Fact Check: မင်းအောင်လှိုင်ဆီက စစ်တပ်ခေါင်းဆောင် ဗိုလ်ချုပ်ကြီးရဲဝင်းဦး အာဏာပြန်လုတဲ့ သတင်းတု
စစ်ခေါင်းဆောင်ဟောင်း မင်းအောင်လှိုင်ရဲ့ အမိန့်ကို ဖီဆန်ပြီး လက်ရှိစစ်တပ်ခေါင်းဆောင် ဗိုလ်ချုပ်ကြီးရဲဝင်းဦး က အာဏာပြန်လုလိုက်ပြီနောက် ပစ်ခတ်မှုဖြစ်ပွားခဲ့တယ်ဆိုတဲ့ ဗွီဒီယိုတခု ယူကျူ့ချန်နယ်တခုက မျှဝေထားတာမှာ ပျံ့နှံ့မှု အားကောင်း နေတယ်။ သတင်းတုသာဖြစ်တယ်။ ပျံ့နှံ့မှုအားကောင်းနေတဲ့ ပို့စ်တခုက ရယူထားတဲ့ စခရင်ရှော့ဓာတ်ပုံနဲ့ စာသားကောက်နုတ်ချက်ကို အောက်မှာကြည့်ပါ။ “နေပြည်တော် စစ်ရုံး သေနပ်သံတွေ ဆူညံနေ ရဲဝင်းဦးနဲ့ စိုးဝင်း လက်ဦးမှု ရယူ အာဏာမက်တဲ့ မင်းအောင်လှိုင် နားကားပြီ နေပြည်တော် အာဏာလုပွဲ ပြင်းထန်” (မူရင်းအရေးအသား) Original link | Archive link အချက်အလက်စိစစ်ချက် ဗွီဒီယိုဖြန့်ဝေထားတဲ့ “Mandalay Khitthit”ယူကျူ့ချန်နယ်ဟာ လုပ်ကြံရေးသားပြောဆိုထားတဲ့ သတင်းတွေနဲ့ သတင်းမီဒီယာတချို့မှာ ဖော်ပြခဲ့ပြီးဖြစ်တဲ့ သတင်းကို ရောနှောဖြန့်ချိလေ့ရှိပါတယ်။ ဒီချန်နယ်က သတင်းတု ဖြန့်ဝေမှုတွေကို […]
Continue Reading
