Fact Check: ဒေါ်စုကို သစ္စာဖောက် စစ်တပ်အလိုကျလုပ်နေတဲ့ ဦးဖြိုးမင်းသိန်းပစ်သတ်ခံရဆိုတဲ့ သတင်းမှား

နိုင်ငံရေး | Politics

ဒေါ်အောင်ဆန်းစုကြည်ကို သစ္စာဖောက်ပြီး စစ်တပ်အလိုကျလုပ်နေတဲ့ ရန်ကုန်တိုင်းဝန်ကြီးချုပ်ဟောင်း ဦးဖြိုးမင်းသိန်း ပစ်သတ်ခံရတယ်လို့ဆိုတဲ့ ဗွီဒီယိုပုံစံနဲ့ပို့စ်တစ်ခု ဖေ့စ်ဘွတ်နဲ့ ယူကျူ့မှာ ဖြန့်ဝေထားရာမှာ ပျံ့နှံ့မှုအားကောင်းလျက်ရှိပါတယ်။ သတင်းမှားသာဖြစ်တယ်။ ဦးဖြိုးမင်းသိန်းအပါအဝင် NLD အလုပ်အမှုဆောင် ၄ ဦးကို ပါတီက ထုတ်ပယ်မှုသတင်းကို သတင်းခေါင်းစဉ်တုနဲ့ဖြန့်ချိနေခြင်းဖြစ်တယ်။

“ဒေါ်စုကို သစ္စာဖောက် စစ်တပ်အလို ကျ ကိုယ်ကျိုးရှာနေတဲ့ ဦးဖြိုးမင်းသိန်း စောစောလစ် သွားပြီ”လို့ ရေးသားပြီး “A Sone Thi” အမည်နဲ့ ဖေ့စ်ဘွတ်စာမျက်နှာက ဒီဗွီဒီယိုကို အောက်ပါအတိုင်းမျှဝေထား ရာမှာ ဒီပို့စ်ကို ပြန်လည်မျှဝေမှုအကြိမ်အရေအတွက် ၆၀၀ နီးပါးရှိခဲ့ပြီး ကြည့်ရှူ့မှုပေါင်း ၆ သိန်းကျော်ရှိပါတယ်။

မူရင်းလင်ခ့် – FB linkArchive link  

တူညီတဲ့ရေးသားမျှဝေမှုတွေကို ဖေ့စ်ဘွတ်ရဲ့ ဒီနေရာနဲ့ ယူကျူ့ရဲ့ ဒီနေရာမှာ လည်းတွေ့ရပါတယ်။ 

အချက်အလက်စိစစ်ချက်

ဗွီဒီယိုပါသတင်းဟာ သတင်းမီဒီယာတွေမှာ ဖော်ပြခဲ့တဲ့ ဦးဖြိုးမင်းသိန်း၊ ဒေါ်စန္ဒာမင်း ၊ ဦးတိုးလွင်၊ ဦးဝင်းမြင့် အောင်တို့ကို NLD မှ ထုတ်ပယ်ကြောင်း ကြေညာတယ်ဆိုတဲ့ သတင်းဖော်ပြနေခြင်းဖြစ်ပါတယ်။ ဒီလင့်ခ်နဲ့ ဒီလင့်ခ်မှာကြည့်ပါ။ စစ်ကောင်စီက အတုအယောင် ရွေးကောက်ပွဲတစ်ခု ဖန်တီးပြီး ပြည်သူလူထုနဲ့ ကမ္ဘာကို လှည့်စားဖို့ ကြံဆောင်နေချိန်မှာ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ပါတီဝင်တချို့က ပြည်သူ့ဆန္ဒ သဘောထားကို လေးစားလိုက်နာမှု မရှိတဲ့အပြင် ပါတီရပ်တည်ချက်ကို ဆန့်ကျင်၍လည်းကောင်း၊ ပါတီအမည်ကို အလွဲသုံးစား လုပ်ဆောင်၍လည်းကောင်း၊ စစ်အာဏာရှင် အလိုကျ လိုက်နာဆောင်ရွက်ရင်း ကိုယ်ကျိုးရှာ လုပ်ဆောင် နေကြကြောင်း ခိုင်လုံတဲ့ အထောက်အထားများရှိပြီး ပြည်သူ့ဆန္ဒကိုကျောခိုင်းပြီး ပါတီ၏မူဝါဒများကို ဆန့်ကျင် လုပ်ဆောင်နေမှုကို အရေးယူပေးရန်တောင်း ဆိုချက်အရ ပါတီက ထုတ်ပယ်လိုက်ခြင်းဖြစ်တယ်လို့ ဒီထုတ်ပြန်ချက်မှာဖော်ပြပါတယ်။

ဦးဖြိုးမင်းသိန်းအပစ်ခတ်ခံရတဲ့အကြောင်းလည်းမပါဝင်သလို အခြားသော သတင်းလုပ်ငန်းလုပ်ကိုင်နေတဲ့ မီဒီယာတွေမှာလည်းဖော်ပြချက်မရှိပါဘူး။

“A Sone Thi”အမည်နဲ့စာမျက်နှာဟာ နားလည်မှုလွဲစေနိုင်တဲ့ သတင်းခေါင်းစဉ်တုတွေနဲ့ မီဒီယာ လုပ်ငန်းမှာ ဖော်ပြခဲ့ပြီး စိတ်ဝင်စားဖွယ်သတင်းတွေကို ပြန်လည် ဖြန့်ချိနေခြင်းဖြစ်ပါတယ်။ 

သုံးသပ်ချက်

သတင်းမီဒီယာတွေမှာ ဖော်ပြခဲ့တဲ့ ဦးဖြိုးမင်းသိန်း၊ ဒေါ်စန္ဒာမင်း ၊ ဦးတိုးလွင်၊ ဦးဝင်းမြင့် အောင်တို့ကို NLD မှ ထုတ်ပယ်ကြောင်း ကြေညာချက်သတင်းနဲ့ အခြားသော ဖေ့စ်ဘွတ်မှာပျံ့နှံ့ခဲ့တဲ့ သတင်းတွေကို နှားလည်မှုလွဲစေ နိုင်တဲ့ သတင်းခေါင်းစဉ်တုအသုံးပြုဖြန့်ချိနေခြင်းဖြစ်တယ်။ ရန်ကုန်တိုင်းဝန်ကြီးချုပ်ဟောင်း ဦးဖြိုးမင်းသိန်း ပစ်သတ်ခံရတယ်ဆိုတာမဟုတ်ပါဘူး။ပြောဆိုချက် – ရန်ကုန်တိုင်းဝန်ကြီးချုပ်ဟောင်း ဦးဖြိုးမင်းသိန်း ပစ်သတ်ခံရ

Avatar

Title:Fact Check: ဒေါ်စုကို သစ္စာဖောက် စစ်တပ်အလိုကျလုပ်နေတဲ့ ဦးဖြိုးမင်းသိန်းပစ်သတ်ခံရဆိုတဲ့ သတင်းမှား

Fact Check By: နေရာမောင် 

Result: False


Leave a Reply

Your email address will not be published. Required fields are marked *