Fact Check: ဩဇာသီးနဲ့သံပုရာရည်တွဲစားမိရင်သေတယ်ဆိုတဲ့ သတင်းမှားပျံ့နှံ့

False ကျန်းမာရေး၊ | Health

ဩဇာသီးနဲ့သံပုရာရည်တွဲမိရင်သေနိုင်တယ်လို့ဆိုတဲ့ ပို့စ်တခု ဖေ့စ်ဘွတ်အသုံးပြုသူတွေအကြား ပျံ့နှံ့မှုအား ကောင်းလျှက်ရှိပါတယ်။ တကယ်တော့ ယုံတမ်းစကားတခုသာဖြစ်တယ်။ Fact Crescendo Myanmar အနေနဲ့ အစားအသောက်နှစ်ခုတွဲစားမိရုံနဲ့သေတယ်ဆိုတာ မဟုတ်ကြောင်း အချက်အလက်စိစစ်ဖော်ပြပြီး ဖြစ်ပါတယ်။

အောက်ပါစာသားနဲ့ စခရင်ရှော့ကတော့ ပျံ့နှံ့မှုအားကောင်းနေတဲ့ ဖေ့စ်ဘွတ်ပို့စ်က ရယူထားခြင်းဖြစ်ပါတယ်။ တူညီတဲ့ရေးသားမျှဝေမှုကို ဒီနေရာဒီနေရာဒီနေရာနဲ့ ဒီနေရာမှာလည်းတွေ့ရပါတယ်။

“သတိ ..! ဒီရာသီမှာ အထူးသတိထားပါ

👽☠💀

 ဩဇာသီး​ လေး ငါးလုံးစားပြီး

နည်းနည်း ခေါင်းမူးလာလို့

သံပုရာရည်သောက်လိုက်တဲ့ မိတ်​ဆွေ

သံပုရာရည်တောင် မကုန်သေးဘူး

နေရာမှာတင် ပွဲချင်းပြီး သေသွားတယ်။

သိဖို့က ဩဇာသီးနဲ့သံပုရာရည်တွဲမိရင်

သေတတ်ပါတယ် ။

Source. ဆရာမောင် page”

မူရင်းလင်ခ့် – Fb link | Archive link

အချက်အလက်စိစစ်ချက်

ဒီလိုပဲ အစားအစာနှစ်ခုကို တွဲဖက်စားသောက်မိရုံနဲ့သေစေနိုင်တဲ့ အစားအသောက်တွေဆိုပြီးတော့ နေ့စဉ် စားသုံးနေကြအစားအသောက်တွဲတွေ ပျံ့နှံ့ခဲ့ ဖူးပါတယ်။ အခုလို မြန်မာလူထုအကြား ပျံ့နှံ့နေတဲ့ အစား အသောက်တွဲဖတ်စားသောက်မှုနဲ့ ပတ်သက်ပြီး အခြေအမြစ်မရှိဘဲ အယူသီးမှုတွေ အကြောင်း အမေရိကန် အခြေစိုက် VICE မီဒီယာကလည်း ၂၀၁၈ ခုနှစ်ထဲမှာ ဝေဖန်ရေးသား ဖူးပါတယ်။ ဒီလင့်ခ်မှာ ကြည့်ပါ။

တကယ်တော့ အစားအသောက် ၂ ခုကို တွဲစာမိရုံနဲ့ သေနိုင်တယ်ဆို တာမဟုတ်ဘူးလို့ ဆေးဘက်ဆိုင်ရာ အသိ ပညာ ပေးဆောင်းပါးတွေရေးသားတဲ့ Hello Sayarwon က ဒေါက်တာသူရိန်လှိုင်ဝင်းကို Fact Crescendo Myanmar က ၂၀၂၀ ခုနှစ်မှာအတည်ပြုခဲ့ပါတယ်။ တကယ်တော့ အခုလိုမျိုး အစားအစားတခု သို့မဟုတ် ၂ ခုကို စားရင်း သေဆုံးရမှုဟာ မူလရောဂါအခံတွေ ကြောင့်ဖြစ်နိုင်ပြီး အစားအသောက် ၂ ခုဓာတ် မတည့်လို့ ဓာတ်ပြု သေဆုံးရခြင်းမျိုးမဟုတ်ကြောင်း သူက ရှင်းလင်းပြဖူးပါတယ်။ အချက်အလက်စိစစ်ချက်ကို ဒီလင့်ခ်မှာ ကြည့်ပါ။ တကယ်‌တော့ သေဆုံးရမှုအကြောင်းအရင်းဟာ ဆီးချိုရောဂါ၊ နှလုံးရောဂါလို ရောဂါအခံရှိ နေချိန်မှာ သကြား ပမာဏများတဲ့ အစားအသောက်ကြောင့် ဆီးချိုတက်သေဆုံးရတာ၊ စားသောက်နေရင် နှလုံးရောဂါဖောက်လာပြီး သေဆုံးရတာမျိုးလို့ သူက ရှင်းပြပါတယ်။  

ပြည်တွင်းမှာဖြစ်စေ ပြည်ပမှာဖြစ်စေ ဒီလိုမျိုး ဩဇာသီးနဲ့ သံပုရာရည်တွဲသောက်မိရင်း သေဆုံးရကြတဲ့ အကြောင်း ယုံကြည်ရလောက်တဲ့ အဖွဲ့အစည်းတခုခု သို့မဟုတ် သတင်းဌာနတခုခုက ဖော်ပြချက် Fact Crescendo Myanmar အနေနဲ့ မတွေ့ရပါဘူး။

သုံးသပ်ချက်

အစားအသောက် ၂ ခုတွဲဖက်စားသောက်လို့ သေဆုံးရတယ်ဆိုတာ ယုံတမ်းစကားတခုသာဖြစ်တယ်။ တကယ် တော့ အစားအသောက် ၂ ခုမတည့်လို့ သေဆုံးရခြင်းဆိုတာမဟုတ်ဘဲ စားသုံးသူဟာ  ဆီးချိုရောဂါရှိ သူအတွက် သကြားဓာတ်လွန်ကဲခြင်းလို နှလုံးရောဂါလို ရောဂါအခံရှိထားသူအတွက် နှလုံးရုတ်တရက် ဖောက်ပြန်ခြင်း ကြောင့် သေဆုံးခြင်းဖြစ်နိုင်ပါတယ်။

Avatar

Title:Fact Check: ဩဇာသီးနဲ့သံပုရာရည်တွဲစားမိရင်သေတယ်ဆိုတဲ့ သတင်းမှားပျံ့နှံ့

Written By: နေရာမောင် 

Result: False


Leave a Reply

Your email address will not be published. Required fields are marked *