Fact Check: လက်နက်ကြီးကြောင့် သေဆုံးသူ အမျိုးသမီးကို PDF က မုဒိန်းကျင့် သတ်ဖြတ်မှုအဖြစ် သတင်းမှားဖြန့်

False နိုင်ငံရေး | Politics

လက်နက်ကြီး ထိမှန်သေဆုံးသူ အမျိုးသမီးတဦးကို PDF က မုဒိန်းကျင့် သတ်ဖြတ်မှုအဖြစ် ဖြန့်ဝေထားတဲ့ သတင်းမှားပို့စ်တစ်ခု ဖေ့စ်ဘွတ်အသုံးပြုသူတွေအကြား ပျံ့နှံ့မှုအားကောင်းလျှက်ရှိပါတယ်။

အောက်ပါစာသားတွေကတော့ ဖေ့စ်ဘွတ်မှာ ဖြန့်ဝေနေတဲ့ ပို့စ်ပါစာသားကောက်နုတ်ချက်ဖြစ်ပါတယ်။ 

“PDF အမျိုးသား ၃ ဦးက 

PDF အမျိုးသမီး ၁ ဦး ကို မုဒိန်းကျင့်

စစ်ကိုင်းတိုင်း မြင်းမူမြို့နယ်မှာရှိတဲ့ အကြမ်းဖက် PDF စခန်းမှာ PDFအမျိုးသား ၃ ဦးက PDF အမျိုးသမီးကို အုပ်စုဖွဲ့ မုဒိန်းကျင့်ပြီး ပစ်ခတ်မှုဖြစ်ပွားကာ မုဒိန်းကျင့်ခံရသည့် အမျိုးသမီးလည်းသေဆုံးပြီး မုဒိန်းကျင့်တဲ့PDF သေဆုံးကြောင်းသိရ”

တူညီတဲ့ ရေးသားမျှဝေမှုကို ဒီနေရာဒီနေရာနဲ့ ဒီနေရာမှာလည်း တွေ့ရပါတယ်။

မူရင်းလင်ခ့် – Fb link | Archive link

အချက်အလက်စိစစ်ချက်

သတင်းလုပ်ငန်းအဓိကလုပ်ကိုင်နေတဲ့ မီဒီယာတွေမှာ ဒီဓာတ်ပုံကို ဩဂုတ်လ ၂၁ ရက် မနက် ၁၀ နာရီဝန်းကျင်မှာ စစ်ကိုင်း ညောင်ပင်ရှည်ရွာကို စစ်ကောင်စီတပ် စစ်ကြောင်းဝင်ပြီး မြစ်တဖက်ကမ်းမှာရှိတဲ့ မြင်းမူမြို့နယ် မူးမန္တလေးရွာထဲကို လက်နက်ကြီး ၃ လုံးနဲ့ ပစ်ခတ်လို့ အသက် ၂၁ နှစ်အရွယ် အမျိုးသမီး ငယ် ၁ ဦး ထိမှန်သေ ဆုံးခဲ့တဲ့ အကြောင်းရေးသားထားတဲ့သတင်းမှာတွေ့ရပါတယ်။  မြေလတ်အသံသတင်းဌာနက အသုံးပြုထားတဲ့ ဓာတ်ပုံကို အောက်မှာကြည့်ပါ။  ဒီစစ်ကြောင်းနဲ့ PDF တို့ထိတွေ့တိုက်ပွဲအတွင်းမှာ PDF သုံးဦးကျဆုံးခဲ့ကြောင်း လည်း ဒီသတင်းမှာဖော်ပြပါတယ်။

သေဆုံးခဲ့သူဟာ အသက် ၂၁ နှစ်အရွယ် မသင်္ကြန်ဦးဆိုသူဖြစ်ပြီ လက်နက်ကြီးကြောင့် ခြေထောက်က လည်းပြတ်လုနီးပါး၊ဘယ်ဘက်နံဘေး ညာဘက်နံဘေးနဲ့လည်ပင်းသုံးချက်ထိမှန် သေဆုံးခဲ့ရတာဖြစ်ကြောင်း Delta News Agencyက ရေးသားပြီး အခုလိုမျိုး စစ်တပ်‌လော်ဘီ တယ်လီဂရမ်အကောင့်တွေမှာ  ဒီသတင်းကို PDF က မုဒိန်းကျင့်မှုအဖြစ် ပုံဖျက်သတင်းမှားဖြန့်‌နေတဲ့အကြောင်းလည်း အချက်အလက် စိစစ်ချက်ဆိုပြီးတော့ ဖော်ပြခဲ့ပါသေးတယ်။ ဒီလင့်ခ်မှာကြည့်ပါ။

သုံးသပ်ချက်

အထက်ပါအချက်အလက် မြင်းမူမြို့နယ် မူးမန္တလေးရွာမှာ အမျိုးသမီးတဦး လက်နက်ကြီး ထိမှန်သေဆုံးမှု သတင်းကို PDF က မုဒိန်းကျင့် သတ်ဖြတ်လို့ သေဆုံးမှုအဖြစ် သတင်းမှားဖြန့်ဝေနေခြင်းဖြစ်တယ်။

ပြောဆိုချက်- PDF က မုဒိန်းကျင့် သတ်ဖြတ်လို့ သေဆုံးခဲ့ရတဲ့ အမျိုးသမီးတဦးရဲ့ နာရေးမြင်ကွင်း

Avatar

Title:Fact Check: လက်နက်ကြီးကြောင့် သေဆုံးသူ အမျိုးသမီးကို PDF က မုဒိန်းကျင့် သတ်ဖြတ်မှုအဖြစ် သတင်းမှားဖြန့်

Written By: နေရာမောင် 

Result: False


Leave a Reply

Your email address will not be published. Required fields are marked *