အသစ်ထွက်မယ့် ကျပ် ၅၀၀ တန်မှာ NLD အလံထည့်သွင်းထားပါသလား-မဟုတ်ပါ

False နိုင်ငံရေး

လာမယ့် ဇူလိုင်လ ၁၉ ရက် ( အာဇာနည်နေ့ )မှာ စတင်ထုတ်ဝေမယ် ဗိုလ်ချုပ်ပုံနဲ့ အသစ်ထုတ်ဝေမယ့် ၅၀၀ ကျပ်တန်ငွေစက္ကူမှာ NLD အလံပါတီတံဆိပ်ပါတယ်ဆိုတဲ့ပို့စ်တစ်ခု လူမှုကွန်ယက် သုံးစွဲသူတွေ အကြားမှာ ပျံ့နှံ့ခဲ့ပါတယ်။

“နိုင်ငံရေး&လူမူ့ပတ်ဝန်းကျင်ဆွေးနွေးခြင်း”၊“The Sixth Sense”အမည်နဲ့စာမျက်နှာတွေမှာအောက်ပါအတိုင်း မျှဝေထားပါတယ်။

Fb linkFb link
Archive linkArchive link

အလားတူ “ဖိုက်တာမျိုးချစ်ဒေါ်သီရိ” အမည်နဲ့​ဖေ့စ်ဘွတ်သုံးစွဲသူကလည်း မျှဝေထားတာတွေ့ရပါတယ်။

အချက်အလက်စိစစ်ချက်

အသစ်ထုတ်ဝေမယ့် ဗိုလ်ချုပ်ပုံပါ ၅၀၀ ကျပ်တန်ငွေစက္ကူမှာပါတဲ့ အလံဟာ နိုင်ငံတော်အလံနဲ့ ဗဟိုဘဏ်အလံ ၂ ခုသာဖြစ်တယ်လို့ ဗဟိုဘဏ်ရဲ့ ဒုတိယဥက္ကဋ္ဌဦးစိုးမင်းက O Media ကို ပြောထားတာ တွေ့ရပါတယ်။ အောက်ပါလင့်ခ်မှာဝင်ရောက်လေ့လာနိုင်ပါတယ်။

LinkArchive Link

အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်းပုံဖြင့် (၅၀၀) ကျပ်တန် ပုံစံသစ် ငွေစက္ကူထုတ်ဝေမယ့် အကြောင်း မြန်မာ့အသံနှင့်ရုပ်မြင်သံကြားသတင်းကြေညာချက်ကို အောက်ပါလင့်ခ်မှာ ဝင်ရောက်လေ့ လာနိုင်ပါတယ်။

သုံးသပ်ချက်

အထက်ပါအချက်အလက်တွေအရ အသစ်ထုတ်ဝေမယ့် ၅၀၀ ကျပ်တန်ငွေစက္ကူမှာ NLD အလံပါတီတံဆိပ်ပါတယ် ဆိုတဲ့ အချက်အလက်ကို အချက်အလက်မှားအဖြစ်သတ်မှတ်ပါတယ်။

Avatar

Title:အသစ်ထွက်မယ့် ကျပ် ၅၀၀ တန်မှာ NLD အလံထည့်သွင်းထားပါသလား-မဟုတ်ပါ

Fact Check By: Nayar Maung 

Result: False


Leave a Reply

Your email address will not be published. Required fields are marked *