ဘုန်းကြီး စစ်ခေါင်းဆောင် ဦးဝါသဝရဲ့ ပျူစောထီးကွန်မန်ဒိုတပ်တွေ လက်နက်ချ၊ အညံ့ခံအလံဖြူထောင် အလင်းဝင်ပြီလို့ဆိုပြီး ဗွီဒီယိုတခု ယူကျူ့မှာ ဖြန့်ဝေထားရာ ပျံ့နှံ့မှုအားကောင်းလျှက်ရှိပါတယ်။

အောက်မှာ စာသားနဲ့ စခရင်ရှော့ကတော့ ဒီလိုမျှဝေထားတဲ့ ယူကျူ့ချန်နယ်တခုက ပျံ့နှံ့မှုအားကောင်းနေတဲ့ ဗွီဒီယိုကို ရယူထားခြင်းဖြစ်တယ်။ ဒီဇင်ဘာ ၂၄ ရက်ကဖြန့်ဝေထားတဲ့ ဒီဗွီဒီယိုဟာ တရက်အတွင်း ကြည့်ရှု့မှု အကြိမ်အရေအတွက် သိန်းခွဲဝန်းကျင်ရှိပါတယ်။

“ပျူကတုံးဝါသဝရဲ့အထူးကွန်မန်ဒိုတပ်ကြီး လက်နက်ချ၊အညံ့ခံအလံဖြူထောင်အလင်းဝင်ပြီဗျို”

မူရင်းလင်ခ့် – Youtube link | Archive link

အချက်အလက်စိစစ်ချက်

ဗွီဒီယိုကိုဖြန့်ဝေထားတဲ့ “Khit Thit Television”အမည်နဲ့ ယူကျူ့ချန်နယ်ဟာ သတင်းမီဒီယာ အချို့မှာ ဖော်ပြခဲ့ ပြီးဖြစ်တဲ့ သတင်းတွေကို ခေါင်းစဉ်တု သို့မဟုတ် ထင်ယောင်ထင်မှားဖြစ်စေတဲ့ သတင်းခေါင်းတွေတပ်ပြီး ပြန် လည် ဖြန့်ချိပါတယ်။ ပြည်တွင်းသတင်းလုပ်ငန်းမှာ နာမည်ကြီး ရန်ကုန်ခေတ်သစ်မီဒီယာ ကိုတုပထားတဲ့ ချန်နယ်တခုဖြစ်ပါတယ်။ ဒီချန်နယ်နဲ့ပတ်သက်ပြီး Fact Crescendo Myanmar ရဲ့ အချက်အလက်စိစစ်ချက်ကို ဒီလင့်ခ်နဲ့ ဒီလင့်ခ်မှာ ကြည့်ပါ။

အခုလည်း ၉ မိနစ်ကျော်ရှည်လျားတဲ့ ဒီဗွီဒီယိုထဲပါအကြောင်းအရာဟာ ဒီဇင်ဘာ ၂၄ ရက်က ရန်ကုန်ခေတ်သစ်မီဒီယာကဖော်ပြခဲ့တဲ့ “ရွှေဘိုမြို့နယ်၊ မြင်းချင်း ပျူစောထီးရွာကို တိုက်ခိုက်သိမ်းပိုက်မှု ပျူစောထီးများနှင့် မိသားစုဝင် ၅၀ ကျော် အရှင်ဖမ်းမိပြီး ပျူစောထီး ၁ ဦးသေဆုံး”၊ Development Media Group ကဖော်ပြခဲ့တဲ့ ဘာသာပြန်ဆောင်းပါတပုဒ်ဖြစ်တဲ့ “စစ်ကောင်စီကို လျှော့တွက်ဖို့ စောလွန်းသေးသည်” စတာတွေကို ပြန်လည်ဖော်ပြနေခြင်းဖြစ်တယ်။

သုံးသပ်ချက်

ရွှေဘိုမြို့နယ် မြင်းချင်း ပျူစောထီးရွာကို PDF တွေဝင်ရောက်တိုက်ခိုက်သိမ်းပိုက်မှု ပျူစောထီးတွေနဲ့ မိသားစုဝင် ၅၀ ကျော် အရှင်ဖမ်းမိပြီး ကျန် ပျူစောထီးတွေ ထွက်ပြေးသွားတဲ့သတင်းကို ခေါင်းစဉ်လွဲတပ်ထားခြင်းဖြစ်တယ်။ ဘုန်းကြီး စစ်ခေါင်းဆောင် ဦးဝါသဝရဲ့ ပျူစောထီးကွန်မန်ဒိုတပ်တွေ လက်နက်ချ၊ အလင်းဝင်တယ်ဆိုတာ မဟုတ်ပါဘူး။

ပြောဆိုချက်- ဦးဝါသဝရဲ့ ပျူစောထီးကွန်မန်ဒိုတပ်တွေ လက်နက်ချ၊ အလင်းဝင်လာ

Avatar

Title:Fact Check: ဦးဝါသဝရဲ့ ပျူစောထီးတွေ လက်နက်ချအလင်းဝင်တဲ့ သတင်းမှား

Written By: နေရာမောင်

Result: False