သတင်းလုပ်ငန်းအဓိကလုပ်ကိုင်နေတဲ့ မီဒီယာတွေမှာ ဖော်ပြနေတဲ့သတင်းဟာ သတင်းမှားတွေလို့ဆိုပြီးတော့ အမြဲတမ်းဖော်ပြနေတဲ့ “Fact Check” အမည်နဲ့ ဖေ့စ်ဘွတ်အကောင့်တစ်ခုကို Fact Crescendo Myanmar က သတိပြုမိခဲ့ပါတယ်။

အများပြည်သူအတွက် အဓိကသတင်းအရင်းအမြစ်တွေဖြစ်တဲ့ သတင်းမီဒီယာတွေကို သတင်းတုနဲ့ လုပ်ကြံရေးသားနေ တယ်လို့ တိုက်ခိုက်ပြီး Fact Check ဆိုတဲ့ဖေစ့်ဘွတ်ပေချ့်ကို Follow လုပ်ထားသူ တစ်သောင်းရှိပြီး ဒီအကောင့်ဟာ နေ့စဉ်နီးပါး လွတ်လပ်တဲ့ သတင်းမီဒီယာတွေက တင်သမျှ စစ်တပ်နဲ့ PDF တို့ရဲ့ ထိတွေ့မှုသတင်းတိုင်းကို သတင်းမှားအဖြစ်ဖော်ပြနေတာဖြစ်ပါတယ်။

ဒီစာမျက်နှာရဲ့ မတ် ၂ ရက်နေ့မှာ မြင်ရတဲ့ screenshot ဓာတ်ပုံဖြစ်ပါတယ်။

မူရင်းလင်ခ့် – FB link | Archive link

အချက်အလက်စိစစ်ချက်

အထူးသဖြင့် ဒီစာမျက်နှာဟာ Khit Thit Media၊ Mizzima၊ မြေလတ်အသံ၊ Ayeyarwaddy Times နဲ့ RFA Burmese သတင်းဌာနတွေမှာ ဖော်ပြထားတဲ့ သတင်းတွေကိုပဲ အချက်အလက်စိစစ်ပြီး Fake news(လုပ်ကြံရေးသားချက်များ)ဆိုပြီးတော့ ကြေညာနေတာဖြစ်ပါတယ်။ ရံဖန်ရံခါမှာတော့ Irrawaddy Burmese နဲ့ Myanmar Now ရဲ့ဖော်ပြချက်တွေကို သတင်းမှားနဲ့ လုပ်ကြံသတင်းတုဖြန့်ဝေမှုအဖြစ်စွပ်စွဲပါတယ်။ တကယ်တမ်း ဒီစာမျက်နှာက ယုံကြည်ရလောက်တဲ့ ဒီသတင်းဌာနကြီးတွေကို တန်ပြန်အချက်အလက်စိစစ်ပြီး လုပ်ကြံရေးသားနေတယ်လို့ တစ်ချိန်လုံးဖော်ပြနေပေမဲ့ ဘာကြောင့် လုပ်ကြံသတင်းဖြစ်တယ်ဆိုတာကို အထောက်အထားခိုင်ခိုင်လုံလုံနဲ့ ငြင်းဆိုခြင်းသို့မဟုတ် အချက်အလက်နဲ့ ငြင်းဆိုခြင်းမရှိဘဲ ဒေသတွင်းသတင်းအရ သိရသည်ဆိုပြီးတော့ပဲ အဆုံးသတ်ပါတယ်။

ဒီလိုသတင်းမှားဖြန့်တယ်လို့ ဒီစာမျက်နှာကစွပ်စွဲဖော်ပြထားတဲ့ နာမည်ကြီးသတင်းဌာနတွေဟာ စစ်အာဏာ သိမ်းအပြီးမှာ သတင်းမှားဖြန့်တယ်ဆိုတဲ့အကြောင်းပြချက်နဲ့ လိုင်စင်ပိတ်သိမ်းခံလိုက်ရတဲ့ သတင်းဌာနတွေ အများစုပါဝင်ပြီး မြန်မာ ဘာသာအသုံးပြုသူလူထုရဲ့ အဓိက အားထားနေရတဲ့ သတင်းရင်းမြစ်တွေပဲဖြစ်ပါတယ်။

