စစ်ကောင်စီတပ်ဖွဲ့တွေကို ပစ်ခတ်တိုက်ခိုက်မှု သတင်းတွေကို ပြန်ကူးယူဖော်ပြပြီး ခေါင်းစဉ်တု တပ်ထားတာတွေ့ရပါတယ်။ ဖြန့်ဝေထားတဲ့ ဗွီဒီယိုတွေထဲမှာ အမေရိကန် သမ္မတက မြန်မာစစ်ခေါင်းဆောင်အကြောင်း ပြောဆိုချက်ဖြစ်စေ ၊ အမေရိကန် စစ်သားတွေ လာရောက်တဲ့ အကြောင်းဖြစ်စေဖော်ပြချက်မရှိပါဘူး။ 

မူလ သတင်းဖော်ပြချက်တွေဟာ ရန်ကုန်ခေတ်သစ်သတင်းဌာနက‌ဖော်ပြခဲ့တဲ့ “အရာတော်ရှိ ငွေတွင်း ပျူစောထီးရွာကို ရော့ကတ် ၃၅ လုံးဖြင့် ပစ်ခတ် တိုက်ခိုက်၊ မြင်းခြံမြို့ပေါ် ချောင်းဒေါင်း လမ်းဆုံတွင် ဆက်ကြေးကောက်နေသော ရဲများကို မိုင်းဆွဲ တိုက်ခိုက်မှု ၁ ဦး သေဆုံး”ဆိုတဲ့ သတင်းကို ပြန်လည်ဖော်ပြထားတယ်။

သုံးသပ်ချက်

“MCM Channel”ဟာ မီဒီယာတွေမှာ‌ဖော်ပြခဲ့တဲ့ သတင်းတွေကို သတင်းခေါင်းစဉ်တုတပ်ဖြန့်ချိတဲ့ နေရာဖြစ်တယ်။ ထရမ့်အမိန့်က အမေရိကန်စစ်သားတွေ နေပြည်တော်လာပြီး စစ်ခေါင်းဆောင်ကို ဖမ်းဆီးသွားတယ်ဆိုတာ လုပ်ကြံရေးသားဖော်ပြချက်သာဖြစ်တယ်။

ပြောဆိုချက်- ထရမ့်အမိန့်က အမေရိကန်စစ်သားတွေ နေပြည်တော်လာပြီး စစ်ခေါင်းဆောင်ကို ဖမ်းဆီးသွားတယ်

Avatar

Title:Fact Check: စစ်သား ၃၀၀၀ နေပြည်တော်ကို ထရမ့် စေလွှတ်ပြီး စစ်ခေါင်းဆောင်ကို ဖမ်းဆီးတဲ့ သတင်းတု

Fact Check By: နေရာမောင် 

Result: False


Leave a Reply

Your email address will not be published. Required fields are marked *