Fact Check: စစ်ခေါင်းဆောင်ကို NATO အဖွဲ့က ဖမ်းဆီးခေါ်ဆောင်သွားတဲ့ သတင်းတု

False နိုင်ငံ‌ရေး

စစ်‌ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကို မြောက်အတ္တလန်တိတ်စစ်စာချုပ်အဖွဲ့(NATO) က ဖမ်းဆီးခေါ်ဆောင်သွားပြီလို့ဆိုတဲ့  ဗွီဒီယိုယူကျူ့ချန်နယ်တခုက ဒီဇင်ဘာ ၁၄ ရက်က ဖြန့်ချိထားရာမှာ ပျံ့နှံ့မှုအားကောင်းလျှက်ရှိပါတယ်။ သတင်းခေါင်းစဉ်တုတပ်ထားတဲ့ ဗွီဒီယိုသာဖြစ်တယ်။

အောက်ပါစာသားတွေကတော့ ပျံ့နှံ့မှုအားကောင်းနေတဲ့ ယူကျူ့ဗွီဒီယိုပါစာသားကောက်နုတ်ချက်ဖြစ်ပါတယ်။ 

“ကခုန်ကြဟေ့ အောင်ပွဲခံလို့ရပြီ အကြမ်းဖက်ခေါင်းဆောင် ကြင်စိုးမအလ NATO အဖွဲ့ဒီနေ့ပဲ ဖမ်းခေါ်သွားကြပြီဟေ့ ခေတ်သစ်တရားဝင်အတည်ပြုကြေညာပြီ”

မူရင်းလင်ခ့် – Yotube link | Archive link

အချက်အလက်စိစစ်ချက်

အခုလို ဖြန့်ဝေ ထားတဲ့ ယူကျူ့ချန်နယ် The Burmese’s on Air ကို ကြည့်မယ်ဆိုရင် သတင်းမီဒီယာအချို့မှာ ဖော်ပြခဲ့တဲ့ သတင်းတွေကို သတင်းခေါင်းစဉ်တု သို့မဟုတ် သတင်းခေါင်းလွဲတွေတပ်ကာ ပြန်လည်ဖြန့်ချိနေ ခြင်းဖြစ်တာတွေ့ ရပါတယ်။

အခု ဗွီဒီယိုအစမှာပြသတဲ့ Thumbnail ဓာတ်ပုံမှာ မြန်မာစစ်‌ခေါင်းဆောင်ကို NATO အဖွဲ့က ဖမ်းဆီးခေါ်ဆောင် သွားပြီလို့ ခေတ်သစ်သတင်း ဌာနက အတည်ပြုလိုက်တယ်လို့ ဆိုထားပေမဲ့ ဗွီဒီယိုတခုလုံးမှာ ဒီအကြောင်းအရာ တစုံတရာမပါဝင်ပါဘူး။ အဓိကအားဖြင့် သတင်းလုပ်ငန်းလုပ်ကိုင်နေတဲ့ မီဒီယာတွေမှာ ဒီသတင်းဖော်ပြချက် မရှိပါဘူး။  

တကယ်တမ်း ဗွီဒီယိုထဲမှာပါတဲ့အကြောင်းအရာတွေဟာ ရန်ကုန်ခေတ်သစ်သတင်းဌာနကဖော်ပြခဲ့တဲ့ “မုံရွာမြို့ အခြေစိုက် အနောက်မြောက်တိုင်း စစ်ဌာနချုပ်ကို ဒရုန်းဖြင့် ဗုံးကျဲတိုက်ခိုက်မှု စစ်ဗိုလ် ၅ ဦးသေဆုံးပြီး အများ အပြား ထိခိုက်ဒဏ်ရာရ”၊ “မြောက်ပိုင်း ၃ ဖွဲ့နှင့် စစ်တပ်ကိုယ်စားလှယ်တို့ တရုတ်တောင်းဆိုမှုအရ ယူနန် ပြည်နယ် ကူမင်းမြို့မှာ တွေ့ဆုံခဲ့သော်လည်း မိနစ်ပိုင်းသာကြာမြင့်”၊ “NUG ကာကွယ်ရေး ဒုဝန်ကြီး နိုင်ကောင်ရွက်က မွန်ပြည်တော်လှန်ရေးတပ်များနှင့်တွေ့ဆုံ ၊ စစ်အာဏာရှင် အမြစ်ဖြတ်ရေး အဆုံးအထိ တိုက်ပွဲဝင်ရန် သစ္စာရေသောက် ကတိသစ္စာပြု”စတဲ့ သတင်းတွေကို ပြန်လည်ဖတ်ကြား နေခြင်းဖြစ်တယ်။

သုံးသပ်ချက်

မီဒီယာတွေမှာဖော်ပြခဲ့တဲ့ တော်လှန်ရေးတပ်ဖွဲ့ဝင်တွေက တိုက်ခိုက်မှုသတင်း၊ မြောက်ပိုင်းမဟာမိတ် ၃ ဖွဲ့နဲ့ စစ်ကောင်စီဆွေးနွေးပွဲ၊ NUG ဒု-ကာကွယ်ရေးဝန်ကြီးရဲ့ မွန်ပြည်နယ်ခရီးစဉ်စတာတွေကို  ပြန်လည်ဖော်ပြပြီး ခေါင်းစဉ်တုတပ်ထားခြင်းဖြစ်တယ်။ စစ်‌ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကို NATO က ဖမ်းဆီး ခေါ်ဆောင်သွားပြီဆိုတာ မဟုတ်ပါဘူး။

ပြောဆိုချက်- မြန်မာစစ်‌ခေါင်းဆောင်ကို NATO က ဖမ်းဆီးခေါ်ဆောင်သွားပြီ

Avatar

Title:Fact Check: စစ်ခေါင်းဆောင်ကို NATO အဖွဲ့က ဖမ်းဆီးခေါ်ဆောင်သွားတဲ့ သတင်းတု

Written By: နေရာမောင် 

Result: False


Leave a Reply

Your email address will not be published. Required fields are marked *