လွတ်လပ်တဲ့ မီဒီယာတွေရဲ့ သတင်းကို သတင်းမှားအဖြစ် ထုတ်ဖော်ပြောဆိုထားခြင်းမရှိတဲ့ အရင်းအမြစ် ကတစ်ဆင့် သိရတယ်ဆိုပြီးတော့ ဒီဖေ့စ်ဘွတ်အကောင့်ကနေ နေ့စဉ်နဲ့အမျှ ဝါဒဖြန့်ချိနေခြင်းဖြစ်ပြီး လစဉ် ဒီသတင်း မီဒီယာတွေက သတင်းဖော်ပြချက်ကို သတင်းမှားဖြန့်ချိမှုအရေအတွက်ဆိုပြီးတော့ လည်းထုတ်ပြန်ပါသေးတယ်။

ဉပမာအနေနဲ့ ကြည့်ပါ။ “Mizzima”သတင်းဌာနက စစ်ကိုင်းမြို့နယ်၊ ရွာသစ်ကြီးကျေးရွာရှိ၊ သက်တော်ရ ကျောင်းတိုက်အား စစ်ကောင်စီတပ်က ၀င်ရောက်စီးနင်းပြီး ဘုန်းတော်ကြီး တစ်ပါးနှင့် ဝေယျာ၀စ္စ သမားလေးဦးကို ဖမ်းဆီးသွားကြောင်း Mizzima - News in Burmese က လူမှုကွန်ရက်ပေါ်တွင် ရေးသားထားတာ သတင်းမှားဆိုပြီးတော့ ဒီစာမျက်နှာက ဖြန့်ဝေခဲ့ပါတယ်။

သို့သော်လည်း ဒီသတင်းကို မြန်မာနောင်းသတင်းဌာနကလည်း အောက်ပါအတိုင်းထပ်မံရေးသားပါတယ်။ (သတင်းအပြည့်အစုံကို ဒီမှာကြည့်ပါ။) အလာတူပဲ အခြားသော လွတ်လပ်တဲ့ သတင်းမီဒီယာတစ်ခုဖြစ်တဲ့ DVB မှာလည်းဖော်ပြပါတယ်။

ဒီသတင်းဌာနတွေဟာ လူအများအပြားဖတ်ရှူ့နေတဲ့ပင်မမီဒီယာတွေဖြစ်ပြီး အခုဒီ “Fact Check”ဆိုတဲ့ စာမျက်နှာက စွပ်စွဲသလိုမျိုး အခြားသော အရင်းအမြစ်တွေကနေ သတင်းမှားဖြန့်နေတယ်ဆိုတဲ့ အထောက်အထားမျိုး၊ စွပ်စွဲချက်မျိုး မတွေ့ရပါဘူး။

သုံးသပ်ချက်

စစ်တပ်က အာဏာသိမ်းအပြီး လွတ်လပ်တဲ့မီဒီယာတွေကို သတင်းမှားဖြန့်ချိမှုနဲ့ စစ်တပ်ခန့် ပြန်ကြားရေးဝန်ကြိး ဌာနကပိတ်ပင်လိုက်ပေမဲ့ 7day သတင်းဌာနကလွဲ ကျန်တဲ့ မီဒီယာတွေဟာ သတင်းဆက်လက်တင်ဆက်နေ တာကို လွတ်လပ်တဲ့မီဒီယာကြီးတွေရဲ့ ပုံရိပ်ကိုဖျက်ဆီးဖို့အတွက် အခုလိုမျိုး Fact Check အမည်ခံပြီး သတင်းမှားအဖြစ်ပုံဖော်ဝါဒဖြန့်ချိနေခြင်းဖြစ်ပါတယ်။

Avatar

Title:Fact Check: လွတ်လပ်တဲ့သတင်းဌာနတွေကို သတင်းတုသတင်းမှားတင်တယ်လို့ ဝါဒဖြန့်နေတဲ့ Fact Check အမည်နဲ့ဖေ့စ်ဘွတ်စာမျက်နှာ

By: နေရာမောင်

Result: Explainer