Fact Check: စစ်တပ်ခန့် သမ္မတဦးမြင့်ဆွေ သေဆုံးမှု သတင်းတု

နိုင်ငံရေး | Politics

စစ်တပ်ခန့် သမ္မတဦးမြင့်ဆွေ သေဆုံးပြီလို့ဆိုပြီး ဗွီဒီယိုပို့စ်တစ်ခု ဖေ့စ်ဘွတ်အသုံးပြုသူတွေအကြား ပျံ့နှံ့မှုအားကောင်းလျှက်ရှိပါတယ်။ သတင်းတုဖြန့်ချိနေခြင်းဖြစ်တယ်။

အောက်ပါစာသားတွေကတော့ ပျံ့နှံ့မှုအားကောင်းနေတဲ့ ပို့စ်ပါစာသားကောက်နုတ်ချက်ဖြစ်ပါတယ်။ တူညီတဲ့မျှဝေမှုကို ဒီနေရာမှာလည်းတွေ့ရပါတယ်။

“စစ်ကောင်စီ သမ္မတ ဦးမြင့်ဆွေ နာရေးသတင်း

သေဆုံး

MRTV အတည်ပြုလိုက်ပြီ (ရုပ်/သံ)

ပြည်သူ့ကြိမ်စာဆူးပြီး ဝ၌လည် သေဆုံးပြီ”

မူရင်းလင်ခ့် – Youtube link | Archive link

အချက်အလက်စိစစ်ချက်

သတင်းလုပ်ငန်းအဓိကလုပ်ကိုင်နေတဲ့ မီဒီယာတွေမှာ ဒီသတင်းဖော်ပြချက်မရှိပါဘူး။ သတင်းမီဒီယာတချို့မှာ ဖော်ပြခဲ့တဲ့ သတင်းတွေကို ပြန်လည်ကူးယူဖော်ပြလေ့ရှိတဲ့ အခုဗွီဒီယိုကို ဖြန့်ဝေထားတဲ့ “Local Celegram”အမည်နဲ့ ယူကျူ့ချန်နယ်ဟာ လူထုအကြား ပျံ့နှံ့ခဲ့ပြီးဖြစ်တဲ့ သတင်းတွေကိုပဲ ခေါင်းစဉ်လွဲ သို့မဟုတ် လိုအပ်သလို သတင်းခေါင်းစဉ်တုတပ်ကာ ဗွီဒီယိုပုံစံနဲ့ ပြန်လည် ဖြန့်ချိလေ့ရှိသလို တခါတရံမှာ လုပ်ကြံရေးသားချက်တွေချည်းလည်း ဖြန့်ဝေလေ့ရှိတယ်။

အခုလည်း ဒီလိုပဲ စစ်တပ်ခန့် သမ္မတဦးမြင့်ဆွေသေဆုံးမှုသတင်းကို MRTV ကြေညာပြီဆိုပေမဲ့ ဒီလိုကြေညာခဲ့ တယ်ဆိုတဲ့အထောက်အထား မတွေ့ရပါဘူး။ ဗွီဒီယိုထဲမှာ “စစ်ကောင်စီရဲ့ သမ္မတဖြစ်တဲ့ ဦမြင့်ဆွေနော် နေမကောင်းအကြီးအကျယ်ဖြစ်ပြီးတော့ သူ့ဘဝနောက်ဆုံးအခြေအနေတောင် ရောက်နေပြီ ဆိုပြီးတော့ သတင်းတွေထွက်ပေါ်နေပါတယ်”လို့ ဖတ်ကြားခဲ့ပေမဲ့ ဗွီဒီယိုထဲက စာတမ်းထိုးမှာတော့ “စစ်ကောင်စီသမ္မတဦးမြင့်ဆွေ သေဆုံး (ရုပ်/သံ)ဆိုပြီးတော့ ဖော်ပြခဲ့ပါတယ်။  သတင်းဌာနတခုဖြစ်တဲ့ ရန်ကုန်ခေတ်သစ်သတင်းဌာနကတော့ “စစ်ကောင်စီ၏ ယာယီသမ္မတ မြင့်ဆွေ မေလဆန်းပိုင်းမှစတင်၍ ကျန်းမာရေးမကောင်းဖြစ်နေ”ဆိုပြီး စစ်တပ်သတင်းရင်းမြစ်ကို ကိုးကားပြီး သတင်းကို ဖော်ပြခဲ့ပါတယ်။ ဒီသတင်းမှာပဲ သေဆုံးပြီလို့ သတင်းထွက်နေပေမဲ့ မသေသေးကြောင်းလည်း စစ်တပ်သတင်းရင်းမြစ်က ပြောတယ်လို့ ဖော်ပြတယ်။

သုံးသပ်ချက်

စစ်တပ်ခန့် သမ္မတဦးမြင့်ဆွေ သေဆုံးပြီလို့ဆိုပြီဆိုတာ မဟုတ်ပါဘူး။ “Local Celegram”အမည်နဲ့ ယူကျူ့ ချန်နယ်ဟာ ပျံ့နှံ့ခဲ့ပြီးဖြစ်တဲ့ သတင်းတွေကိုပဲ ခေါင်းစဉ်လွဲ သို့မဟုတ် လိုအပ်သလို သတင်း ခေါင်းစဉ်တုတပ် ဖြန့်ချိသလို တခါတရံမှာ လုပ်ကြံရေးသားချက် တွေချည်းလည်း ဖြန့်ဝေလေ့ရှိတယ်။

Avatar

Title:Fact Check: စစ်တပ်ခန့် သမ္မတဦးမြင့်ဆွေ သေဆုံးမှု သတင်းတု

Written By: နေရာမောင် 

Result: False


Leave a Reply

Your email address will not be published. Required fields are marked *