
ရန်ကုန်ဝန်ကြီးချုပ်နဲ့ မန္တလေးဝန်ကြီးချုပ် မိသားစုလိုက် လမ်းပေါ်မှာ အသတ်ခံရဆိုထားတဲ့ ဗွီဒီယိုပို့စ်တွေ ယူကျူ့အသုံးပြုသူတွေအကြား ပျံ့နှံ့နေတာဟာ နားလည်မှုလွဲစေနိုင်တဲ့ သတင်းမှား တခုသာဖြစ်တယ်။
ဒီဇင်ဘာ –ရက်မှာ စတင်ပျံ့နှံ့ခဲ့ပြီး ပျံ့နှံ့မှုအားကောင်းနေဆဲ ဖေ့စ်ဘွတ်ပို့စ်ပါ စာသားကောက်နုတ်ချက်နဲ့ ပို့စ်စခရင်ရှော့ကို အောက်မှာ ကြည့်ပါ။
“ည (၇)နာရီ အရေးပေါ်သတင်းထူးကြီး
ကားလမ်းမပေါ် ရန်ကုန်ဝန်ကြီးချုပ်
မိသားစုလိုက် အသတ်ခံလိုက်ရ ပြီဟေ့”
မူရင်းလင်ခ့် – Youtube link | Archive link
အလားတူတဲ့ ရေးသားဖြန့်မျှဝေမှုတွေကို ဒီနေရာမှာလည်း တွေ့ရပါတယ်။
အချက်အလက်စိစစ်ချက်
Khit Thit channel”အမည်နဲ့ ယူကျူ့ချန်နယ်ဟာ သတင်းမီဒီယာတွေမှာဖော်ပြခဲ့တဲ့ သတင်းတွေကို လိုအပ်သလို ခေါင်းစဉ်တုတပ်ကာ ဖြန့်ချိလေ့ရှိတယ်။ တကယ်တမ်းမှာ သတင်းလုပ်ငန်းအဓိကလုပ်ကိုင်နေတဲ့ မီဒီယာတွေမှာ ဒီလို ရန်ကုန်နဲ့ မန္တလေးက ဝန်ကြီးချုပ်တွေ မိသားစုလိုက် အသတ်ခံရတယ်ဆိုတဲ့ အထောက်အထား မတွေ့ရပါဘူး။
အခုလည်း ရန်ကုန်နဲ့ မန္တလေးက ဝန်ကြီးချုပ်တွေ လမ်းမပေါ်မှာ မိသားစုလိုက် အသတ်ခံရဆိုတဲ့ ဗွီဒီယိုတွေထဲမှာ လွတ်လပ်တဲ့အာရှအသံသတင်းဌာနကဖော်ပြခဲ့တဲ့ “တရုတ်ဒရုန်းတွေကို စစ်ကောင်စီ ကျယ်ကျယ်ပြန့်ပြန့် အသုံးပြုလာ”၊ လူထုနွေဦးသတင်းဌာနက ဖော်ပြခဲ့တဲ့ “ဗန်းမော်မြို့သိမ်းတိုက်ပွဲ ပြင်းထန်ချိန် တရုတ် ဗဟိုအစိုးရ ဖိတ်ခေါ်၍ KIO ဥက္ကဋ္ဌ ဘေဂျင်းမြို့သို့သွားရောက်”၊ “စစ်အာဏာရှင်တိုက်ပွဲတွေအတွင်း ရေစကြိုပကဖမှ ရဲဘော် ၁၈ဦးကျဆုံး”၊ “ထီးလင်းမြို့၊ မြို့မရဲစခန်းမှ ရဲတပ်သား ၁ ဦး သေနတ် ၁ လက် ယူဆောင်လာပြီး အလင်းဝင်”၊ “ညောင်လေးပင်ခရိုင်ရှိ ကျေးရွာများကို စစ်တပ်က ဒရုန်း၊ လက်နက်ကြီး များဖြင့် ပစ်ခတ် တိုက်ခိုက်မှု အသက် ၈ နှစ် အရွယ် ကလေး ၁ ဦး အပါအဝင် ပြည်သူ ၂ ဦး ဒဏ်ရာရရှိပြီး နေအိမ် ၂ လုံးပျက်စီး”စတဲ့ သတင်းတွေကို ပြန်လည်ဖော်ပြထားခြင်းဖြစ်တယ်။
သုံးသပ်ချက်
“Khit Thit channel”အမည်နဲ့ ယူကျူ့ချန်နယ်ဟာ သတင်းမီဒီယာတွေမှာဖော်ပြခဲ့တဲ့ သတင်းတွေကို လိုအပ်သလို ခေါင်းစဉ်တုတပ်ကာ ဖြန့်ချိလေ့ရှိတယ်။ အခုလည်း ရန်ကုန်နဲ့ မန္တလေးက ဝန်ကြီးချုပ်တွေ လမ်းမပေါ်မှာ မိသားစုလိုက် အသတ်ခံရဆိုတာ သတင်းတု ဖြန့်ချိနေခြင်းသာဖြစ်တယ်။

Title:Fact Check: ရန်ကုန်ဝန်ကြီးချုပ်နဲ့ မန္တလေးဝန်ကြီးချုပ် မိသားစုလိုက် လမ်းပေါ်မှာ အသတ်ခံရဆိုတဲ့ သတင်းတု
Written By: နေရာမောင်Result: False