
စစ်ခေါင်းဆောင် အာဏာစွန့်ပြီး ဒေါ်အောင်ဆန်းစုကြည် ပြန်လွတ်လာတဲ့ သတင်းတုပို့စ်တွေ ယခုရက်ပိုင်း ယူကျု့ချန်နယ်တွေမှာ ထပ်မံဖြန့်ဝေလာရာ ပျံ့နှံ့မှုအားကောင်းလျှက်ရှိပါတယ်။ သတင်းတု သတင်းမှားသာဖြစ်တယ်။
အောက်ပါစာသားတွေကတော့ ပျံ့နှံ့မှုအားကောင်းနေတဲ့ ပို့စ်ပါစာသားကောက်နုတ်ချက်ဖြစ်ပါတယ်။ –တူညီတဲ့ရေးသားမျှဝေမှုကို ဒီနေရာမှာလည်းတွေ့ရတယ်။
“ရာထူးမှအနားယူမဲ့ရက်အတိအကျကြေညာပြီ
ဆွေးနွေးမှုအောင်မြင်
ဒေါ်အောင်ဆန်းစုကြည်ကို လွှတ်ဖို့အတည်ပြုပြီ
MRTVမှာ မအလ ကမ္ဘာသိကြေညာ(ရုပ်/သံ)”
မူရင်းလင်ခ့် – Youtube link | Archive link
အချက်အလက်စိစစ်ချက်
ဒီချန်နယ်ဟာ ဗွီဒီယိုထဲမှာလည်း လာမယ့် အာဇာနည်နေ့မှာ ဒေါ်အောင်ဆန်းစုကြည်ကို လွတ်ငြိမ်းခွင့်ပေးတော့ မလားဆိုပြီးတော့ ဖော်ပြခဲ့ပေမဲ့ သတင်းလုပ်ငန်းအဓိကလုပ်ကိုင်နေတဲ့ မီဒီယာတွေမှာ ဒေါ်အောင်ဆန်းစုကြည် ပြန်လွတ်လာမယ်ဆိုတဲ့ အကြောင်းဖော်ပြချက်မတွေ့ရပါဘူး။ အခုဖြန့်ဝေထားတဲ့ “KK Audiobooks”အမည်နဲ့ ယူကျူ့ချန်နယ်ဟာ အခုလိုပဲ လုပ်ကြံသတင်းတွေဖော်ပြလေ့ရှိတယ်။ ဒီချန်နယ်နဲ့ ပတ်သတ်ပြီး Fact Crescendo Myanmar က အချက်အလက်စိစစ်ထားတာတွေကို ဒီလင့်ခ်မှာကြည့်ပါ။
တကယ်တမ်း ဗွီဒီယိုပါအကြောင်းအရာဟာ ဧရာဝတီတိုင်းမ်သတင်းဌာနကဖော်ပြခဲ့တဲ့ “စစ်ကောင်စီတပ်အတွင်း မင်းအောင်လှိုင်ကို မျက်နှာလည်း မမြင်ချင် အသံလည်း မကြားချင်လောက်အောင် စိတ်ပျက်နေကြောင်း တပ်တွင်းသတင်းရင်းမြစ်များပြောဆို”ဆိုတဲ့ သတင်းအကြောင်းအရာသာဖြစ်တယ်။
သုံးသပ်ချက်
“KK Audiobooks”အမည်နဲ့ ယူကျူ့ချန်နယ်ဟာ အခုလိုပဲ လုပ်ကြံသတင်းတွေဖော်ပြလေ့ရှိတယ်။ ရာထူးမှအနားယူမဲ့ရက်အတိအကျ စစ်ခေါင်းဆောင် ကြေညာတယ်ဆိုတာ မဟုတ်သလို ဒေါ်အောင်ဆန်း စုကြည်ကို လွှတ်ဖို့ MRTV မှာ ကြေညာလိုက်ပြီဆိုတာလည်း အထောက်အထားမရှိပါဘူး။
ပြောဆိုချက်- စစ်ခေါင်းဆောင် အာဏာစွန့်ပြီး ဒေါ်အောင်ဆန်းစုကြည် ပြန်လွတ်လာ

Title:Fact Check: စစ်ခေါင်းဆောင် အာဏာစွန့်ပြီး ဒေါ်အောင်ဆန်းစုကြည် ပြန်လွတ်လာတဲ့ သတင်းတု
Fact Check By: နေရာမောင်Result: False