Fact Check: KNUခေါင်းဆောင်တွေအကုန်အဖမ်းခံဆိုတဲ့သတင်းမှား

နိုင်ငံရေး | Politics

ကရင်အမျိုးသားအစည်းအရုံး(KNU)ခေါင်းဆောင်တွေ အဖမ်းခံရပြီလို့ နိုင်ငံခြားရေးတာဝန်ခံဖြစ်တဲ့ ပဒိုစော တာနီးကထုတ်ပြန်လိုက်တယ်လို့ဆိုတဲ့ ဗွီဒီယို ပုံစံနဲ့ပို့စ်တစ်ခု ဖေ့စ်ဘွတ်အသုံးပြုသူတွေရဲ့အကြား ပျံ့နှံ့မှု့ရှိခဲ့ပါ တယ်။ သတင်းတုဖြန့်ချိနေခြင်းဖြစ်ပါတယ်။

ပျံ့နှံ့နေတဲ့ ဒီဗွီဒီယိုပို့စ်အဖွင့်မှာ “ပြသနာတက်ကုန်ပြီ‌‌‌‌‌ဟေ့၊မင်းအောင်လှိုင်ဘောမနေတဲ့ KNUခေါင်းဆောင်တွေ အကုန်အဖန်းခံရပြီ၊ပဒိုစောတောနီးထုတ်ပြန်လာပြီဗျို့“လို့ စသည် ဖြင့် ရေးသားကာ “အကုန်သိသတင်းဌာန” အမည်နဲ့ ဖေ့စ်ဘွတ်အသုံးပြုသူက အောက်ပါအတိုင်း မျှဝေထားပါတယ်။ 

မူရင်းလင်ခ့် –Youtube linkArchive link

အလားတူ တူညီတဲ့ရေးသားဖြန့်ဝေမှုကို  ဒီနေရာမှာလည်း တွေ့ရပါတယ်။

အချက်အလက်စိစစ်ချက်

၇ မိနစ်ကျော် ရှည်လျားတဲ့ ဒီဗွီဒီယိုဖိုင်ကို စိစစ်ကြည့်ရာမှာ ဗွီဒီယိုဖိုင် အဖွင့်မှာပါဝင်တဲ့ “KNUခေါင်းဆောင်တွေ အကုန်အဖမ်းခံရပြီ၊ပဒိုစောတောနီး ထုတ်ပြန် လာပြီ ဗျို့”ဆိုတဲ့ သတင်းအကြောင်းအရာနဲ့ ပတ်သက်လို့  မပါ ဝင်ပါဘူး။  ကရင်အမျိုးသားအစည်းအရုံး (KNU) ခေါင်းဆောင်တွေ အဖမ်းခံရခြင်းနဲ့ ပတ်သက်ပြီးတော့လည်း နိုင်ငံခြားရေးတာဝန်ခံဖြစ်တဲ့ ပဒိုစောတာနီးက ပြောဆိုခဲ့တာမျိုးလည်းမရှိပါဘူး။

အမှန်တကယ် အသံဖိုင်ထဲမှာ ပါဝင်တဲ့အကြောင်းအရာတွေဟာ သတင်းမီဒီယာအချို့မှာ‌ဖော်ပြတဲ့သတင်း  သတင်းအကြောင်းအရာတွေကို ပြန်လည်ဖတ်ကြားနေခြင်းသာဖြစ်ပါတယ်။ အခုလည်း ဒီဗွီဒီယိုမှာ ကရင်နဲ့ သက်ဆိုင်တဲ့သတင်းဆိုလို့ “လူထုနွေဦး”သတင်းဝက်ဘ်ဆိုဒ်ကဖော်ပြခဲ့တဲ့ “CEC အားလုံး နုတ်ထွက်ရန်၊ ခေါင်းဆောင်အချို့အားအရေးယူရန် ကရင်အဖွဲ့များ၏ တောင်းဆိုချက်အပေါ် KNU ပြန်ကြားချက် ထုတ်ပြန်”ဆိုတဲ့ သတင်းသာပါဝင်ပါတယ်။ ဒီသတင်းမှာ KNU အနေနဲ့မည်သည့် တရားမဝင် လောင်းကစား လုပ်ငန်း၊ စီမံကိန်းနဲ့ ငွေကြေးဝန်ဆောင်မှု လုပ်ငန်းအပါအဝင် အခြားရာဇဝတ်မှုနဲ့မကင်းတဲ့လုပ်ငန်းတွေမှာ ကရင်ပြည်နယ်အတွင်း လုပ်ဆောင်ခြင်းကို လက်မခံကြောင်း အတိအလင်း တရားဝင် ထုတ်ပြန်ကြေညာအသိ‌ပေး ကြောင်းနဲ့ တကယ်လို့ ချိုးဖောက်မှုတွေရှိပါကလည်း အဖွဲ့အစည်းစည်းမျဉ်းစည်းကမ်း အတိုင်းသာဆောင်ရွက်ရ မှာဖြစ်ပြီး ကရင်အဖွဲ့အစည်းတွေတောင်းဆိုတဲ့ ဗဟိုအလုပ်မှုဆောင်အားလုံးနုတ်ထွက်ဖို့ဆိုတာမဖြစ်နိုင်ကြောင်း ပြန်ကြားချက်ဖြစ်ပါတယ်။ အောက်ပါလင့်ခ်မှာအသေးစိတ်ဖတ်ရှု့နိုင်ပါတယ်။

မူရင်းလင့်ခ်- LudunwayooArchive link

သုံးသပ်ချက်

အထက်ပါအချက်အလက်အရ KNUခေါင်းဆောင်တွေ အဖမ်းခံရပြီ၊ပဒိုစောတောနီးထုတ်ပြန်လာ ဆိုတဲ့ သတင်းဟာ လူစိတ်ဝင်စားမှုရရှိအောင်  သတင်းခေါင်းစဉ်တုနဲ့ မျှဝေနေခြင်းဖြစ်ပါတယ်။ တကယ်တော့ သတင်းမီဒီယာအချို့မှာ ဖော်ပြထားတဲ့သတင်းတွေကို ပြန်လည်ဖတ်ကြားပြနေခြင်းဖြစ်ပါတယ်။ပြောဆိုချက်-KNUခေါင်းဆောင်တွေ အကုန်အဖမ်းခံရကြောင်း ပဒိုစောတောနီးထုတ်ပြန်

Avatar

Title:Fact Check: KNUခေါင်းဆောင်တွေအကုန်အဖမ်းခံဆိုတဲ့သတင်းမှား

Fact Check By: Zun Zee 

Result: Misleading


Leave a Reply

Your email address will not be published. Required fields are marked *