၂၄ နာရီ လျှပ်စစ်မီးပေးမယ်လို့ စစ်တပ်က သူတို့ထိန်းချုပ်ထားတဲ့ MRTV ရုပ်သံသတင်းက တဆင့် ကြေညာခဲ့တယ်လို့ ဆိုထား ပို့စ်တစ်ခု ဖေ့စ်ဘွတ်အသုံးပြုသူတွေအကြား ပျံ့နှံ့မှုအားကောင်းလျှက်ရှိပါတယ်။ ဒီပို့စ်တွေမှာ လူမှုကွန်ယက်အသုံးပြုသူတွေရဲ့ တုန့်ပြန်မှုကို လေ့လာရာမှာ အများစုက သရော်စာ တခုအဖြစ်သာ နားလည်ပေမဲ့ တချို့ကတော့ လျှပ်စစ်မီး ၂၄ နာရီ ပေးမယ်လို့ အမှန်တကယ်ကြေညာခဲ့သလားဆိုတာကို ဝေခွဲမရဖြစ်နေတာတွေ့ရပါတယ်။

အောက်ပါစာသားတွေကတော့ ပျံ့နှံ့မှုအားကောင်းနေတဲ့ ပို့စ်ပါစာသားကောက်နုတ်ချက်ဖြစ်ပါတယ်။ တူညီတဲ့ရေးသားမျှဝေမှုကို ဒီနေရာနဲ့ ဒီနေရာမှာလည်းတွေ့ရပါတယ်။

“(၂၄)နာရီ လျှပ်စစ်မီး အပြည့်အဝ ပေး​တော့မည်ဖြစ်၍

မီတာခကိုပါ တိုးမြှင့်ကောက်ခံသွားမည်ဖြစ်ကြောင်း

ကြေညာသွားသည်။😳😳”

C:-Users-User-Downloads-Untitled.png

မူရင်းလင်ခ့် – Fb link | Archive link

အချက်အလက်စိစစ်ချက်

ဒီလိုမျှဝေထားတဲ့ အကြောင်းအရာဟာ သရော်ထားခြင်းသာဖြစ်ပါတယ်။ ဒီလို ရေးသားမျှဝေထားတဲ့ ဖေ့စ်ဘွတ်အကောင့်ကိုလေ့လာကြည့်မယ်ဆိုရင်လည်း ဟာဟဆန်ဆန်ပို့စ်တွေကို အဓိက မျှဝေလေ့ရှိတာ တွေ့ရပါတယ်။

နောက်တချက်ကတော့ ဒီလို ၂၄ နာရီ လျှပ်စစ်မီးပေးမယ်လို့ ကြေညာထားတဲ့ ဓာတ်ပုံကို ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ အစောပိုင်းမှာကတည်းက တွေ့နိုင်ပါတယ်။

ဒီဓာတ်ပုံဟာ စက်သုံးဆီ‌ဈေးလျော့ရောင်းတော့မယ်လို့ ‌ကြေညာ၊ ရန်ကုန်တိုင်းဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းရဲ့ ပြောကြားချက်ဟာ မူလအသံနဲ့ ကွဲပြားခြင်းမှာ စိတ်အသံဖမ်းစက်က ဖမ်းထားခြင်းဖြစ်ကြောင်း ကြေညာစတဲ့ သရော်ပို့စ်တွေမှာလည်း မကြာခဏ တွေ့ရပါတယ်။

စစ်ကောင်စီက လျှပ်စစ်ဓာတ်အားက တိုးမြှင့်မယ်လို့ကြေညာချက်မှာလည်း လျှပ်စစ် မီးအပြည့်အဝရရှိဖို့ အတွက်ဆိုတဲ့ ပြောဆိုချက်မပါဝင်ဘဲ လျှပ်စစ်ထုတ်လုပ်မှုစရိတ်ကြီးမြင့်လာတာကြောင့် ဓာတ်အားက တိုးမြှင့်ကောက်ခံခြင်းဖြစ်တယ်လို့ ဖော်ပြခဲ့တာတွေ့ရတယ်။

သုံးသပ်ချက်

သရော်စာပို့စ်တခုသာဖြစ်တယ်။ စစ်ကောင်စီက ၂၄ နာရီမီးပေးနိုင်ဖို့ လျှပ်စစ်ဓာတ်အားခတိုးမြှင့်ကြောင်း ထိန်းချုပ်ထားတဲ့ ရုပ်သံက ကြေညာတဲ့ ဓာတ်ပုံကို ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ အစောပိုင်းမှာကတည်းက တွေ့နိုင်ပါတယ်။ စစ်ကောင်စီကြေညာတဲ့အထဲမှာ လျှပ်စစ်ထုတ်လုပ်မှုစရိတ်ကြီးမြင့်လာတာကြောင့် ဓာတ်အားက တိုးမြှင့်ကောက်ခံတယ်လို့ ကြေညာတာသာရှိပြီး ၂၄ နာရီ မီးပေးမယ်ဆိုတာ တော့ မဟုတ်ပါဘူး။

ပြောဆိုချက်-စစ်ကောင်စီက ၂၄ နာရီမီးပေးနိုင်ဖို့ လျှပ်စစ်ဓာတ်အားခတိုးမြှင့်ကြောင်း ထိန်းချုပ်ထားတဲ့ ရုပ်သံက ကြေညာ

Avatar

Title:Fact Check: ၂၄ နာရီ လျှပ်စစ်မီးပေးမယ်လို့ စစ်တပ်ထိန်းချုပ်ထားတဲ့ ရုပ်သံက ကြေညာခဲ့သလား- မဟုတ်ပါ

Fact Check By: နေရာမောင်

Result: Satire