ဒုတိယစစ်ခေါင်းဆောင် ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်း မန္တလေးနန်းတွင်းမှာ ဗုံးကြဲခံရပြီး သေမသေ မသိရသေး ဘူးဆိုတဲ့ ဗွီဒီယိုတခု ယူကျူ့မှာဖြန့်ဝေထားရာ ပျံ့နှံ့မှုအားကောင်းနေပါတယ်။ သတင်းတုတခု သာဖြစ်တယ်။

အောက်ပါစခရင်ရှော့နဲ့ စာသားကတော့ ပျံ့နှံ့မှုအားကောင်းနေတဲ့ ယူကျူ့ဗွီဒီယိုပို့စ်က ရယူထားခြင်းဖြစ်တယ်။

“ဗိုလ်ချုပ်စိုးဝင်း ဇာတ်သိမ်းပြီဟေ့

ဒု-စစ်ခေါင်းဆောင်စိုးဝင်း မန္တလေးနန်းတွင်မှာဗုံးကြဲခံရ

သေမသေမသိရသေး(ပွဲဆူပြီဟေ့)”

C:-Users-User-Downloads-Firefox_Screenshot_2024-08-21T12-17-07.955Z.png

မူရင်းလင်ခ့် – Youtube link | Archive link

အချက်အလက်စိစစ်ချက်

သတင်းလုပ်ငန်းအဓိကလုပ်ကိုင်နေတဲ့ မီဒီယာတွေမှာ ဒီသတင်းဖော်ပြချက်မျိုးမရှိပါဘူး။ ဗွီဒီယိုဖြန့်ဝေနေတဲ့ “Khit Thit News”အမည်နဲ့ ယူကျူ့ချန်နယ်ဟာ သတင်းမီဒီယာတချို့မှာဖော်ပြခဲ့ပြီးဖြစ်တဲ့ သတင်းတွေကို ပြန်လည်ကူးယူဖော်ပြတာ၊ ဖေ့စ်ဘွတ် အသုံးပြုသူတွေ မျှဝေတဲ့ အတွေးအမြင်တွေကို ပြန်လည်ဖြန့်ချိတာ တွေလုပ်ရာမှာ အခုလိုပဲ နားလည်မှုလွဲစေနိုင်တဲ့ သတင်းခေါင်းစဉ်တုတပ်ပြီး ဖြန့်ချိလေ့ရှိပါတယ်။ ဒီချန်နယ်နဲ့ ပတ်သက်ပြီး Fact Crescendo Myanmar ရဲ့ အချက်အလက်စိစစ်ချက်တွေကို ဒီလင့်ခ်မှာ ကြည့်ပါ။

စာသားနဲ့အတူ အခုလည်း ဗွီဒီယိုထဲမှာပါတဲ့အကြောင်းအရာဟာ ဧရာဝတီတိုင်မ်းသတင်းဌာနကဖော်ပြခဲ့တဲ့ “ဒုချုပ်စိုးဝင်း၏ နိုင်ငံတော်အဆင့် အောင်ဇေယျစစ်ကြောင်းကြီး ဖွဲ့စည်းပုံပျက်ကာ တပ်ဆုတ်ခဲ့ပြီးနောက် ‌ဆင်ဖြူရှင်စစ်ကြောင်းကို ထပ်မံဖွဲ့စည်းပြန်”ဆိုတဲ့ သတင်းနဲ့ “ပခုက္ကူ - ကမ္မ ကားလမ်းပိုင်းရှိ ညောင်ဂျစ်ပင်ရွာ စစ်တပ် ဂိတ်စခန်းကို PDF တိုက်ခိုက်မှု”စတဲ့ သတင်းတွေကို ဖော်ပြထားတယ်။

C:-Users-User-Downloads-Untitled.png

သုံးသပ်ချက်

မန္တလေးနန်းတွင်းမှာ ဒုတိယစစ်ခေါင်းဆောင် ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်း ဗုံးကြဲခံရတယ်ဆိုတဲ့ အထောက်အထားမရှိချိန်မှာ ဗွီဒီယိုထဲမှာဖော်ပြထားတဲ့ အကြောင်းအရာဟာ ဗွီဒီယိုထဲမှာပါတဲ့အကြောင်း အရာဟာ ကရင်ပြည်နယ်ကို ထိုးစစ်ဆင်တဲ့ အောင်ဇေယျစစ် ကြောင်းကြီး ဖွဲ့စည်းပုံပျက်ကာ တပ်ဆုတ်ခဲ့ရပေမဲ့ ‌ဆင်ဖြူရှင်စစ်ကြောင်းကို ထပ်မံဖွဲ့စည်းပြန်တယ်ဆိုတဲ့ ဧရာဝတီတိုင်မ်းသတင်းဌာနကဖော်ပြခဲ့တဲ့ သတင်းကို ပြန်လည်ဖော်ပြထားတယ်။ “Khit Thit News”အမည်နဲ့ ယူကျူ့ချန်နယ်ဟာ အခုလိုပဲ သတင်းခေါင်းစဉ်တု တပ်ဖြန့်ချိလေ့ရှိတယ်။

Avatar

Title:Fact Check: ဒုတိယစစ်ခေါင်းဆောင် ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်း မန္တလေးနန်းတွင်းမှာ ဗုံးကြဲတိုက်ခိုက်ခံရဆိုတဲ့ သတင်းတု

Written By: နေရာမောင်

Result: False