Fact Check: တရုတ်က MNDAA ခေါင်းဆောင် ဖုန်တာရွှင်ကို သေဒဏ်ပေးတဲ့ သတင်းတု

False နိုင်ငံရေး | Politics

မြန်မာနိုင်ငံက တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့ MNDAA ခေါင်းဆောင် ဖုန်တာရွှင်ကို တရုတ်က သေဒဏ်ပေးလိုက် တယ်လို့ ဆိုထားတဲ့ ဗွီဒီယိုတခု ယူကျူ့အသုံးပြုသူတွေအကြား ပျံ့နှံ့မှုအားကောင်းလျက်ရှိတယ်။ နားလည်မှုလွဲစေနိုင်တဲ့ သတင်းမှားတခုဖြစ်တာတွေ့ရတယ်။ 

နိုဝင်ဘာ ၁၈ ရက်မှာ စတင်ဖြန့်ဝေခဲ့တဲ့ ဒီဗွီဒီယိုဟာ ၂ ရက်အတွင်း ကြည့်ရှု့မှုပေါင်း ၃၀၀၀ ကျော်ရရှိထားတယ်။  ပျံ့နှံ့မှုအားကောင်းနေတဲ့ ယူကျူ့ဗွီဒီယိုစခရင်ရှော့နဲ့ ဗွီဒီယိုထဲပါ စာသားကောက်နုတ်ကို အောက်မှာ ကြည့်ပါ။ 

“မအလနဲ့တရုတ်က MNDAA ခေါင်းဆောင်ကြီး 

သေဒဏ်

ဖုန်တာရွှင်ကို ဖမ်းဆီးပြီး သေဒဏ်ပေးလိုက်ပြီ

နားထောင်ရင်း မျက်ရည််တောင်ကျတယ်ဗျာ”

C:\Users\User\Downloads\Untitled.jpg

မူရင်းလင်ခ့် – Youtube link | Archive link

အချက်အလက်စိစစ်ချက်

“Khit Thit Channel”အမည်နဲ့ ယူကျူ့ချန်နယ်ဟာ သတင်းလုပ်ငန်းလုပ်ကိုင်နေတဲ့ မီဒီယာတချို့မှာ‌ဖော်ပြခဲ့တဲ့ သတင်းတချို့ကို ခေါင်းစဉ်လွဲသို့မဟုတ် သတင်းခေါင်းစဉ်တုတပ်ကာ ဗွီဒီယိုပုံစံနဲ့ ပြန်လည်ဖြန့်ချိနေတာ တွေ့ရပါတယ်။

အခုလည်း ဗွီဒီယိုထဲမှာပါတဲ့ အကြောင်းအရာဟာ ရန်ကုန်ခေတ်သစ်သတင်းဌာနက‌‌ နိုဝင်ဘာ ၁၈ ရက်မှာ ဖော်ပြခဲ့တဲ့ “MNDAA ခေါင်းဆောင် ဖုန်တာရွှင်ကို တရုတ်က အကျယ်ချုပ် ဖမ်းဆီးထားသည် ဆိုသော သတင်းကို MNDAA က ငြင်းပယ်လိုက်ပြီး လားရှိုးတွင် ကိုးကန့်တပ်များက မြို့ပုံမှန်အတိုင်း ပြန်လည်ပတ်ရေး အားသွန်ခွန်စိုက် ဆောင်ရွက်နေဟုဆို”ဆိုတဲ့ သတင်းကို ပြန်လည်မျှဝေထားတာဖြစ်တယ်။ 

ဒီအပြင် ၉ မိနစ်ကျော်ရှည်လျားတဲ့ ဒီဗွီဒီယိုထဲမှာ ရန်ကုန်ခေတ်သစ်သတင်းဌာနကဖော်ပြခဲ့တဲ့ “မြင်းခြံတွင် စစ်တပ်က စစ်ကြောင်းထိုးနေပြီး တိုက်ပွဲများ နေ့စဉ် ပြင်းထန်နေကာ လေယာဉ်ဖြင့် မှားယွင်း ဗုံးကျဲမှုကြောင့် စစ်သား ၂၀ ဦးထက်မနည်းသေဆုံး၊ ချေဆေးရွာကိုလည်း စစ်တပ်က ရွာလုံးကျွတ် မီးရှို့ဖျက်ဆီး”နဲ့ “ပခုက္ကူမြို့ လေဆိပ်တွင် တပ်စွဲထားသော စစ်တပ်နှင့် မြင်းမူတွင် မိုင်းရှင်းနေသော စစ်သားများကို တိုက်ခိုက်မှု စစ်တပ်ဘက်မှ အရာရှိ ၁ ဦးသေဆုံး”စတဲ့ သတင်းတွေကို ပြန်လည်ဖြန့်ဝေထားတယ်။

သုံးသပ်ချက်

“Khit Thit Channel”အမည်နဲ့ ယူကျူ့ချန်နယ်ဟာ သတင်းလုပ်ငန်းလုပ်ကိုင်နေတဲ့ မီဒီယာတွက သတင်းတွေကို ကူးယူဖော်ပြပြီး သတင်းခေါင်းစဉ်တုတပ် ဗွီဒီယိုတွေ ဖြန့်ချိနေခြင်းဖြစ်တယ်။ တကယ်တမ်းမှာ တရုတ်ဟာ အာဏာသိမ်းစစ်တပ်ဘက်ကို သိသိသာသာယိမ်းပြီး နယ်စပ်ဂိတ်တွေ ပိတ်ထားတယ်ဆိုပေမဲ့ MNDAA ခေါင်းဆောင် ဖုန်တာရွှင်ကို သေဒဏ်ပေးလိုက်တယ်ဆိုတဲ့ အထောက်အထားမရှိဘဲ သတင်းတု ဖြန့်ချိနေခြင်းဖြစ်တာတွေ့ရတယ်။

Avatar

Title:Fact Check: တရုတ်က MNDAA ခေါင်းဆောင် ဖုန်တာရွှင်ကို သေဒဏ်ပေးတဲ့ သတင်းတု

Written By: Zun Zee  

Result: False