
နိုင်ငံတဝန်းလုံးက တပ်တွေကို လက်နက်ချဖို့ စစ်ခေါင်းဆောင်က ကြေညာလိုက်ပြီး အာဏာလွှဲ ပြောင်းရေး အတွက် NUG တာဝန်ရှိသူတွေလည်း နေပြည်တော်ရောက်နေပြီလို့ ဆိုထားတဲ့ ဗွီဒီယိုပို့စ်တခု ယူကျူ့ ချန်နယ်တခုက မျှဝေထားရာ ပျံ့နှံ့မှုအားကောင်းခဲ့တာတွေ့ရတယ်။ သတင်းတုဖြန့်ချိနေခြင်းဖြစ်တယ်။
ပျံ့နှံ့မှုအားကောင်းနေတဲ့ ဗွီဒီယိုပို့စ်ပါ စာသားကောက်နုတ်ချက်နဲ့ စခရင်ရှော့ ဓာတ်ပုံကို အောက်မှာကြည့်ပါ။
“17.7.2024
ပြည်သူ့တော်လှန်ရေးကြီး
အောင်ပြီဟေ့ အောင်ပြီ
နိုင်ငံတဝန်းလုံးက စစ်ကောင်တပ်များကို
လက်နက်ချလိုက်ကြဖို့ မအလ ကြေငြာလိုက်ပြီ
အာဏာလွှဲဖို့ NUG တာဝန်ရှိသူတွေ နပတရောက်နေ”(မူလ အရေးအသား)
မူရင်းလင်ခ့် – Youtube link | Archive link
အချက်အလက်စိစစ်ချက်
ဗွီဒီယိုဖြန့်ဝေထားတဲ့ “Aung Vlog”အမည်နဲ့ ယူကျူ့ချန်နယ်ဟာ သတင်းမီဒီယာတချို့မှာဖော်ပြခဲ့တဲ့ သတင်းတွေ ကို ကူးယူဖော်ပြပြီး သတင်းခေါင်းစဉ်တုတပ်ကာ ဖြန့်ချိတာ၊ လုပ်ကြံသတင်းမှားတွေ ဖြန့်ချိတာတွေ လုပ်လေ့ ရှိတယ်။ ဒီယူကျူ့ ချန်နယ်နဲ့ ပတ်သတ်ပြီး Fact Crescendo Myanmar က အချက်အလက်စိစစ်ထားတာကို ဒီလင့်ခ်မှာ ကြည့်ပါ။
သတင်းလုပ်ငန်းအဓိကလုပ်ကိုင်နေတဲ့ မီဒီယာတွေမှာ စစ်ခေါင်းဆောင်က သူ့တပ်တွေကို လက်နက်ချခိုင်းတဲ့ ဒီသတင်း ဖော်ပြချက်မရှိပါ။ အခြားသော ယုံကြည်ရလောက်တဲ့ သတင်းအရင်းအမြစ်တွေမှာလည်း ဒီလိုဖော်ပြချက်လည်းမရှိပါဘူး။
ဒီအပြင် ဗွီဒီယိုထဲမှာပါတဲ့အကြောင်းအရာဟာ ရန်ကုန်ခေတ်သစ်သတင်းဌာနကဖော်ပြခဲ့တဲ့ “နေပြည်တော် အေလာ လေတပ်စခန်း ရှော့တိုက်ဒုံးဖြင့် အပစ်ခံရပြီးနောက် ပန်းတင်ကျေးရွာအနီးမှ လယ်သမားများ၊ မြက်ရိတ်နေသူများကို စစ်တပ်က ရိုက်နှက်ဖမ်းဆီးသွားပြီး အဆက်အသွယ်ပြတ်နေ”ဆိုတဲ့ သတင်းနဲ့ ဧရာဝတီတိုင်းမ်သတင်းဌာနကဖော်ပြခဲ့တဲ့ “မြန်မာ့အရေးကို စိုးရိမ်မိဟု ကုလအဖွဲ့ဝင်နိုင်ငံတွေ ထုတ်ဖော်ပြော”စတဲ့သတင်းတွေကို ပြန်လည်ဖော်ထားခြင်းသာဖြစ်တယ်။
သုံးသပ်ချက်
နိုင်ငံတဝန်းလုံးက တပ်တွေကို လက်နက်ချလိုက်ကြဖို့ စစ်ခေါင်းဆောင်က ကြေညာလိုက်တယ်ဆိုတာ မဟုတ်သလို NUG တာဝန်ရှိ သူတွေ နေပြည်တော်ရောက်ပြီး အာဏာလွှဲပြောင်းရေး လုပ်နေတယ် ဆိုတာလည်းအထောက် အထားမရှိပါဘူး။ “Aung Vlog”အမည်နဲ့ ယူကျူ့ချန်နယ်ဟာ မီဒီယာတချို့က သတင်းတွေကို ကူးယူဖြန့်ချိတာ၊ လုပ်ကြံသတင်းမှားဖြန့်ချိတာပြုလုပ်နေတဲ့ ချန်နယ်တခုဖြစ်တယ်။
ပြောဆိုချက်- နိုင်ငံတဝန်းက တပ်တွေကို လက်နက်ဖို့ စစ်ခေါင်းဆောင်က ကြေညာလိုက်ပြီး NUG နဲ့ နေပြည်တော်မှာ အာဏာလွှဲပြောင်းရေးစီစဉ်

Title:Fact Check: လက်အောက်ခံတပ်တွေ လက်နက်ချဖို့ စစ်ခေါင်းဆောင် ကြေညာပြီး NUG ကို အာဏာလွှဲပြောင်းဖို့စီစဉ်တဲ့ သတင်းတု
Fact Check By: နေရာမောင်Result: False