လက်ရှိပဋိပက္ခအတွင်း အစ္စရေးတိုက်လေယာဉ်တွေကို ပါလက်စတိုင်းတွေက ကားနဲ့ဆွဲယူနေပုံလို့ဆိုထားတဲ့ ဗွီဒီယိုတခု ဖေ့စ်ဘွတ်အသုံးပြုသူတွေအကြား ပျံ့နှံ့မှုအားကောင်းနေတာဟာ နားလည်မှုလွဲစေနိုင်တဲ့ သတင်းမှား တခုသာဖြစ်တယ်။ ဒီဗွီဒီယိဟာ လက်ရှိပဋိပက္ခမတိုင်ကတည်းက အွန်လိုင်းမှာ ပျံ့နှံ့လျက်ရှိတဲ့ ဗွီဒီယိုတခု ဖြစ်တယ်။

အောက်ပါစာသားတွေကတော့ ပျံ့နှံ့မှုအားကောင်းနေတဲ့ ပို့စ်ပါစာသားကောက်နုတ်ချက်ဖြစ်ပါတယ်။

“ဂါဇာအနီးက အစ္စရေးတိုက်လေယာဉ်တွေကို ပါလက်စတိုင်းတွေက ကားနဲ့ဆွဲယူ”

တူညီတဲ့ရေးသားမျှဝေမှုကို ဒီနေရာနဲ့ ဒီနေရာမှာလည်းတွေ့ရပါတယ်။

မူရင်းလင်ခ့် – Fb link | Archive link

အချက်အလက်စိစစ်ချက်

ဗွီဒီယိုကို Google မှာပုံရှာနည်းနဲ့ အဓိကကျတဲ့စကားလုံးအချို့အသုံးပြုရှာဖွေနည်းနဲ့ ရှာကြည့်ရာမှာ ဒီဓာတ်ပုံဟာ စက်တင်ဘာလကတည်းက သတင်းဖော်ပြချက်တခုမှာတွေ့ရပါတယ်။ စက်တင်ဘာ ၁၅ ရက်က အစ္စရေး တောင်ပိုင်းမှာ F-16 တိုက်လေယာဉ် ၂ စီးကို ကားနဲ့သယ်နေတဲ့ ဗွီဒီယိုဖိုင်ဖြစ်တယ်။ ဒီဗွီဒီယိုဟာ အိက်(စ်)(X)လို့အမည်ပြောင်းထားတဲ့ တွစ်တာမှာ အဲဒီအချိန်က ပျံ့နှံ့ခဲ့တာကို ဒီလင့်ခ်နဲ့ ဒီလင့်ခ်မှာကြည့်ပါ။

မူရင်းလင်ခ့် – Sprinter | Archive link

လက်ရှိ အစ္စရေးနဲ့ပါလက်စတိုင်းအကြားပဋိပက္ခဟာ ပြီးခဲ့တဲ့စနေနေ့(အောက်တိုဘာ ၇ ရက်)က ဂါဇာ ကမ်းမြောင်ကနေ ဟားမက်စ်(Hamas)အုပ်စုက အစ္စ‌ရေးတောင်ပိုင်းကို ဒုံးကျည်တွေနဲ့ မြေပြင်က ဝင်ရောက်တိုက်ခိုက်ခဲ့တာကနေ စတင်ပါတယ်။

သုံးသပ်ချက်

စက်တင်ဘာ ၁၅ ရက်က အစ္စရေး တောင်ပိုင်းမှာ F-16 တိုက်လေယာဉ် ၂ စီးကို ကားနဲ့သယ်နေတဲ့ ဗွီဒီယိုဖိုင် သာဖြစ်တယ်။ ဗွီဒီယိုဟာ လက်ရှိ အစ္စရေးနဲ့ပါလက်စတိုင်းအကြား ပဋိပက္ခနဲ့သက်ဆိုင်ခြင်းမရှိပါဘူး။

ပြောဆိုချက်- လက်ရှိပဋိပက္ခမှာ ဂါဇာအနီးက အစ္စရေးတိုက်လေယာဉ်တွေကို ပါလက်စတိုင်းတွေက ကားနဲ့ဆွဲယူနေစဉ်

Avatar

Title:Fact Check: လက်ရှိပဋိပက္ခအတွင်း အစ္စရေးတိုက်လေယာဉ်တွေကို ပါလက်စတိုင်း တွေက ကားနဲ့ဆွဲယူနေပုံလား- မဟုတ်ပါ

Written By: နေရာမောင်

Result: Misleading