
မြန်မာငွေ ငါးထောင်တန်များကို ငွေမဲ အဖြစ် ဗဟိုဘဏ် ကြေငြာလိုက်တယ်ဆိုပြီးတော့ ဖေ့စ်ဘွတ်မှာ ဖြန့်ဝေလျက်ရှိပါတယ်။ ဒီသတင်းဟာ မှားယွင်းပါတယ်။
စစ်တပ်ထိန်းချုပ်ထားတဲ့ မီဒီယာတွေက သတင်းကြေညာသူ ၂ ဦးရဲ့ဓာတ်ပုံပေါ်မှာ “မြန်မာငွေ ငါးထောင်တန် များကို ငွေမဲ အဖြစ် ဗဟိုဘဏ် ကြေငြာ”လို့ စာတန်းထိုးထားပြီး ဖေဖော်ဝါရီ ၂၅ ရက်က အောက်ပါအတိုင်း ဖေ့စ်ဘွတ်မှာပြန်လည်မျှဝေထားတာတွေ့ရပါတယ်။ မျှဝေထားတဲ့လင့်ခ်ကို နှိပ်ကြည့်ရာမှာ Love daily အမည်နဲ့ ဘလော့ဂ်ဝက်ဘ်ဆိုဒ်စာမျက်နှာကို ရောက်ရှိသွားပါတယ်။
တူညီတဲ့ရေးသားမျှဝေမှုတွေကို ဒီနေရာ၊ဒီနေရာနဲ့ ဒီနေရာမှာ လည်းတွေ့ရပါတယ်။

မူရင်းလင်ခ့် – Fb link | Archive link
အချက်အလက်စိစစ်ချက်
ဗဟိုဘဏ်ရဲ့ သတင်းထုတ်ပြန်ချက်တွေကို ဒီလင့်ခ်မှာကြည့်နိုင်ပါတယ်။ ယခုရက်ပိုင်းအတွင်းမှာ ကျပ် ၅၀၀၀ တန်တွေကို ငွေမဲကြေညာတဲ့ ကြေညာချက်မတွေ့ရပါဘူး။
၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၃ ရက်မှာ ဗဟိုဘဏ်က ကျပ် ၅၀၀၀ တန်နဲ့ ကျပ် ၁၀၀၀၀ တန်တွေ ရုပ်သိမ်းမယ့် သတင်းဟာ ကောလာဟလသာဖြစ်ပြီး မဟုတ်ကြောင်း ငြင်းချက်ထုတ်ထား တာတွေ့ရပါတယ်။

မူရင်းလင်ခ့် – CBM | Archive link
သုံးသပ်ချက်
စစ်တပ်က အာဏာသိမ်းအပြီးကတည်းက ကျပ် ၅၀၀၀ တန်တွေ ရုပ်သိမ်းတဲ့ သတင်းဟာ မကြာခဏပျံ့နှံ့လျက်ရှိ တာတွေ့ရပါတယ်။ တကယ်တော့ ဒီသတင်းဟာ ကောလာဟလအဖြစ် ဗဟိုဘဏ်က ပယ်ချထားပါတယ်။

Title:Fact Check: ကျပ် ငါးထောင်တန်များကို ငွေမဲအဖြစ်ကြေငြာတယ်ဆိုတာ မဟုတ်ပါ
Fact Check By: Nayar MaungResult: False