Fact Check: SAMSUNG မွေးနေ့ အထိမ်းအမှတ် ဖုန်းအသစ် အလုံး ၉၈၀ ပေးမယ်ဆိုတဲ့ သတင်းတု

False လူမှုရေး

ဆမ်ဆောင်း(SAMSUNG)မွေးနေ့ အထိမ်းအမှတ် ဖုန်းအသစ် အလုံး ၉၈၀ ပေးမယ်လို့ ဆိုလိုထားတဲ့ ပို့စ်တွေ ဖေ့စ်ဘွတ် အသုံးပြုသူတွေအကြား ပျံ့နှံ့နေတာဟာ သတင်းမှား ဖြန့်ဝေနေခြင်းဖြစ်တာတွေ့ရတယ်။ 

ဩဂုတ် ၅ ရက်က ဖြန့်ဝေခဲ့ပြီး ပျံ့နှံ့မှုအားကောင်းနေတဲ့ ဖေ့စ်ဘွတ်ပို့စ်စခရင်ရှော့နဲ့ ပို့စ်ပါစာသားကောက်နုတ်ကို အောက်မှာ ကြည့်ပါ။ အလား တူညီတဲ့ရေးသားမျှဝေမှုကို ဒီစာမျက်နှာကပဲ ဇူလိုင် ၄ ရက်က ဖြန့်ဝေခဲ့ရာမှာတော့ ပြန်လည်မျှဝေမှုပေါင်း ၃၆၀၀ ကျော်ရရှိခဲ့တယ်။ ဒီမှာကြည့်ပါ။  ပဟေဠိဖြေဆိုနိုင်သူတွေကို ဆမ်ဆောင်းက ဖုန်းလက်ဆောင်တွေပေးနေတယ်ဆိုပြီးတော့ မျှဝေခဲ့ပါသေးတယ်။

“SAMSUNG မွေးနေ့ အထိမ်းအမှတ်။ *SAMSUNG* သည် 2024 ခုနှစ် ဩဂုတ်လ 12 ရက်မတိုင်မီ “Happy Birthday” ကိုဆန္ဒပြုလိုသူတိုင်းထံ Samsung ဖုန်းအသစ် 980 လုံးကို လက်ဆောင်ပေးပါသည်။

@pengikut”

C:\Users\User\Downloads\samsung.png

မူရင်းလင်ခ့် – Fb link | Archive link

အချက်အလက်စိစစ်ချက်

ဒီလိုကြော်ငြာမှုတွေကို ဖုန်းထုတ်လုပ်တဲ့ ဆမ်ဆောင်း(SAMSUNG)ကုမ္ပဏီရဲ့ တရားဝင် လူမှုကွန်ယက် အကောင့် တွေ(ဒီလင့်ခ်နဲ့ ဒီလင့်ခ်)မှာ ကြော်ငြာနေတာမတွေ့ရပါဘူး။ 

C:\Users\User\Downloads\samsung.png

၂၀၂၃ ခုနှစ် ဒီဇင်ဘာက စတင်ဖွင့်လှစ်ခဲ့တဲ့ ဒီဖေ့စ်ဘွတ်စာမျက်နှာဟာ SAMSUNG အမှတ်တံဆိပ်အသုံးပြုပြီး ပ‌ဟေဠိဖြေဆိုနိုင်သူတွေကို ဖုန်းလက်ဆောင် ပေးမယ်၊ မွေးနေ့လက်ဆောင် ဖုန်းတွေပေးမယ်ဆိုပြီး မျှဝေမှုတွေနဲ့ လိမ်လည်လှည့်ဖြား ရေးသားချက်တွေကလွဲ လို့ မူလဖုန်းထုတ်လုပ်တဲ့ ကုမ္ပဏီနဲ့ သက်ဆိုင်တဲ့အထောက် အထားလည်း မတွေ့ရပါဘူး။

C:\Users\User\Downloads\samsung.png

ဒီလိုပဲ ၂၀၂၃ ခုနှစ်ထဲမှာ ပဟေဠိဖြေဆိုနိုင်သူတွေကို ဆမ်ဆောင်းက ဖုန်းလက်ဆောင်တွေပေးနေတယ်ဆိုပြီး ရေးသားဖြန့်ဝေမှုနဲ့ ပတ်သက်ပြီး Fact Crescendo Myanmar ကအချက်အလက်စိစစ်ဖော်ပြခဲ့ပြီးဖြစ်ပါတယ်။ ဒီလင့်ခ်မှာ ကြည့်ပါ။ 

သုံးသပ်ချက်

ဆမ်ဆောင်းက ဖုန်းလက်ဆောင်တွေပေးနေတယ်ဆိုပြီး ဖေ့စ်ဘွတ်မှာ ဖြန့်ဝေနေတာတွေဟာ SAMSUNG အမှတ်တံဆိပ်အသုံးပြုပြီး လိမ်လည်လှည့်စားထားခြင်းသာဖြစ်တယ်။ ဒီလိုကြေညာမှုမျိုးကို ဆမ်းဆောင် ကုမ္ပဏီက စီမံခန့်ခွဲနေတဲ့ တရားဝင်လူမှုကွန်ယက်စာမျက်နှာတွေမှာ ဖော်ပြချက်မရှိပါဘူး။

ပြောဆိုချက်- မွေးနေ့ အထိမ်းအမှတ်အဖြစ် SAMSUNG က ဖုန်းအသစ် အလုံး ၉၈၀ ပေးမယ် 

Avatar

Title:Fact Check: SAMSUNG မွေးနေ့ အထိမ်းအမှတ် ဖုန်းအသစ် အလုံး ၉၈၀ ပေးမယ်ဆိုတဲ့ သတင်းတု

Fact Check By: Zun Zee 

Result: False


Leave a Reply

Your email address will not be published. Required fields are marked *