Fact Check: ဒေါ်ဇင်မာအောင်ကို တီမောက လက်နက်အကူအညီပေးသလား-မဟုတ်ပါ

False နိုင်ငံရေး | Politics

အမျိုးသားညီညွှတ်ရေးအစိုးရ(NUG) နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်ကို လက်နက်အကူအညီပေးလိုက် တယ်လို့ဆိုထားတဲ့ ဗွီဒီယိုပို့စ်တစ်ခု ဖေ့စ်ဘွတ် အသုံးပြုသူတွေအကြား ပျံ့နှံ့မှုအားကောင်းလျှက်ရှိပါတယ်။ ဗွီဒီယိုထဲမှာ ဇူလိုင်လ ၁ ရက်မှာ ကျင်းပခဲ့တဲ့ တီမောလက်စတေးနိုင်ငံသမ္မတ ကျမ်းသစ္စာကြိမ်ဆိုပွဲ ဒေါ်ဇင်မာ အောင်တက်ရောက်တဲ့ ဓာတ်ပုံနဲ့အတူ  ဒီလိုရေးသားထားတာဖြစ်ပါတယ်။ နားလည်မှုလွဲစေနိုင်တဲ့ သတင်း ခေါင်းစဉ်တုဖြန့်ချိမှုဖြစ်တယ်။

အောက်ပါစာသားတွေကတော့ ပျံ့နှံ့မှုအားကောင်းနေတဲ့ ပို့စ်ပါစာသားကောက်နုတ်ချက်ဖြစ်ပါတယ်။ “ဒေါ်ဇင်မာအောင်ကိုလက်နက်အကူညီပေးဖို့ဆုံးဖြတ်ချက်ချလိုက်လို့ မအလနဲ့စစ်အုပ်စုတို့ရဲ့ကျရှုံးခန်းရောက်ပြီ”

တူညီတဲ့ရေးသားမျှဝေမှုကို ယူကျူ့ရဲ့ ဒီနေရာမှာလည်း ရေးသားထားပါတယ်။

မူရင်းလင်ခ့် – Fb link | Archive link

အချက်အလက်စိစစ်ချက်

အခု ဒီဗွီဒီယိုထဲမှာပါတဲ့အကြောင်းအရာဟာ တီမောက အခုလို NUG ကို သမ္မတကျမ်းသစ္စာကျိန်ဆို အခမ်းအနား တစ်ခုကို တက်ရောက်ဖို့ ဖိတ်ကြားမှုဟာ မြန်မာစစ်အာဏာသိမ်းအစိုးရအတွက် အကြီးအကျယ်ထိုးနှက်ချက် တစ်ခုဖြစ်တဲ့အကြောင်း၊ စစ်အုပ်စုဟာ နိုင်ငံရေး၊ စစ်ရေးမှာ ရှုံးနေတဲ့အကြောင်း အတွေးအမြင် ဖေ့စ်ဘွတ်ပို့စ်တခု ကို ပြန်လည်ဖတ်ကြားနေခြင်းဖြစ်တယ်။

 ဇူလိုင်လ ၁ ရက်မှာ ကျင်းပတဲ့ တီမောလက်စတေး(Timor Leste)နိုင်ငံ သမ္မတ ဟိုဆေးရားမို့စ်ဟော်တာ(José Ramos-Horta)ရဲ့ သမ္မတ ကျမ်းသစ္စာကျိန်ဆိုပွဲကို NUG နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်တက်ရောက်ခဲ့ တာတွေ့ရပြီး  တီမောသမ္မတနဲ့ လည်းတွေ့ဆုံခဲ့တာတွေ့ရပါတယ်။ ‌ဒီတွေ့ဆုံမှုမှာ တီမောသမ္မတကို နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်ပုံတူပန်းချီကားပေးအပ်ခဲ့ကြောင်း NUG ဘက်ထုတ်ပြန်ထားပါတယ်။ ထုတ်ပြန်ချက်အပြည့်အစုံကို NUG နိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ ဖေ့စ်ဘွတ်စာမျက်နှာမှာ ကြည့်ပါ။ 

မူရင်းလင်ခ့် – Ministry of Foreign Affairs – Myanmar – NUG | Archive link

တီမောသမ္မတ ဟိုဆေးရားမို့စ်ဟော်တာနဲ့ တွေ့ဆုံမှုကို ဒေါ်ဇင်မာအောင်က လွတ်လပ်တဲ့ မြန်မာအသံနဲ့ မေးမြန်းမှုမှာဖြေကြားရာမှာလည်း  မြန်မာပြည်မှာ လက်ရှိဖြစ်ပျက်နေတာတွေကို ‌ဆွေးနွေးခဲ့ပြီး မြန်မာနိုင်ငံ အရေးကိစ္စအတွက် နိုင်ငံတကာမှာ ဆောင်ရွက်နိုင်မယ့်နည်းလမ်းတွေကို ဆွေးနွေးခဲ့ကြောင်းပြောပါတယ်။ လက်နက်အကူအညီအကြောင်း ဒေါ်ဇင်မာအောင်က တစ်စုံတစ်ရာမပြောပါဘူး။ ဒီလင့်ခ်နဲ့ ဒီလင့်ခ်မှာ ကြည့်ပါ။

သုံးသပ်ချက်

ဒေါ်ဇင်မာအောင်က လက်နက်အကူအညီရရှိခဲ့တဲ့အကြောင်း ပြောကြားချက် အထောက်အထားမရှိသလို တီမော သမ္မတနဲ့ တွေ့ဆုံမှုမှာလည်း ဒီအကြောင်း ဆွေးနွေးတဲ့အထောက်အထားမရှိပါဘူး။  နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်ကို လက်နက်အကူအညီပေးလိုက်တယ်ဆိုတာ သတင်းတုဖြန့်ချိနေခြင်းဖြစ်တယ်။

ပြောဆိုချက်- NUG နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်ကို တီမောက လက်နက်အကူညီပေး

Avatar

Title:Fact Check: ဒေါ်ဇင်မာအောင်ကို တီမောက လက်နက်အကူအညီပေးသလား-မဟုတ်ပါ

Written By: နေရာမောင် 

Result: False


Leave a Reply

Your email address will not be published. Required fields are marked *