Fact Check: စစ်ခေါင်းဆောင်အပါအဝင် ဗိုလ်ချုပ်ကြီး ၃၀၀ ကျော်ကို ကုလဖမ်းဆီးတဲ့ သတင်းခေါင်းစဉ်တု

False နိုင်ငံရေး | Politics

စစ်ခေါင်းဆောင်အပါအဝင် ဗိုလ်ချုပ်ကြီးတွေကို ကုလသမဂ္ဂဖမ်းဆီး၊ သတ်ဖြတ်တယ်ဆိုတဲ့ သတင်းခေါင်းစဉ်တု ဗွီဒီယိုပို့စ်တွေ ယူကျူ့မှာ ပျံ့နှံ့မှုအားကောင်းလျှက်ရှိပါတယ်။ စစ်ခေါင်းဆောင်အပါအဝင် ဗိုလ်ချုပ်ကြီး ၃၀၀ ကျော်ကို ကုလသမဂ္ဂဖမ်းဆီး၊ စစ်ဗိုလ်ချုပ် ၁၀၉ ဦးကို သေဒဏ်ချမှတ်၊ စစ်ထောက်ချုပ် ၉ ဦးကို ကုလသမဂ္ဂ ဖမ်းဆီးတဲ့ ဗွီဒီယိုတွေကို Share Local Media အမည်နဲ့ ယူကျူ့ချန်နယ်က ပြီးခဲ့တဲ့ရက်အနည်းက တင်ထားတာတွေ့ရပါတယ်။ ဒီနေရာနဲ့ ဒီနေရာမှာကြည့်ပါ။

အောက်ပါစခရင်ရှော့ကတော့ ပျံ့နှံ့မှုအားကောင်းနေတဲ့ ပို့စ်ဖြစ်တယ်။ 

မူရင်းလင်ခ့် – Youtube link  | Archive link

အချက်အလက်စိစစ်ချက်

“Share Local Media”အမည်နဲ့ ယူကျူ့ချန်နယ်ဟာ သတင်းလုပ်ငန်းလုပ်ကိုင်နေတဲ့ မီဒီယာတွေရဲ့ သတင်း ဖော်ပြချက်ကို ပြန်လည်ကူးယူပြီး အခုလို ပုံဖျက်ထားတဲ့ သတင်းခေါင်းစဉ်တုတွေတပ်ဖြန့်ဝေနေတဲ့ ယူကျူ့ချန်နယ်တခုသာဖြစ်တယ်။ ဒီချန်နယ်က အခုလို ရေးသားဖြန့်ဝေမှုတွေနဲ့ ပတ်သက်ပြီး Fact Crescendo Myanmar ကအချက်အလက်စိစစ်ဖော်ပြခဲ့တာတွေကို ဒီလင့်ခ်၊ ဒီလင့်ခ်နဲ့ ဒီလင့်ခ်တွေမှာ တွေ့နိုင်ပါတယ်။ 

အခုဖြန့်ဝေနေတဲ့သတင်းခေါင်းစဉ်မှာ စိတ်ကူးယဉ်သတင်းခေါင်းစဉ်တုမှန်းသိသာစေတဲ့နောက်ထပ် တချက် ကတော့ မြန်မာစစ်တပ်မှာ ဖွဲ့စည်းပုံအရ ဗိုလ်ချုပ်ကြီးအဆင့်ဟာ ၃၀၀ ကျော်ရှိမနေတာပါပဲ။ ထို့အတူ စစ်ထောက်ချုပ်နေရာမှာလည်း ဒုတိယဗိုလ်ချုပ်ကြီး တဦးသာရှိပါတယ်။

အခု ဗွီဒီယိုပါအကြောင်းအရာဟာ ရန်ကုန်ခေတ်သစ်သတင်းဌာနကရေးသားခဲ့တဲ့ဆောင်းပါးတပုဒ်ဖြစ်တဲ့  “စစ်ရာဇဝတ်မှုတွေ လူမျိုးတုန်းသတ်ဖြတ်မှုတွေ ဆက်တိုက်ကျူးလွန်နေတဲ့ မင်းအောင်လှိုင်ကို ICC ဖမ်းဝရမ်း ထုတ်သင့်ပြီ”ဆိုတဲ့အကြောင်းအရာကို ပြန်လည်မျှဝေထားခြင်းဖြစ်တယ်။

သုံးသပ်ချက်

စစ်ခေါင်းဆောင်အပါအဝင် ဗိုလ်ချုပ်ကြီး ၃၀၀ ကျော်ကို ကုလသမဂ္ဂဖမ်းဆီးမှုဆိုတာ သတင်းခေါင်းစဉ်တု တခုသာဖြစ်တယ်။ ကုလသမဂ္ဂက မြန်မာစစ်ခေါင်းဆောင်တွေကို ဖမ်းဝရမ်းထုတ်တယ်ဆိုတဲ့ အထောက်အထား လည်းမရှိသလို အခု ဗွီဒီယိုပါအကြောင်းအရာဟာ သတင်းဌာနတခုကရေးသားထားတဲ့ နိုင်ငံတကာရာဇဝတ် ခုံရုံး(ICC)အနေနဲ့ စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကို ဖမ်းဝရမ်းထုတ်သင့်တယ်ဆိုတဲ့ အတွေးအမြင်ဆောင်းပါးကို မျှဝေနေခြင်းသာဖြစ်တယ်။

ပြောဆိုချက်- စစ်ခေါင်းဆောင်အပါအဝင် ဗိုလ်ချုပ်ကြီး ၃၀၀ ကို ကုလသမဂ္ဂဖမ်းဆီး

Avatar

Title:Fact Check: စစ်ခေါင်းဆောင်အပါအဝင် ဗိုလ်ချုပ်ကြီး ၃၀၀ ကျော်ကို ကုလဖမ်းဆီးတဲ့ သတင်းခေါင်းစဉ်တု

Written By: Zun Zee 

Result: False


Leave a Reply

Your email address will not be published. Required fields are marked *